* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 25, 2009

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၁၄)


ဘုရားနဲ့ တွေ့ သူ

ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ အားလုံး သိထားရမှာက တရားတွေ့ မှ ဘုရားနဲ့ တွေ့ တယ်။ တရားမတွေ့ ရင် ဘုရားနဲ့ မတွေ့ ဘူးလို့ မှတ်ရမယ်။ ဒီတော့ဘုရားနဲ့ တွေ့ ချင်ရင် တရားတွေ့ အောင် ကြိုးစားမှတ်ရမယ်။

ဗုဒ္ဓဘာသာသုံးမျိုး

အောက်တန်း ဗုဒ္ဓဘာသာ၊ အလယ်တန်း ဗုဒ္ဓဘာသာ၊ အထက်တန်း ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာ သုံးမျိုးရှိတယ်။ ကံနဲ့  ကံ၏အကျိုးကို ယုံကြည်တဲ့အဆင့်ဟာ အောက်တန်းဗုဒ္ဓဘာသာဖြစ်တယ်။ အနိစ္စ-မမြဲဘူး၊ ဒုက္ခ-ဆင်းရဲတယ်၊ အနတ္တ-အစိုးမရဘူးလို့  လက္ခဏာရေးသုံးပါးကို ဆင်ခြင်ပြီးတော့ ဥာဏ်ထဲမှာ ဆင်ခြင်တဲ့သဘောကတော့ အလယ်တန်းဗုဒ္ဓဘာသာ၊ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရပြီး သစ္စာလေးပါး ကို မြင်သွားတဲ့အဆင့်ကတော့ အထက်တန်းဗုဒ္ဓဘာသာဖြစ်တယ်။ အောက်တန်း၊ အလယ်တန်း အဆင့်မျှနဲ့ ပဲ အားရတင်းတိမ် မနေကြဘဲ အထက်တန်းဗုဒ္ဓဘာသာဝင်တွေ ဖြစ်အောင်ယောဂီသူတော်စင်တွေအားလုံး ကျင့်ကြံ အားထုတ်ကြရမယ်။

ယောက်မ နဲ့  လျှာ

ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ ကိုယ့်ကိုကိုယ် ယောက်မနဲ့ တူတဲ့ပုဂ္ဂိုလ်မဖြစ်စေနဲ့ ။ ယောက်မဟာ အရသာနှင့်ပြည့်စုံတဲ့ဟင်းတွေ ဘယ်လောက်ပဲ ချက်ချက်၊ မွှေမွှေအရသာ မသိဘူး။ လျှာကသာအရသာမျိုးစုံကို သိနိုင်တယ်။ ဒါ့ကြောင့် တရားတော်တွေကို သိအောင် နာကြား၊ ကြိုးစား ပြီးတော့လဲ ပွားများ အားထုတ်၊ လျှာနဲ့ တူတဲ့ပုဂ္ဂိုလ်တွေဖြစ်အောင် ကျင့်ဆောင် အားထုတ်ကြရမယ်။

သူငယ်တော်တောရဆရာတော်၏ နေ့ စဉ်ဟောပြသြ၀ါဒများ (တင်ထားပြီးသမျှ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP