ကံသည် အနတ္တသဘောဖြစ်ပုံ
အပင်မှမျိုး မျိုးမှအပင်
ကံကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ
အမျှင်မပြတ် ဆက်စပ်သည့်ဟန်
ဖြစ်ပြန်လာရ ဆိုသော်ငြားလည်း
စွဲချက်အထင် မှားနေကြပြီး
ဖြစ်လာသမျှ အကြောင်းများအား
ကံကြောင့်ဟုပင်စွဲချက် ထင်မှား လမ်းဆုံးစေသော်
ခိုင်းစေ တဏှာ ဥပါဒါန်သည် ပြုံး၍သည်ပင်
စေလွှတ်အုံးမည် ကံတွေသည်ပင်
ထို့ပင်သောကြောင့် ဉာဏ်ဖြင့်သုံးသပ် အကြောင်းမြင်သော်
ခိုင်းစေဆရာ တဏှာကြောင့်ပင် ထိုထိုကံတို့ ဖြစ်လာရဟု
ယုံမှားကင်းကာ သိစေအပ်သည် ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးပင်..
အို.. ဓမ္မမိတ်ဆွေ သူတော်ကောင်းတို့..
ဖြစ်လာသမျှ အကြောင်းတို့ကား
ကံသာအမိ ကံသာအဖ စွဲချက်မှားကို
ဉာဏ်ဖြင့်သာလျင် ရှု့၍မျှော်သော် သိစေအပ်ပြီ တဏှာကြောင့်ပင်
တဏှာအမြစ်ပြုတ် မှသာလျင် ခန္ဓာအထုပ် မပိုးရပြီ
လက်ရှိရထား ခန္ဓာ ငါးပါး လူသတ်ကောင်ကို
မြန်စွာအားထုတ် ဖြစ်ပျက် ပေါ်တင်
ဒုက္ခသစ္စာ မှန်ပင်သိ၍ သမုဒယ ခိုင်းစေတဏှာ ပြတ်ပေမှတော့
ကံလည်း မတတ်နိုင် ချုပ်ပြီနာမ်ရုပ်
ဘေးကင်းရာမှန် မြတ်နိဗ္ဗာန်ကို
ဧကန်မုချ ရစေကြသော်ဝ်.......................
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ကံသည်အနတ္တသဘောဖြစ်ပုံ တရားတော်မှ စပ်ဆိုရေးသား ထားခြင်းဖြစ်ပါသည်။
| တရားတော်နာယူရန်
|
|
|
မေတ္တာဖြင့်...
သန့်ဇင်

0 comments:
Post a Comment