* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 30, 2011

*သီရိမင်္ဂလာ မြန်မာသီလရှင်ကျောင်းမှ စီစဉ်ကျင်းပသော ဗုဒ္ဓ ဓမ္မ သဘင်*

သီရိမင်္ဂလာ မြန်မာသီလရှင်ကျောင်းမှ စီစဉ်ကျင်းပသော

ဗုဒ္ဓ ဓမ္မ သဘင်

ပိုင်းလော့ဆရာတော်ကြီး အရှင်ဇေယျပဏ္ဍိတ (မိုးညှင်းသိင်္ဂီကျောင်းတိုက်)


ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့…..

ပိုင်းလော့ဆရာတော်ကြီး အရှင်ဇေယျပဏ္ဍိတ (မိုးညှင်းသိင်္ဂီကျောင်းတိုက်) ဆရာတော်ဘုရားကြီးမှ တရားတော်များ ဟောကြားချီးမြှင့်မည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

(၁) ဗုဒ္ဓဓမ္မသဘင်နှင့် ခင်ပွန်းကြီးဆယ်ပါး ကန်တော့ခန်း

နေ့ရက်-မေလ ၁ ရက် (တနင်္ဂနွေနေ့)၂၀၁၁ခုနှစ်

အချိန်

စင်္ကာပူစံတော်ချိန် ညနေ ၄း၃၀ နာရီ မှ ၇း၃၀ နာရီအထိ

မြန်မာစံတော်ချိန် ညနေ ၃း၀၀ နာရီ

ရုရှားစံတော်ချိန် နေ့လည် ၁၂း၃၀ နာရီ

ပစိဖိတ်စံတော်ချိန် နံနက် ၁း၃၀ နာရီ

နယူးယောက်စံတော်ချိန် နံနက် ၄း၃၀ နာရီ


(၂) ညစဉ်ကျင်းပသော အလုပ်ပေးတရားပွဲများ

နေ့ရက်-ဧပြီလ ၃၀ ရက် (စနေနေ့)၂၀၁၁ခုနှစ် မှ မေလ ၈ ရက် နေ့အထိ

အချိန်

စင်္ကာပူစံတော်ချိန် ညနေ ရး၀၀ နာရီ

မြန်မာစံတော်ချိန် ညနေ ၅း၃၀ နာရီ

ရုရှားစံတော်ချိန် နေ့လည် ၃း၀၀ နာရီ

ပစိဖိတ်စံတော်ချိန် နံနက် ၄း၀၀ နာရီ

နယူးယောက်စံတော်ချိန် နံနက် ၇း၀၀ နာရီ

တရားပွဲဖြစ်မြောက်ရန် ဆောင်ရွက်ပေးသော သီရိမင်္ဂလာမြန်မာသီလရှင်ကျောင်း

(http://www.sirimangalasociety.org) နှင့်တကွတရားတော်များ ထုတ်လွှင့်နိုင်ရန်အမြဲဦးစီး ဆောင်ရွက်ပေးသော စင်္ကာပူမှ Live Dhamma အဖွဲ့အား (http://livedhamma.com/) မှအထူးကျေးဇူးတင်ရှိပါသည်။

လေးစားရိုသေစွာဖြင့်

ဖိုးသား

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP