သူ့အရပ်နှင့် သူ့ဇာတ် အပိုင်း(၃)
ဣနြ္ဒိယပစ္စည်း အပိုင်း(၃)
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
“သံသရာနဲ့ နိဗ္ဗာန်လမ်းဆုံး”
ဒီဣနြေ္ဒ(၆)ပါးတို့ဟာ သံသရာနဲ့ နိဗ္ဗာန်၊ (သို့မဟုတ်) အစွန်း(၂)ပါးနဲ့ မဇ္ဈိမ ပဋိပဒါတို့ရဲ့ လမ်းဆုံဖြစ်တယ် ဆိုတဲ့ အကြောင်းကို နည်းနည်း ဆင်ခြင် ကြည့်ကြရအောင်ပါ။
သတ္တဝါတို့ရဲ့ သံသရာ ခရီးဆိုတာ အဝိဇ္ဇာနဲ့တဏှာဆိုတဲ့ မသိမှုနဲ့ လိုချင်တပ်မက်မှုတို့ ဦးဆောင်ပြီး စခဲ့ကြ တာဖြစ်လို့ ဒီမသိမှု အဝိဇ္ဇာနဲ့ တပ်မက်မှု တဏှာတို့ဟာ သတ္တဝါတို့ရဲ့ သံသရာ ခရီးဖေါ် မိတ်ဟောင်း ဆွေဟောင်းကြီးတွေပါ၊ ရင်းနှီးလွန်း အားကြီးလို့ ဒီခန္ဓာကြီးရဲ့ အိမ်ရှင်တွေ လိုတောင် ဖြစ်နေကြပါပြီ။

0 comments:
Post a Comment