သင်္ကြန်တွင်းအထူးတရားပွဲ နှင့် အန္တရယ်ကင်းသစ္စာ
၁၃.၄.၂၀၁၁ မှ ၁၈.၄.၂၀၁၁ ရက်ထိ ၆ ရက်တိုင် သင်္ကြန်တွင်း အထူးတရားပွဲ အစီအစဉ်ကို မှော်ဘီမြို့၊ မင်္ဂလာတိုက်တွင် နေ့စဉ်တရားပွဲ နှစ်ကြိမ်ကျင်းပမည်ဖြစ်ကြောင်း ဓမ္မမိတ်ဆွေအပေါင်းအား တရားတော်နာကြွရောက်နိုင်ရန်အတွက် နှိုးဆော်အပ်ပါသည်။ တရားပွဲအစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။
နံနက် - ၈ နာရီခွဲ (သီလပေးတရားပွဲ)
နေ့လည် - ၁:၃၀ (နေ့အထူးတရားပွဲ)
ဘေးဒုက္ခများကျရောက်နေသောကမ္ဘာသူကမ္ဘာသားများနှင့်ရန်သူမျိုးငါးပါးဘေးကျရောက်လျှက်ရှိသောမြန်မာပြည်သူအပေါင်းတို့
နှစ်သစ်မှစ၍ဘေးအန္တရာယ်အပေါင်းမှကင်းဝေးလွတ်မြောက်ကြစေရန်မေတ္တာရှေ့ထားပြီးသစ္စာပြုကြပါစို့။
မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နံနက်ပိုင်း (၆း၀၀) နာရီ တွင်တစ်ကြိမ် နှင့် ညနေ(၇း၀၀) နာရီတွင်တစ်ကြိမ် တစ်ပြိုင်နက် သစ္စာဆိုကြပါရန်...တိုက်တွန်းနိုးဆော်အပ်ပါသည်။

မသူတော်တရားဘေး၊သူတော်မဟုတ်သူယုတ်မာတို့၏ညှင်းပန်းနှိပ်စက် ခြိမ်းခြောက်ခြင်းဘေးတို့မှ ကင်းဝေးလွတ်မြောက်နိုင်ကြပါစေ။
လူအချင်းချင်းလှည့်ပတ်ခြင်းကင်းဝေးကြပါစေ၊ သတ္တဝါခပ်သိမ်းတရားကိန်း အေးငြိမ်းကြပါစေ။

0 comments:
Post a Comment