ရှက်ဖွယ်အစစ်
ကောင်းမှူကို အကောင်းထင်နေခြင်းသည် စင်စစ် ၀က်က မစင်ကို အကောင်းထင်နေ နည်းမျိုးဖြစ်သည် ။ ၀က်အမြင်ဖြင့်ကြည့်လျင် မစင်သည်အလွန်နှစ်သက်စရာ ထင်နေရသော်လည်း လူအမြင်ဖြင့်ကြည့်လျင် ရွံစရာဖြစ်နေ၏။ ထို့အတူ သာမန်လူသားတို့ အကောင်းထင်နေကြသော ကာမဂုဏ်တို့မှာလည်း အရိယာတို့၏အမြင်မှာ မစင်တုံးဖြစ်နေ၏။ ဤသို့ အသိညာဏ်အားလျော်စွာ အောက်အောက်လူတို့အမြင်နှင့် အထက်ထက်လူတို့အမြင်သည် ကွာခြားနေ၏။ ထို့ကြောင့် “ဒုစရိုက်ဆိုတာ ငါထင်သလိုမကောင်းပါကလား၊ မကောင်းမှုကြောင့်ရရှိမည့် မကောင်းကျိုးကို ငါမလိုချင် ၊ မကောင်းမှုကို ငါဘယ်တော့မှ မပြု” ဟူသောခံယူချက်ရှိပြီးသူသည် မကောင်းမှူကို မည်သည့်အခါမျှ အရှုံးမပေးရစေရန် ရှက် … ကြောက်စိတ်ရှိလာအောင် အလေ့အလာပြုရမည်။ မကောင်းမှုကို နတ်သုဒ္ဒါဟု ထင်နေသမျှကာလပတ်လုံး ထိုသူသည် ရှက်တတ် ကြောက်တတ်သူမဖြစ်နိုင် ။ ထို့ကြောင့် မကောင်းမှူအပေါ်၌ မူလကထားရှိခဲ့သော သဘောထားအမြင်ကို ပြောင်းပစ်တတ်ရန်လိုသည် ။ အရိယာတို့၏ အမြင်နည်းမျိုးဖြင့် မြင်တတ်ရန်လိုသည် ။ ထမင်းကို မြိန်ရည်ရှက်ရည်စားနေတုန်းတွင် ထမင်းအပေါ်၌ ခုံမင်နှစ်သက်ဖွယ်အမြင်ဖြင့် တွေ့ရမည် ။ ၎င်းထမင်းကို မစင်အဖြစ်ဖြင့်တွေ့ရသောအခါတွင်ကား မူလအမြင်ပြောင်းပြီး ရွံစရာထင်ကြတော့သည် ။ ထို့ကြောင့် မစင်ကို စားဖို့မပြောနှင့် ကိုင်ရမှာပင် အလွန်ရှက်လှပေလိမ့်မယ် ။ ဤသို့လျှင် မကောင်းမှူမှန်သမျှသည် သူတော်စင်တို့၏ အမြင်တွင် တကယ်စက်ဆုပ်ရွံရှာဖွယ်ဖြစ်နေသောကြောင့် လူသူအမြင်မတော်သည့် ရှက်ဖွယ်အစစ်ပင်မဟုတ်ပါလော ။
( မြတ်က၀ိန် ဦးကောဝိဓဇာဘိဝံသ ၏ သစ္စာတမန် မှ) မှတ်ချက်ရေးသားရန် () |
| Last Updated ( Saturday, 06 August 2011 00:49 ) |

0 comments:
Post a Comment