* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 9, 2011

အလြယ္ဆံုးပညာ

ရှေး -ဂရိခေတ် ဆိုဖီဆရာကြီး တစ်ဦးအား ပုဂ္ဂိုလ်တစ်ဦးက-

လောကတွင် အလွယ်ဆုံးပညာသည် အဘယ်ပါနည်း ဟုလာ၍မေး၏။ ထိုအခါ ဆိုဖီဆရာကြီးက-

လောကတွင် အလွယ်ဆုံးပညာသည် သြ၀ါဒပေးခြင်း ဖြစ်ပါသည်ဟု ဖြေဖူးလေသည်။

သြ၀ါဒ ပေးဖို့ရန် လွယ်ကူသောကြောင့် သူတပါးတို့အား ရင်းနှီးစွာဖြင့်ရော၊ စေတနာရှိစွာဖြင့်ရော၊ ဂရုဏာ ဒေါသောဖြင့်ရော သြ၀ါဒများပေးလျက်ရှိကြတယ်။ သိုရာတွင် အများအားဖြင့် ကိုယ်ကသာ သြ၀ါဒ ပေးတတ်ပြီး..ပေးသော သြ၀ါဒအတိုင်း ကိုကိုယ်တိုင်မပြုကျင့် မလိုက်နာတတ်သူများ ဖြစ်နေတတ်ကြပါတယ်။ အဲဒီအခါ ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ ဟု သောစကားမျိုး အဖြစ်သို့ရောက်သွားလေတော့တယ်။

ကျွန်ုပ်တို့ ကိုယ်တိုင်က အညစ်အကြေးကို ပေကျံနေသည်ဖြစ်ပါရက်နဲ့ အခြားသူအား သန့်ရှင်းစင်ကြယ်စေသောနည်း ညွန့်ကြားနေခြင်းသည် တဘက်သားတို့အပေါ်မှာ အကျိုးသက်ရောက်မှု စွမ်အင်းများစွာရှိ နိုင်လိမ့်မည် မဟုတ်ချေ။

ဤနေရာ၌ မြတ်ဗုဒ္ဓက ဒီလိုဆုံးမခဲ့ပါတယ်။

သူတပါးကို ဆုံးမသော နည်းအတိုင်း မိမိကိုယ်တိုင်လိုက်နာ ပြုကျင့်ရာ၏ မိမိကိုယ်တိုင် ယဉ်ကျေးပြီးသော်မှသာ သူတပါးကို ဆုံးမရာ၏၊ မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမရခြင်းသည် ခဲယဉ်းလှစွာတကား။

သြ၀ါဒစကား အကြံဥာဏ်ပေး စကားတို့သည် တဘက်သောသူအပေါ်မှာ အကျိုးသက်ရောက်မှု ရှိတန်သလောက်ရှိသည်မှာ မှန်ပါသည်။ သို့သော် သြ၀ါဒပေးသူကိုယ်တိုင်က စံပြအဖြစ် မိမိပေးသော သြ၀ါဒအတိုင်း တကယ်လိုက်နာပြုကျင့်သူ ဖြစ်ရပါမည်။ မဟုတ်ပါက ထိုသြ၀ါဒ စကားသည် များစွာ အကျိုးသက်ရောက်မှု ရှိနိုင်လိမ့်မည်မဟုတ်ချေ။

အဆိုအမိန့်လေးတွေ ကို ဖတ်လေ့ရှိတဲ့ ကျမ သည် ဘဘောကျတဲ့ စာသားများကို ဒိုင်ယာရီထဲ ကူးရေးလေ့ရှိပါတယ်။
ကူးရေးထားတဲ့ စာလေးထဲမှ ယခုအဆိုအမိန့်လေးကို ပြန်လည်းဖြန့်ဝေလိုက်ပါတယ်။ကူးရေးထားသည်မှာကြာပြီဖြစ်တဲ့အတွက် ဘယ်စာအုပ် ရေးသားသူ ဘယ်သူဆိုသည်မှာ မမှတ်မိတော့ပါ။


ညခင်း
7.4.2011

တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP