* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 30, 2011

စိတ်လိုက်၍ မာန်ပါသည်


ကိုရင်လေး အဆောင်နားကပ်လျက်ရှိနေသည့် တိုက်တန်းများမှာ ကုလားမိသားစု အတော်များ များနထိုင် နေကြသည်။ ထို့ကြောင့်ပဲ မကြားချင်အဆုံး ဆူညံသံများကား နားနှင့်မဆံ့။ နေ့တိုင်းလိုလို မနက်ပိုင်း သို့မဟုတ် ညနေပိုင်းများမှာ ရန်ပွဲများစတင်ကြလေသည်။ ထို့ကြောင့် သူတို့ကြည့်နေရင်းပင် အထက်ပါစကား လေးကို အတွေးထဲရောက်ရှိခဲ့ပြီး စာကြောင်းများအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

မိမိတို့ပြုလုပ်ဆောင်ရွက်နေ့သည့် နေ့စဉ်လုပ်ငန်းတိုင်းသည်လည်း စိတ်ကဦးစီးလုပ်ကိုင်နေကြရသည်။ စိတ်ကဦးစီးဦးဆောင်ခြင်းနောက် ကိုယ်ကအားမာန်အပြည့်ဖြင့် လုပ်ငန်းသည်လည်း အဆင်ပြေ ချောမွေ့ နေပေ လိမ့်မည်။ စိတ်ကဦးဆောင် သွားပေမယ့် ကိုယ်က မာန်ပါပါမလိုက်ပါနိုင်လျှင်လည်း ထိုလုပ်ငန်း သည် အောင်မြင်သော အခြေအနေသို့ရောက်ရှိခဲ့သည်။ စိတ်ကဘယ်လောက်ပင် ဦးဆောင်နေပါစေ ကိုယ်ကမာန် ပါပါနဲ့ မလုပ်ကိုင်ခဲ့လျှင်ဖြင့် အောင်မြင်သော အခြေအနေသို့ ရောက်ရှိလိမ့်မည်မဟုတ်ပေ။

ကျောင်းသားတစ်ယောက်ဟာ စာကိုမဖြစ်မနေကျက်ရမည်သာ သို့သော် ကျက်ချိန်တိုင်းမှာ မဖြစ်မနေမို့ ကျက်နေရသည်။ စိတ်ကစာကျက်နေပေမယ့်လို့ မိမိကိုယ်တိုင်က ထိုစာမေးပွဲ သို့မဟုတ် မိမိရည်မှန်းသော ပန်းတိုင်သို့ ရောက်ရမည်ဟူသော အားမာန်မပါလျှင် ထိုစာကျက်မှုသည့်လည်း အချိန်ကုန်သလောက် ထိ ရောက်မှုမရှိတော့ပေ။ စိတ္တေနနီယတေလောကော လောကကြီးကို စိတ်ကသာ ဦးစီးဦးကိုင်ဖြစ်သည် ဟု ဘုရားရှင် ဟောကြားထားတော်မူသည်။ ဘယ်အရာမဆို စိတ်ကဦးဆောင်သည်မှာ မလွဲဧကန်ပင်။ အမှုအခင်းတစ်ခုဖြစ်ဖို့ ပထမဆုံးအချက်ကား မိမိ၏စိတ်ဖြစ်သည်။ ထို့နောက်မှ ပြုလုပ်လုပ်သည့် စိတ်နောက်မှာ မိမိကိုယ်တိုင်ရဲ့ အားမာန်ပင်။

စိတ်က အကောင်းဘက်ဆီသို့ ဦးတည်နေသော်လည်း မိမိ၏အားမာန်ကား အလိုက်သင့်မလိုက်ဖြစ်လျှင်ဖြင့် ထိုဦးတည်သောစိတ်သည် အထမြောက်ခြင်းမရှိတော့ပေ။ စိတ်ကူးဖြင့် တိုက်ဆောက်နေကြသည် ဆိုသော စကားကို ပက်ဝန်းကျင်တွင်ကြားမိနေပေလိမ့်မယ်။ တကယ်တန်း စိတ်ကူးယဉ်များဖြင့်သာ တိုက်ဆောက် ပြီး ဖြစ်ရမည်ဆိုသော အားမာန်ကားမပါခဲ့ပေ။ ထို့ကြောင့် အပြောသမား လက်တွေ့တကယ်တန်း အား မာန်ဖြင့်ကား အချည်းနှီးဟု အပြောခံရလေသည်။ မိမိစိတ်ဦးတည်လိုက်သည့် အခြေအနေသို့ မိမိအားမာန် ကလည်း လိုက်ပါ နေပါမှ အပြောနှင့်အလုပ် စိတ်နောက်မာန်ပါဖြစ်လိမ့်မည်။ စိတ်ကသွားနေပေမယ့် မာန်မပါလျှင် အထမြောက် ခြင်းကား ပြည့်စုံပါ၏လော။ စိတ်သွားမှမာန်ကပါသည်။

"စိတ္တေန ပရိကဿတိ" လောကကြီးကို စိတ်ကဆွဲခေါ်နေတာဟု မြတ်စွာဘုရားရှင် နောက်တစ် မျိုးပောာထားပါသေးသည်။ စိတ်က ဆွဲခေါ်ရာသို့ လိုက်ရသော ဤခန္ဓာကိုယ်သည် ကောင်း၏ မကောင်း ၏ ဝေဖန်နိုင်စွမ်းမရှိ ဆွဲခေါ်နေသော စိတ်သည်သာ ခွဲခြားနိုင်စွမ်းရှိသည်။ မိမိကို ကောင်းသော ဘ၀သို့ ရောက်အာင်လုပ် သည်လည်း ထိုစိတ်။ မကောင်းသောဘ၀ရောက်အောင် ပို့ဆောင်တတ်သည်မှာ ထိုစိတ်ပင်။ မိမိစိတ်သွားရာသို့ မာန်ကားလိုက်နေတတ်သည်။ ကောင်းသောမာန်နှင့် မကောင်းသော မာန်ကား စိတ်ကပင် ခွဲခြားသိမြင်နိုင် သည်။ လုပ်ငန်းအတွင်းအချင်းချင်းစကားများ မခေါ်မပြောဖြစ်ရခြင်း သည်လည်း ထိုစိတ်နှင့် နောကပါသည့် မာန်ပင်။ ငယ်သူငယ်ချင်း အချင်းချင်းဆုံတွေ့နေကြသော်လည်း တစ်ယောက်နှင့် တစ်ယောက် မခေါ်မပြောဖြစ် ရခြင်းသည် ထိုစိတ်နှင့် မာန်ပင်။ မိသားစုအချင်းချင်း စိတ်ဝမ်းကွဲ နေခြင်းသည် လည်း ထိုစိတ်နှင့်မာန်ပင်။

အကောင်းဘက်ဦးတည်သောစိတ်ကိုသာ အလေးပေးထားလျှင်ဖြင့် ထိုမာန်သည်လည်း အကောင်း ချည်းဖစ်မည်။ မကောင်းသောစိတ်သို့ ဦးတည်သော စိတ်သည်လည်း မကောင်းသော မာန်ဖြင့်သာ ဒွန်တွဲ နေတော့မည်။ ပြောနေကျစကားလေးရှိပါသေးသည်။ မင်းကွာ စိတ်လိုက်မာန်ပါမလုပ်နဲ့လို့ ငါပြော ပါတယ်။ ထိုအရာသည် မကောင်းသောစိတ်နှင့် မကောင်းသောမာန်ကို ဦးတည်ပြောဆိုခြင်းဖြစ်သည်။ စိတ်လိုက် မာန်ပါလုပ်မိခြင်းကြောင့် မိမိမလိုချင်သော ဘ၀၊ အခြေအနေအမျိုးမျိုး ကိုရရှိသွားကြသူများ မရေတွက်နိုင် အောင်ရှိနေမည်။ အချို့နေရာတွေမှာ စိတ်သွားတိုင်း မာန်ပါလို့ကောင်းနေပေမယ့်လည်း အချို့အရာတွေမှာ တော့ မကောင်းလှပေ။ ထို့ကြောင့်.. စိတ်အလိုလိုက်၍ မာန်ပါတိုင်းတော့ အကောင်းချည်း မဟုတ်ပေ။

Show/Hide

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP