* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 9, 2011

ရဟန်းနှင့် မိုင်ပေါင်းကုဋေမုန့်ဟင်းခါး

(၁)

ဒေါက် ဒေါက် ဒေါက်

မုန့်ဟင်းခါး မုန့်ဟင်းခါး....

တံခါးခေါက်သံနှင့် ဆက်ကာ သီတင်းသုံးဖော်ရဟန်းတစ်ပါး၏ မုန့်ဟင်းခါး မုန့်ဟင်းခါး ဟူသော သတင်းပေးချက်က နံနက်ခင်းကို ငရုတ်သီးစပ်သွားစေသည်။ သူ အိပ်ရာမှ သတိပဋ္ဌာန်တရားနှင့် ခပ်ခွာခွာ ထထိုင်လိုက်သည်။ တကယ်လား...တကယ်လား..သူ သေချာစေရန် စကားလုံးကို ဒပ်ဗယ်လ်ကလစ်ခ်( Double Click) လိုက်သည်။

'' နောက်ကျရင်တော့ 'ဤသည့်စားဖွယ် အမယ်မယ်' ရွတ်ဖို့ အခွင့်အလမ်းနည်းသွားမယ် င့ါရှင်..။ ''

သူ ကြည်နူးသွားသည်... ဗာရာဏသီနံနက်ခင်းကို မုန့်ဟင်းခါးဖတ်ဖြူလွလွများဖြင့် ကြိုဆိုခွင့်ရချေပြီ။ ဒုလ္လဘပေပဲ...။ သူမျက်နှာသစ်ခြင်းကိစ္စကို ချုံ့ပစ်လို့ ရသမျှ ချုံ့ပစ်လိုက်သည်..။ (ဆပ်ပြာတစ်ခဲလောက်တော့ ကပ္ပိ( ၀ယ်) ဦးမှ...)

ရဟန်းတစ်ပါး စီမံချက်ပြုတ်ထားသော မုန့်ဟင်းခါးအစစ်ဖြစ်သည်..။ အသင့်ချက်ပြုတ်စားသုံးနိုင်သည့် မုန့်ဟင်းခါးခြောက်ထုတ်ကို သဒ္ဓါလက်ဖြင့် ဖန်တီးထားခြင်းသာဖြစ်သည်။ ရွှေပြည်ကြီးလုပ် မုန့်ဟင်းခါးများနှင့် အရည်အသွေးခြားနားစွာ အင်္ဂါမစုံသည့်တိုင် နှစ်လိုဖွယ်ရာ ဟင်းရည်အနံ့ကို သူ ရှိုက်မိသည်။ မုန့်ဖတ်နှင့် ဟင်းရည်သက်သက်...။ ရယ်ဒီမိတ်ငရုတ်သီးမှုန့်နှင့် ကြက်သွန်ဖြူကြော်အိတ်လေးများကို ပန်းကန်ပြားငယ်တစ်ချပ်တွင် ထည့်ကာ ချပေးထားသည်။ နံနံပင်၊ ငန်ပြာရည်၊ ငှက်ပျောအူတိုင်၊ ဘဲဥ၊ ပဲကြော်၊ ဘူးသီးကြော်၊ အီကြာကွေးစသော ဝေါဟာရများက ရွှေပြည်ကြီး၏ မုန့်ဟင်းခါးသုံးအဘိဓာန်တွင် ကျန်ခဲ့လေဟန်ပင်..။ မည်သို့ဖြစ်စေ သူကတော့ '' ကောင်းလင့်တေး ကောင်းလင့်တေး '' ဟု အနုမောဒနာသံပေးကာ ခေါင်းမဖော်ဘဲ လွေးတော့သည်။ ဟင်းရည်ပူပူနှင့် ငရုတ်သီးရှူးရှဲ. ချွေးများရွှဲအောင် ကောင်းလေသည့် ရှားပါးလှသော မုန့်ဟင်းခါး..။

သို့သော် သူ့ဒိုင်ယာရီညိုညစ်ညစ်လေးတွင် မုန့်ဟင်းခါးမှ မိုင်ပေါင်းကုဋေ ထွက်ပြေးမိလေသော နေ့ရက်များ အတိအကျရှိခဲ့ဖူးပါသည်..။

(ဒီညတော့ ပြီးအောင် ရေးပါ့မယ်..မီးက တကယ်ပျက်တာပါ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP