* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 9, 2011

ကိုယ်နာသော်လည်း စိတ်မနာ အောင်နေတတ်တဲ့ သုညတ-တရား

ဓမ္မပီယ—- သုညတ ရဲ့ အဓိပ္ပါယ် ကို ဘယ်လိုနားလည်ရမလဲဘုရား။

ဦးဝိဇယ—- သုညတ ဆိုတာ ချမ်းသာခြင်း။ ဆင်းရဲခြင်း၊ ကောင်းခြင်း ဆိုးခြင်း ဖြစ်နိုင်လောက်အောင် တန်ဖိုးမရှိတာကို ခေါ်ပါတယ်ဘုရား။ ထိုသုညတကို သိသောစိတ်ဟာ လည်း အကောင်းအဆိုး ၊ချမ်းသာခြင်း။ဆင်းရဲခြင်းမှ လွတ်ကင်း ပြီး မူလပျက်ကိုသိကာ နေနိုင်ပါတယ် ဘုရား။ မူလပျက်ဆိုသည်မှာ သုညတ ကိုပင် ခေါ်ပါတယ်ဘုရား။ *ပျက်နေတယ် * ဆိုသည်မှာလည်း *ပျက်တဲ့အတိုင်း နေတယ်* ဟုအဓိပ္ပါယ်ရသော ကြောင့် မူလပျက် သုညတ ကိုပင် ညွှန်ပြနေပါတယ်ဘုရား..။

ဓမ္မပီယ—- အရှင် ဘုရားရွတ်ခိုင်းတဲ့ *ပျက်နေတယ်* ဆိုတဲ့အဓိပ္ပါယ်က အလွန်နက်နဲပါတယ်ဘုရား။ တပည့်တော်ကို ရွတ်ခိုင်းစက *ပျက်နေတယ်* ဟုရွတ်ရတာ ပေါ့ပျက်ပျက် ဖြစ်နေသလိုပဲ ကြာကြာလေး ရွတ်လာပြီး သုညတ အဓိပ္ပါယ်ကို နာကြည့်မှ အလွန်တန်ဖိုး ရှိကြောင်း ကို တပည့်တော် ကောင်းကောင်းသဘောပေါက်လာပါတယ် ဘုရား။ နံပါတ် (၂) မူလပျက် သုညတ ကိုလည်း ရှင်းလင်း ဖော်ကြားတော်မူပါဘုရား။

ဦးဝိဇယ—- ဝိဇ္ဇာမာန ပညတ်ဆိုတာ ရုပ် နာမ် (၂)ပါး။ ဓာတ်ကြီး (၄)ပါး။ ခန္ဓာ (၅)ပါး ၊အာယတန (၁၂)ပါး၊ ဓာတ် (၁၈)ပါး၊ ရုပ် (၂၈)ပါး ၊စေတသိတ် (၅၂)ပါး ၊စိတ် (၈၉)ပါး ဟူသော အမည် ပညတ်များအားလုံးကို ဝိဇ္ဇာမာန ပညတ် ဟုခေါ်ပါတယ်ဘုရား။ တရားသမားတော်တော်များများဟာ ထိုစကားများကို ဆုပ်ကိုင်ကာ ပြောဆို ငြင်းခုံ နေတတ်ကြပါတယ်ဘုရား။ သဘော မျှ ကွဲသည်ကို အထည်ကွဲအဖြစ် စိတ်မှာပုံဖေါ်ကာစွဲနေ တတ်ကြပါတယ်ဘုရား။ အမှန်ကတော့ နားလည်အောင် ပြောသောစကားလုံးမျှကို အထည်ကွဲအဖြစ် ထင်မြင်ယူဆကာ ဆုပ်ကိုင်နေတတ်ကြပါတယ်ဘုရား..။

ဥပမာ—လက်ကိုကိုင်ကြည့်တော့ လက်ကတော့တကယ် မတွေ့ရဘူး။ ပူတာအေးတာကိုတွေ့ရတယ်။ ပူတာ၊အေးတာ ကို တေဇော လို့ ပြောတယ်..။ ထို ပူတာ အေးတာကို ပဲ တကယ်အရှိထင်နေတတ်တယ်။ အရှိထင်တာ ဆုပ်ကိုင်ပြောဆို စွဲလန်းနေတတ်တယ်။ ပူတာတွေကုန်ပျက်တာကို အေးတယ်ဟု နာမည် တပ်ပြီး၊ အေးတာတွေ ကုန်ပျက်တာကိုပဲ ပူတယ် ဟုနာမည်တပ်ပြန်ပါတယ်။ ပူတာ၊အေးတာ တကယ်မရှိ၊ ကုန်ပျက်နေတာ သာ တကယ်ရှိတယ်ဟုသိရ တယ်။ စက္ကန့် မခြား ဖြစ်ပျက်နေတာကို မတွေ့ပဲ ပူတာ၊အေးတာ အပေါ်မှာ တကယ်အရှိ ထင်နေတဲ့ မောဟ၊ ပူတာ အေးတာ ကို *ကောင်းတယ်* ဟု ထင်နေတဲ့ ၊လောဘ၊ ပူတာ အေးတာကို *မကောင်းဘူး*ဟုထင်နေတဲ့ ဒေါသကိလေသာများ ဖြစ်နေတတ်ပါတယ်။ စက္ကန့်မခြား ဖြစ်ပျက်နေတာကို တွေ့မှ ပူတာ ၊အေးတာ အပေါ်မှာ စွဲလန်းထင်နေတတ်တဲ့ကိလေသာတွေ နည်းသွား၊ ပါးသွား၊ ကုန်သွားပါတယ်။

ပူတာ၊ အေးတာ ဟာ အတိတ် တုံးကလည်းတကယ်မရှိခဲ့ဘူး။ ပစ္စုပ္ပန်မှာလည်း တကယ်မရှိနိုင်ဘူး။ အနာဂတ်မှာလည်းတကယ် ရှိမလာနိုင်ဘူး။ နားလည်အောင်ပြောထားတဲ့ စကားလုံးမျှသာ ဖြစ်တယ်ဟု နားလည် သဘောပေါက်ပြီး ဝိဇ္ဇာမာန ပညတ် အားလုံး ရဲ့ မူလပျက် သုညတကို မြင်ကာ ကိုယ်နာသော်လည်း စိတ်မနာ အောင်နေတတ်တဲ့ တရားကို ရမယ်ဘုရား။

ဓမ္မပီယ—- ယခုခောတ်မှာ ပုဂ္ဂိုလ် ၊သတ္တဝါ ငါ၊သူတပါး၊ ယောင်္ကျား၊ မိန်းမ မရှိ၊ ဓာတ်ကြီး (၄)ပါး သာရှိတယ်ဆိုတဲ့ဟာ အဝိဇ္ဇာမာန ပညတ်ကွာ ပြီး ၊ဝိဇ္ဇာမာန ပညတ်ပေါ်မှာ တင်နေတယ်။ ဝိဇ္ဇာမာန ပညတ်ကို တကယ် အရှိထင်တဲ့မောဟ၊ ကောင်းတယ် ထင်တဲ့လောဘ၊ မကောင်းဘူးထင်တဲ့ဒေါသတွေ၊ ဖြစ်နေကြတာကို တပည့်တော် သဘောပေါက်ပါပြီဘုရား။ တပည့်တော် သည်ပင် နှစ်တော်တော်ကြာအောင်၊ ထိုကိလေသာ ထဲမှာပဲ လည်နေခဲ့ဘူးပါတယ်ဘုရား။ တကယ် တမ်းစစ်ကြည့်တော့ ခန္ဓာငါးပါး ဓာတ်ကြီး (၄)ပါးစသော ဝိဇ္ဇာမာန ပညတ်တွေ ဟာ နားလည်အောင် ပြောပြရသော သဘောသက်သက်သာဖြစ်ပြီး အထည် မကွဲကြောင်းကို တပည့်တော် သဘောပါက်ပါပြီဘုရား။

စက္ကန့်မခြား ဖြစ်ပျက်နေတဲ့ သဘောမျှကိုပုံဖေါ်ပြီး နာမည် အမျိုးမျိုးတပ်ကာ ဖြစ်စဉ်၊ပျက်စဉ် သန္တတိ အစဉ် ပညတ်ကို နားလည် အောင် ပြောပြရခြင်း ဖြစ်ပါတယ်ဘုရား။

ထို တကယ်မရှိတဲ့ သန္တတိ အစဉ်အပေါ်မှာ အမည် ပညတ် တင်ထားတာကို စွဲယူစရာ မဟုတ်ပဲ မူလပျက်သုည ကိုမြင်မှ လွတ်မြောက်ကြောင်းကို ကောင်းကောင်းကြီး သဘောပေါက် လိုက်ပါပြီဘုရား။

Tags:

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP