* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 10, 2011

မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံ

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည် ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲကို နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၁ ခုနှစ် သြဂုတ်လ ၇-ရက် တနင်္ဂနွေနေ့၌ ကျင်းပ ပြုလုပ်၏။












နံနက် ၈ နာရီတွင် ရဟန်းလောင်း သာမဏေများသည် လောကချမ်းသာဘုရားကျောင်း သိမ်တော်အတွင်း လောကချမ်းသာဆရာတော်ကို ဥပဇ္ဈာယ်ဆရာတော်ပြု၍ ရဟန်းခံခြင်း အစီအစဉ်ပြုလုပ်ဆောင်ရွက်ပြီး၊ ၉ နာရီခွဲတွင် သိမ်ဆင်း ရဟန်းတော်များအား လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် လှူဒါန်းကြ၏။

နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းတို့ဖြင့် ကပ်လှူ ပူဇော်ကြ၏။

နံနက် ၁၁ နာရီတွင် သံဃာတော်များအား အလှူရှင် ဒေါက်တာမြတ်မြတ်မွန်နှင့် ညီမများ၊ မိတ်ဆွေများက နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။
ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များအားလည်း ဒံပေါက်ထမင်း၊ မြန်မာမုန့်မျိုးစုံတို့ဖြင့် ဧည့်ခံ ကျွေးမွေးကြ၏။

မွန်းလွဲ ၁-နာရီတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲကို ကျင်းပ ပြုလုပ်ရာ လောကချမ်းသာဆရာတော်က သြဝါဒစကား ချီးမြှင့်ပြီး၊ အေဘီဘီအေအသင်း အတွင်းရေးမှူး ဦးစောဝင်းက ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြား၏။
မဟာစည်သာသနာ့ရိပ်သာ ဌာနချုပ်မှ အရှင်ထေရာနန္ဒက ဆရာတော်ကြီး၏ ဂုဏ်ရည်တို့ကို ဖော်ကျူး၍ ပရိတ်သတ်များကလည်း ရှစ်လုံးဖွဲ့လင်္ကာများဖြင့် ရွတ်ဆို ပူဇော်ကြ၏။

အနုမောဒနာတရားနှင့် ရေစက်ချကို စန်းမြသီတာဆရာတော် ဘဒ္ဒန္တနိပုဏက ဟောကြား ချီးမြှင့်ပေး၏။

သာဓု ... သာဓု ... သာဓု။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP