* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 10, 2011

ၿပိတၱာပဲြ

ဗုဒ္ဓဘာသာမြန်မာလူမျိုးများမှာ ရာသီအလိုက် ပွဲတော်များ အမျိုးမျိုးရှိပါတယ်။ ၀ါဆိုပွဲ၊ ကထိန်ပွဲ၊ မီးထွန်းပွဲ … စသောပွဲတော်များမှာ ဗုဒ္ဓဘာသာနိုင်ငံတိုင်းလိုလို တူညီသော ပုံစံဖြင့် ကျင်းပလေ့ရှိကြပါတယ်။ ဒီပြိတ္တာပွဲဆိုတာကတော့ အနည်းငယ် ထူးဆန်းနေပါတယ်။ ပီနန်မြို့မှာတော့ Hungry Ghost Festival ဆိုပြီး ကျင်းပကြပါတယ်။ စာရေးသူ မြန်မာမှာရှိစဉ်က တစ်ခါမှ ဒီပွဲတော်မျိုးရှိတယ်လို့ မကြားခဲ့ဖူးပါဘူး။ တကယ်တော့ ပြိတ္တာပွဲ ကျင်းပတဲ့ အယူအဆ ဓလေ့တွေဟာ တရုတ်လူမျိုးများရဲ့ ဘိုးဘွားများပူဇော်ကန်တော့ပွဲနဲ့ အနည်းငယ် ဆင်တူပါတယ်။ တရုတ်လူမျိုးများဟာ မိမိတို့ရဲ့ ဘိုးဘွားများ၊ မိဘများ သေလွန်သောအခါ တမလွန်ဘ၀ကနေ သားသမီးတွေကို စောင့်ရှောက်ကြမြဲ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ သားသမီးတွေကလည်း စောင့်ရှောက်ဖို့ တောင်းဆိုကြပါတယ်။ များသောအားဖြင့် ဗုဒ္ဓဘာသာလို့ ခံယူထားကြပေမယ့် ၃၁-ဘုံဆိုတာတောင် မသိတဲ့သူတွေက သိပ်များပါတယ်။

ဒီပွဲတော်ဟာ တရုတ်၊ မလေးရှားတို့က တရုတ်တွေသာမက ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့မှာလည်း ကျင်းပကြတယ်လို့ သိရပါတယ်။ သူတို့အလိုအရ ဒီလမှာ ငရဲတံခါးကြီး ဖွင့်တဲ့နေ့လို့ ဆိုပါတယ်။ ငရဲတံခါးကြီးဖွင့်လိုက်တဲ့အခါ ကံမကောင်းအကြောင်းမလှစွာဖြင့် ငရဲပြည်ရောက်သွားရသော ဘိုးဘွားမိဘဆွေမျိုးများ အပြင်သို့ ထွက်လာခွင့် ရကြတယ်လို့ ဆိုပါတယ်။ အပြင်ကို ထွက်လာပြီး မိမိတို့ သားသမီးဆွေမျိုးများရှိရာ လူ့ပြည်ကို ရောက်လာပြီး အစားအသောက်များ လာရောက်တောင်းကြတယ်လို့ ဆိုပါတယ်။ လူ့ပြည်မှာရှိတဲ့ သားသမီးဆွေမျိုးတွေက စားစရာများ၊ ၀တ်စရာများပေးခြင်း၊ ပိုက်ဆံများ(ပိုက်ဆံပုံစံ စာရွက်များ) မီးရှို့ပေးခြင်း စသည်တို့ လုပ်ပေးလျှင် ငရဲပြည်မှ ဆာဆာလောင်လောင်ဖြင့် ရောက်လာတဲ့ ဘိုးဘွားဆွေမျိုးများ မပူမပင်မကြောင့်မကြ နေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

ဗုဒ္ဓဘာသာအယူအဆနှင့် အလှမ်းကွာနေသော ထိုသို့သော ယဉ်ကျေးမှုများ ဘယ်ကဘယ်လို ၀င်ရောက်လာသလဲလို့ မေးစရာရှိပါတယ်။ တစ်ခါတစ်ရံမှာ သာသနာပြုတဲ့နေရာမှာ မှတ်သားသင့်သောအချက်တစ်ခု ရှိပါတယ်။ ရှိပြီးသားယဉ်ကျေးမှု သို့မဟုတ် ယုံကြည်မှုကို တိုက်ရိုက်အသွင်ပြောင်းပစ်ဖို့ ဆိုသည်မှာ အလွန်ခက်ပါတယ်။ ဒါကြောင့် တရုတ်လူမျိုးများရဲ့ ရှိပြီးသား ယဉ်ကျေးမှုလည်း မပျက်သုဉ်းရအောင် ဗုဒ္ဓအလိုကျလည်း ဖြစ်အောင် ပြိတ္တာပွဲဆိုတာကို ဆုတောင်းအမျှအတန်းပေးဝေပွဲအသွင် ပြောင်းလိုက်တယ်လို့ ထင်ပါတယ်။ ဒါဟာ ပီနန်ဆရာတော်ဘုရားကြီးရဲ့ မှတ်သားထိုက်တဲ့ သာသနာပြုစွမ်းရည်တစ်ခုလို့ ဆိုရင် မှားမယ်မထင်ပါ။ ပီနန်မြို့က ဆရာတော်ဘုရားကြီးရဲ့ တပည့်ဒကာဒကာမတွေဟာ ဒီလရောက်တိုင်း ဘုန်းကြီးကျောင်းများသို့ သွားရောက်ပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်ကာ အမျှအတန်းများ ပေးဝေကြပါတယ်။

ယနေ့ဆိုလျှင် ပီနန်ကျောင်းကြီးတစ်ဝန်းလုံး တရုတ်လူမျိုးများနှင့် ပြည့်နှက်နေပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပါတယ်။ တရားများ နာယူကြပါတယ်။ ပြီးလျှင် ဆုတောင်းအမျှဝေကြပါတယ်။ ရှုပ်ထွေးတဲ့ ပြိတ္တာပွဲကနေ ဗုဒ္ဓ၀ါဒနဲ့အညီဖြစ်လာတဲ့ အမျှအတန်းပေးဝေပွဲလေး ဖြစ်လာခဲ့တယ်လို့ ဆိုရမှာပါ။










































0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP