* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 25, 2009

စာပေ ပွဲတော် သို့လေ့လာရေး

ဒီတပတ်မှာတော့ သီရိလင်္ကာနိုင်ငံရဲ့ မြို့တော် ကိုလံဘိုမှာ စက်တင်ဘာ ၁၉ ရက်မှ ၂၇ ရက် ထိကျင်းပနေတဲ့ နိင်ငံတကာ စာပေပွဲတော် ကို လေ့လာရေး အနေနဲ့ ရော စာအုပ်လေးတွေ မွှေချင်တာရောကြောင့် ရောက်အောင်သွားဖြစ်ခဲ့ပါတယ်၊ တဆက်တည်းမှာပဲ စာပေကို မြတ်နိုးကြတဲ့ သီဟိုဠ်ပြည်သူ ပြည်သားတွေရဲ့ ဓလေ့လေးတွေကို တွေ့ရတော့ ထင်ထားတာထက် ပိုပြီး အံ့သြရတယ်၊

စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုသလိုပဲ စာပေဟာ လူသားအားလုံးအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတခုဆိုရင် မှားမယ် မထင်ပါဘူး၊ လူငယ်တယောက် ( သို့ ) ကလေးတယောက်ကို ကိုယ် နှုတ် စိတ် သုံးပါးလုံး ယဉ်ကျေးစေချင်တဲ့ မိဘများ ဆရာသမားများဟာ ကလေးကို စာပေနဲ့ ထိတွေ့နိုင်အောင် တနည်းအားဖြင့် စာဖတ် ၀ါသနာပါအောင် နည်းအမျိုးမျိုးနဲ့ ပြောဆို စည်းရုံး သင့်တယ် လို့ သိရပါတယ်၊ ဒါကြောင့် အမေရိကန် သမ္မတကြီး ရုစဗဲ့ က ပြောခဲ့တာကို သတိရမိသေးတယ်၊ ကျွနုပ်အတွက် စာမဖတ်လိုက်ရတဲ့ နေ့ဟာ အမင်္ဂလာနေ့ ပါပဲ တဲ့ ၊ ဒါကြောင့်လဲ ဒီလိုအခြေအနေ ရောက်ခဲ့တာေ နမှာပေါ့လေ။

အထက်က ပုံကတော့ သီဟိုဠ်နိုင်ငံရဲ့ မျိုးရိုးစဉ်ဆက်အလိုက် နိုင်ငံကောင်းကျိုးပြု ခေါင်းဆောင်များ ဖြစ်ခဲ့ကြတဲ့ ချန္ဒရာ ဗန္ဓရ နာယကေ နဲ့ သူ့ဇနီး သူ့ သမီး တို့ သမိုင်းတွင်အောင် လုပ်ဆောင်ခဲ့တာကို ဂုဏ်ပြုတဲ့ အနေနဲ့ ဆောက်လုပ်ထားတဲ့ ဟောခန်း အဆောက်အဦးကြီး ဖြစ်ပါတယ်၊ အဲဒီမှာ ပဲ Colombo International Books fair 2009 ပွဲတော်ကို ကျင်းပခဲ့တာပါ၊

အထက်က ပုံကတော့ အထပ်တိုင်း အထပ်တိုင်းမှာ အခုလို ဆိုင်ခန်းလေးတွေ အစီအရီ ချပေးထားပြီး ကြိုက်နှစ်သက်ရာ စာအုပ်စာပေ ကို ၀ယ်ယူနိင်ပါတယ်၊
ဒါပေမယ့် ဇိမ်နဲ့ ရွေးရမယ် လို့တော့ မထင်လေနဲ့၊ မြန်မြန်ရွေး မြန်မြန်ထွက်ပဲ။ တိုးနိုင်မှ တော်ကာ ကျမယ် -

ဒါကတော့ သီဟိုဠ် သမိုင်းတလျောက် အထိမ်းအမှတ်ပွဲတော်တိုင်းမှ အမှတ်တရ ထုတ်ဝေခဲ့တဲ့ တံဆိပ်ခေါင်း ပုံစံ မျိုးစုံ ရောင်းချတဲ့ အရောင်းဆိုင်မှာ လုယက်တိုးဝှေ့ပြီး ရိုက်ခဲ့ရတယ်၊ - ခရစ်စမတ်ပွဲတော် ၀ိဆက်ပွဲတော် အိန္ဒိယ ယဉ်ကျေးမှု့ဆိုင်ရာ ပွဲတော်များအပါအ၀င် စာအိပ်ခေါင်းများကို တနေရာထည်း ရရှိနိင်ပါတယ်-
အထက်က ပြောပြခဲ့တဲ့ နိုင်ငံခေါင်းဆောင်ပိုင်းက မမေ့နိုင်စရာ မိသားစုရဲ့ ရုပ်ထုတွေပါ၊


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP