* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 30, 2011

စူးနစ်နောင်တ..ကဋေကဋာ...




*အမေ….အမေ…. အမေ ရေ….လို့

မည်သို့ ဆိုလေ…အော်ခေါ်လေ လည်း

လက်ခံနိုင်စွမ်း….ကြားနိုင်စွမ်း မဲ့…….

ခပ်သဲ့သဲ့ပင်….. မျှော်လင့်ချင်သေး…….

ခပ်ယဲ့ယဲ့ပင်……တောင်းပန်ချင်သေး…..

ဝေးကား ဝေးခဲ့……..တကယ်ပင်ဝေးခဲ့

ဝေးခဲ့ပြီကော..သံသရာတော တဲ့

မောဟိုက် ပင်ပန်း ၊ လမ်းလည်းမမြင် ၊ ကမ်းမမြင်…ဘူး

စူးနစ်နောင်တ..ကဋေကဋာ…။


*အမေ ရေ…

သားသမီးဟူသည် ..

အယူသမား…. အပူသမား….တွေပါ။

ယူသာသွားပြီး… အပူတွေလာလာထား…

လူတကာအများဖြစ်သတဲ့ ။

ငါးပါးသောရန်သူထဲ….

သမီးလည်းပါဝင်….နေဝင်ချိန်မှသိခဲ့ရ…

သိပ်ကိုနောက်ကျ လွန်းပါတယ်..။

*အမေ့မျှော်လင့်ချက်…လင်းလက်စေသော..

အမေ့နှလုံးသား …..အားတက်စေသော..

အမေ့စိတ်အာရုံ ..လုံခြုံစေသော….

အမေ့မျက်ရည်တစ်ပေါက်…သွေ့ခြောက်စေသော..

အမေ့ ဆန္ဒ…ပြည့်ဝစေသော..

အမေ့အနာဂတ်…..လှပကျေနပ်စေသော…

အမေ့ဘဝ……..တောက်ပ စေသော…..

တစ်သော..သော…နဲ့ ဘဝအမော တွေပြေ

ပန်းတွေဝေ နဲ့… စမ်းရေစီးဆင်း….

ထီးတစ်စင်း ..လို

သမီးမဖြစ်ခဲ့ဘူးအမေ..။

*သားသမီး အချစ်…မြေးအနှစ်တဲ့……

မေတ္တာစစ်စစ်..စကား ဘယ်လိုဆို… အမှန်ကိုသိနေခဲ့

မြေးကို ထိန်း တဲ့လက်တွေဟာ….. တစ်ခါတခါ..

သမီးထက်ကိုမပိုတာ….အမှန်ပါပဲ..။

အနာဂတ်ပျောက်ဆုံးသူရယ်လို့..ယူကြုံးမရ…

ရင်ထဲကငို…..

မြိုလို့လည်းမဖြစ်...ထွေးအန်လည်း မပစ်နိုင်…

ယိုင်နွဲ့ သတိ..ဝိရောဓိ တွေ..ဆက်ဆက်နေပြီး

မွှေမွှေနှောက်နှောက်….ဆောက်တည်ရာမရ..

ဘဝ မီးတွေ

သမီး လောင်မြိုက်စေခဲ့တယ်..။

*အမေ..အမေ….အမေ ရယ်…

အမေရယ် လို့

ထပ်ဆင့်ကာဆို……မည်သို့ဆိုလည်း

ကုသိုလ် ကြမ္မာ မမှီပါ ခဲ့……ကုန်လွန်ခဲ့ပြီ..။

တုံ့လှည့် ဝဋ်အင်…ဆင်ခြင်သတိ..ရှိလာတဲ့အချိန်…။

လဲရာကထ...ဘဝရေဆန်…တဖန်ထုဆစ်…..အသစ်ဖြစ်ချိန်….။

အမေ့ဆန္ဒ..မြင်လိုလှတဲ့…ဘဝပုံရိပ်…အကျိတ်အခဲ…ဖြိုခွဲမိချိန်….။

အပေးသမား ဆိုတာ အအေးသမား တဲ့..

ဆရာရှင် ရဲ့စကား၊ မှတ်သားအေးမြနေခဲ့အချိန်…..။

အရိပ်ရခြင်း၊ စိတ်ချခြင်း တွေ…

ဝေဆာနေခဲ့… အမေ့ရဲ့ ထီးတစ်စင်း ..အဖြစ်..

လင်းချင်း သန့်စင်..အမှန်မြင်ခဲ့…။


*ဒါပေမဲ့….လေ….

ဘယ်မှာဝေမျှ..ခံစားရမလဲ..။

ဘယ်မှာ အုပ်မိုး… လှုပ်နှိုးရမလဲ…။

ဘယ်မှာပေးဝေ….ချမ်းမြေ့စေမလဲ..။

ပြန်ဝယ်မရ….ပြန်မရ တဲ့

တစ်ခါက..အတွက်..၊ မျက်ရည်နှင့်လူး

စူးနစ်နောင်တ…. ကဋေကဋာ…။

***၂၀၀၃ ခုနှစ် ဧပြီလ ၂၉ ရက် နေ့ ည ၉နာရီ အချိန်မှာ အားလုံးကိုချန်ထား၊ဘဝတစ်ပါးသို့ ပြောင်းသွားခဲ့ပါသော ကျေးဇူးရှင် မိခင်ကြီး သို့ ဤ ကဗျာ ဖြင့်ဝန်ချတောင်းပန် ကန်တော့အပ်ပါသည်။******

သစ္စာအလင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP