* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 25, 2009

အလကားမရ


သင့်​အောင်မြင်​မှုနှင့် စိတ်​ချမ်းသာမှုကို သင်​ကိုယ်​တိုင်​ပင် ​တောင်းဆိုယူရလိမ့်မည်။
 လောကသည် သင့်အား ဘာကိုမျှ အသားလွတ်​ပေးမည် မဟုတ်။ ဘယ်​သူကမျှ သင့်ဆီလာပြီး အသာ ပခုံးပုတ်​ကာ ​၊ အခွင့်အ​ရေး​တွေ ဟု​ပေးမည်​မဟုတ်။ ပခုံးပုတ်၍ လှည့်အကြည့်တွင် မျက်​နှာကို လက်​သီးပြင်းပြင်းနှင့် ထိုးထည့်လိုက်ခြင်းမျိုးသာ သင် ခံချင် ခံရနိုင်​သည်။

အလကား ရနိုင်​တာ ဒါမျိုးပဲ ရှိသည်။

ဒါကို လူအများလည်း သိကြသည်သို့ ​သော် ဒါကိုသိလျက် သူတို့  ဘယ်​လို​တွေးကြသနည်း။ ဘယ်​သူကမှ ငါ့ကို မကူညီလျှင် ငါဘယ်​မှာ ​အောင်မြင်​နိုင်​မည်​လဲ ဟူ၍ပဲ ​တွေးသည်။

မှားပြန်​ပါပြီ။

မည်​သူမျှသင့်ထံလာပြီး အခွင့်အ​ရေး​တွေ မ​ပေး​တော့ဘူးဆို​တော့​ကော ဘာဖြစ်​သနည်း။

သင့်အား ​အောင်မြင်​သူ တစ်ဦ်းဘဝ ​ရောက်​ရှိ​အောင် တွန်းပို့ မောင်းနှင်​ပေးမည့် စွမ်းအား​တွေ သင့်ကိုယ်​ထဲမှာ အပြည့်ရှိ​နေသည်။ သင်၌ လိုအပ်​နေသည်​မှာ သင်​သည် ဤ​လောက၌ ထိုက်​တန်​သော တစ်​နေရာကို ရပိုင်​ခွင့်ရှိသည်​ဟူ​သော ယုံကြည်​ချက်​နှင့် ထိုအရာကို ရ​အောင် ယူမည်​ဟူ​သော ခိုင်​မာသည့် စိတ်ဓါတ်တို့ သာ ဖြစ်​သည်။

ဒါ​တွေကို တခြားက မရနိုင်။ သင့်ကိုယ်​တိုင်​ထံမှပင် ​တောင်းခံယူရ​ပေမည်။

----

ကိုယ့်အား ကိုယ်​ကိုး

သင့်အား မည်​သူမျှ အ​ပေါ်အမြင့်သို့ ​ရောက်​အောင်ကြိုးဖြင့် ဆွဲမတင်​နိုင်။ကြိုးကိုကြာကြာ ဆုပ်​ကိုင် မထားနိုင်​သော အကြောင်းကြောင့်ပင် သင်ပြုတ်​ကျမည်ဖြစ်၏။ သို့​သော် ကိုယ့်​ခြေ​ထောက်​ပေါ်ကိုယ် ရပ်၍တက်​လျှင်​ကား အမြင့်ဆုံး​တောင်​ထိပ်​သို့ ​ရောက်​အောင်​ပင် သင်​တက်​နိုင်​မည်ဖြစ်​သည်။

(​ဖေမြင့်၏ ကိုယ့်ထူးကိုယ်​ချွန်​သမားများအတွက် လက်​စွဲစကားများ စာအုပ်​မှ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP