ရလဒ်
Sep 25th, 2009 by Mg Ogga
ကမ္ဘာမြေရေ
မင်းအတွက်ပေးဆပ်ခဲ့တဲ့ကောင်
ခေါင်းခေါင်းမာမာနဲ့
ဘလော့ဂါဆိုတဲ့ ၀ိသေသလေးကို
ရွှေးချယ်ခဲ့တာပါ။
ငါဟာ နာကျင်ခြင်းတွေခပ်များများနဲ့
လည့်ကွက်ဆန်ဆန် ယန္တာရားအောက်မှာ
ဘယ်လို ထူထောင်ဆောက်တည်ရမှန်းမသိတဲ့
အမှောင်မှာ အိမ်ပြန်တော့မယ့်သူ
ကြယ်တွေမသိ လားရာမရှိ
အချိန်တွေတတိတိကုန်နေ
မင်းရဲ့မေတ္တာတရားကို တွေ့လိမ့်နိုးနိုးနဲ့
လွတ်မြောက်ရာလမ်းဆီဦးတည်နေပြီ
အညံစားအတ္တတွေထမ်းပိုးရင်း
အနတ္တချောက်ထဲ ခုန်ချ
ရှင်သန်နိုင်တဲ့အသက်ဓာတ်ဆိုတာ
ခပ်ယဲ့ယဲ့ပဲကျန်တယ်
အဝေးဆုံးလမ်းကို
ခရီးနှင်ချင်သူတစ်ယောက်ရဲ့
နောက်ဆုံးရလဒ်ကတော့
စိုက်ပျိုးပြီးလို့ရိတ်သိမ်းခဲ့တာတွေအားလုံး
ရိုးပြတ်တောတွေချည်းပဲကွယ်။


0 comments:
Post a Comment