* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 9, 2011

ပစ္စည်းပျောက်ရင် ဒီမှာရှာ

သင် ဘာပစ္စည်းပျောက်နေသလဲ
ဘယ်နေ့က ပျောက်သလဲပြောပါ။ ရှာဖို့နေရာ ပြောပါမည်။

(၁) တနင်္ဂနွေနေ့တွင် ပစ္စည်းပျောက်ပါက အို-ကြင်-ယာ-ဥဒကေ-ဆိုသည့် စာချိုးအတိုင်း
အို-တနင်္ဂနွေနေ့၌ ကျွဲ, နွား ဥစ္စာပျောက်သည်ရှိသော်
ကြင်-တနင်္လာမည်သော အရှေ့အရပ်မှတ်ထုတ်၍
ယာ-ဗုဒ္ဓဟူးမည်သော တောင်အရပ်ရှိ
ဥဒကေ-ရေအနီး၌ ရှိအံ့။

(၂) တနင်္လာနေ့တွင် ပစ္စည်းပျောက်ပါက ကြာ-ကန်-သူ-၀နေ- ဆိုသည့်အတိုင်း
ကြာ-တနင်္လာနေ့၌ ဥစ္စာပျောက်သော်
ကန်-အရှေ့အရပ်မှ ထုတ်ယူပြီး
သူ-သောကြာခေါ် မြောက်အရပ်ရှိ
ဝနေ-တော်၌ ရှိအံ့။

(၃) အင်္ဂါနေ့တွင် ဥစ္စာပစ္စည်းပျောက်သည်ရှိသော် စိတ်-တူ-၏-ဂူပေ- ဆိုသည့်အတိုင်း
စိတ်-အင်္ဂါနေ့၌ ဥစ္စာပစ္စည်းပျောက်သည်ရှိသော်
တူ-စနေမည်သော အနောက်တောင်အရပ်မှတ်ထုတ်၍
၏-တနင်္ဂနွေမည်သော အရှေ့မြောက်အရပ်ရှိ
ဂူပေ-လိုဏ်ဂူ ဥမင်တို့၌ ရှိအံ့။


(၄) ဗုဒ္ဓဟူးနေ့တွင် ပစ္စည်းဥစ္စာပျောက်ရှခဲ့ပါက လှ-ဒီ-သာ-ဂါမေ- ဆိုသည့်စာနှင့်အညီ
လှ-ဗုဒ္ဓဟူးနေ့တွင် ဥစ္စာပစ္စည်းပျောက်ပါက
ဒီ-စနေမည်သော အနောက်တောင်အရပ်မှထုတ်၍
သာ-သောကြာခေါ် မြောက်အရပ်ရှိ
ဂါမေ-ရွာ၌ ရှိအံ့။

(၅) ကြာသပတေးနေ့တွင် ပစ္စည်းဥစ္စာပျောက်သည်ရှိသော် ပျော်-ရွှင်-ရာ-ပဗ္ဗတေ- ဆိုသည့်အတိုင်း
ပျော်-ကြာသပတေးနေ့ ပစ္စည်းပျောက်ပါက
ရွှင်-ဗုဒ္ဓဟူးမည်သော တောင်အရပ်မှ ထုတ်ပြီး
ရာ-ရာဟုမည်သော အနောက်မြောက်အရပ်ရှိ
ပဗ္ဗတ-တောင်ကုန်းမှာ ရှိအံ့။


(၆) သောကြာနေ့တွင် ပစ္စည်းဥစ္စာ ပျောက်ခဲ့ပါက သင်-တို့-မောင်-မဂ္ဂေ- ဆိုသည့်အတိုင်း
သင်-သောကြာနေ့ ပစ္စည်းပျောက်ပါက
တို့-စနေမည်သော အနောက်တောင်အရပ်မှထုတ်၍
မောင်-ကြာသပတေးမည်သော အနောက်ဘက်အရပ်ရှိ
မဂ္ဂေ-လမ်းခရီး၌ ရှိအံ့။


(၇) စနေနေ့တွင် ပစ္စည်းပျောက်ပါက တို့-ဆောင်-ပန်း-အာသန္နေ-ဆိုသည်နှင့်အညီ
တို့-စနေနေ့၌ ဥစ္စာပျောက်သည်ရှိသော်
ဆောင်-အင်္ဂါမည်သော အရှေ့တောင်အရပ်မှထုတ်၍
ပန်း-ကြာသပတေးမည်သော အနောက်အရပ်ရှိ
အာသန္နေ-အိမ်ယာအနီး၌ ရှိအံ့။


မင်းဣန္ဒက (ခေတ္တ-စစ်ကိုင်းတောင်တန်း)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP