* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 10, 2011

ရောမချမိပါနဲ့

ပြောရရင်တော့ အောချချင်စရာ
တစ်ချို့တစ်ချို့တွေက သဘောမကျချင်အောင်
ရောချနေတတ်တာ။

တစ်ချို့က
“ရောင့်ရဲခြင်းနဲ့ အပျင်းထူခြင်း
အပြစ်ပြင်ခြင်းနဲ့ အပြစ်တင်ခြင်း
သတ္တိရှိခြင်းနဲ့ မိုက်ရူးရဲဆန်ခြင်း
သည်းခံခြင်းနဲ့ အနှိမ်ခံခြင်း
မေတ္တာထားခြင်းနဲ့ ချစ်သဒ္ဓါပွားခြင်း
သဒ္ဓါလွန်ခြင်းနဲ့ တဏှာကျွံခြင်း
ဣနြေ္ဒရှိခြင်းနဲ့ ဟန်ဆောင်ခြင်း”
စတာတွေကို
အထအနတွေနဲ့ အလှပြကာ ရောချနေတတ်ကြ။

သူတို့က
“အပျင်းထူးတာကို ရောင့်ရဲတာပါ”တဲ့
“အပြစ်တင်တာကို အပြစ်ပြင်တာပါ”တဲ့
“မိုက်ရူးရဲဆန်တာကို သတ္တိရှိတာပါ”တဲ့
“အနှိမ်ခံတာကို သည်းခံတာပါ”တဲ့
“ချစ်နေတာကို မေတ္တာထားတာပါ”တဲ့
“တဏှာလွန်နေတာကို သဒ္ဓါကောင်းတာပါ”တဲ့
“ဟန်ဆောင်နေတာကို ဣနြေ္ဒရှိတာပါ”တဲ့။

ဆိုတော့ကား
အမှန်အမှားကို အကြံသမားတွေက
အမှားကို အမှန်လုပ်
အများတကာ အဟုတ်ထင်အောင်
ပြောသမျှစကား၊ ဟောသမျှ တရားတွေနဲ့
ရောချကာ စားနေကြပေမယ့်
အမှန်မသိ ဉာဏ်မရှိသူတွေက
မောဟအပူမိပြီး ရောသမျှကိုယူမိနေတော့
အော်... ပြောပြချင်မိတာက “ရောချတာ မိနေပြီဟေ့”လို့။ ။
(မနာပ ဒါယီဆရာတော်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP