* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 10, 2011

“ Mt. St. Helens မှတ်တမ်းပုံရိပ်”

2011--ခု၊ သြဂုတ်လ (၇)ရက်၊တနင်္ဂနွေနေ့က မောင့်စိန့်ဟဲလင်းကို ဓမ္မဘေရိဆရာတော်ကို လိုက်ပို့ရင် ပေါ့တလန်မှာရှိ တဲ့ မြန်မာမိသားစုများနှင့်ရောက်ခဲ့ပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း ၃၀ ဝန်းကျင်က မီးတောင်ပေါက်ကွဲခဲ့တဲ့ သမိုင်းဝင်နေရာ တစ်ခုပါ။ ပေါ့တလန်ကနေ မိုင်ပေါင်း ၇၀-ခန့်ဝေးပြီး ဝါရှင်တန်စတိတ်ထဲတည်ရှိပါတယ်။ မောင့်စိန့်ဟဲလင်း မီးတောင် ဝန်းကျင်မှာ မီးတောင်ပေါက်ကွဲစဉ် ကာလက အပူရှိန်ချော်ရည်များကြောင့် ကြီးမားတဲ့ သစ်ပင်ကြီးများ ယနေ့အချိန်ထိ ပြန်လည် မပေါက်နိုင်တော့ပါ။ အနီးအနားမှာတော့ ရေကန်များ၊ နွေရာသီမှာပေါက်တဲ့ သဘာဝတောပန်း အလှလေးများကလည်း မောင့်စိန့် ဟဲလင်းရဲ့ သဘာဝအလှကို အားကူပေးနေပါတယ်။ အထူးသဖြင့် မောင့်စိန့်ဟဲလင်းနဲ့ (၆)မိုင်အကွာမှာရှိတဲ့ တောင်ကြားထဲက ခိုးဒါးလို့ အမည်ရတဲ့ ရေကန်ကတော့ တကယ့်ကိုမှ သာယာလှပတဲ့အတွက် လည်ပတ်ကြည့်ရှုစရာ နေရာတစ်ခုအဖြစ်နဲ့ရော အပျှော်တန်းလှေ စီးရာ နေရာတစ်ခုဖြစ်လို့ စိတ်ဝင်စားစရာ ကောင်းလှတဲ့ နေရာတစ်ခုပါပဲ။ ဝန်းကျင်ဒေသ သွားရာလမ်း တစ်လျှောက်မှာတော့ စိန်းလန်းစိုပြေတဲ့သစ်ပင် တောတောင်များနဲ့ တကယ့်ကိုမှ စိတ်ကြည်နူး ချမ်းမြေ့ဖွယ်ရာကောင်းလှပါတယ်။

“ Mt. St. Helens မှတ်တမ်းပုံရိပ်”

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP