* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 10, 2011

၁၀.၈.၂၀၁၁ ဗုဒ္ဓဟူးနေ့ မမေရတနာအောင် (စင်ကာပူ) မွေးနေ့အလှူ

၁၃၇၃ ခု ၀ါခေါင်လဆန်း ( ၁၁ ) ရက် ဗုဒ္ဓဟူးနေ့ ၁၀. ၈.၂၀၁၁

အရုဏ်မုန့်ဟင်းခါးဆွမ်းကပ်လှူခြင်း၊
နေ့ဆွမ်းလောင်းလှူခြင်းနှင့် သီလရှင်အပါး(၁၀၀) အရုဏ်ဆွမ်းကပ်လှူခြင်း

အလှူရှင် မမေရတနာအောင် (စင်ကာပူ) မှ မွေးနေ့အလှူပွဲဖြစ်ပါသည်။

သံဃာတော်များအားအရုဏ်မုန့်ဟင်းခါးဆွမ်းကပ်လှူခဲ့ပြီး
ဆွမ်း
ကြက်သားဟင်း
ပဲနှပ်
သရက်ချဉ်သုတ်
ပါလချောင်ကြော်ဟင်းတို့ဖြင့် လောင်းလှူပေးခဲ့ပါသည်။

သံဃာတော်များဆွမ်းလောင်းလှူပြီးချိန်တွင် သီလရှင်များအား မုန့်ဟင်းခါးဆွမ်းကပ်လှူပေးခဲ့ပါသည်။

လှူရတာကိုပျော်သူများသည် ဘ၀ဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်ပို၍ နီးလာသည်။
အကြောင်းကား လှူခြင်းသည် စွဲလန်းသော လောဘကို သတ်ခြင်း တစ်မျိုးဖြစ်၍
နိဗ္ဗာန်ဟူသည်။ ထိုလောဘကုန်သောနေရာကို ဆိုလိုသောကြောင့်ပင်တည်း။
အလှူရှင်သည် ယနေ့လှူသော အလှူငွေပေါ်၌ စွဲလမ်းတက်မက်နေပါက
ထိုငွေကိုလှူဖြစ်မည်မဟုတ်။ ထိုအလှူငွေ ပေါ်၌ တက်မက်သော လောဘကို
အလုပ်ဖြင့် လက်တွေ့ပယ်သတ်လိုက်သောကြောင့် ယနေ့ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းတွင်
ယနေ့ မမေရတနာအောင်၏ အလှူဆိုသောမှတ်တမ်းရှိနေရခြင်းဖြစ်သည်။
မေတ္တာရှင် (ရွှေပြည်သာ)

6284345.jpg

6284361.jpg

6284358.jpg

6284359.jpg

6284354.jpg

6284346.jpg

6284348.jpg

6284379.jpg

6284350.jpg

6284351.jpg

6284349.jpg

6284390.jpg

6284352.jpg

6284367.jpg



6284355.jpg

6284383.jpg

6284392.jpg

6284363.jpg

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP