* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 30, 2011

*မသန်မစွမ်းမိဘမဲ့ကလေးများအတွက်အလှူ*

ကျွန်တော် ဒီနေ့ 28.4.2011 နေ့တွင် အလှူလေး တစ်ခု ဖြစ်မြောက်ခဲ့ပါတယ်။ မရှိလို့ မလှူ မလှူလို့ မရှိ ဆိုတာ တကယ်တော့ လှူမှ ပိုပြီး ရှိလာမှာကို ပြောတဲ့သဘောပါဘဲ။ အရင်ဘ၀ ကုသိုလ်လုပ် လှူခဲ့ကြလို့ ခုဘ၀မှာ ကောင်းကျိုးခံစားနေရတာဖြစ်ပြီး အခု မရှိလို့ဆိုပြီး မလှူဘဲနဲ့နေရင် နောက်ဘ၀တွေလည်း ဒီလိုဘဲ သံသရာတွေလည်နေမှာဘဲ ဖြစ်ပါတယ်။ ဒါကြောင့် မရှိပေမယ့်လည်း ကိုယ်တတ်နိုင်သရွေ့ တစ်ပဲလှူလှူ၊ တစ်ပြားလှူလှူ စိတ်ထားသန့်သန့် စိတ်သာ အဓိက ထားပြီး လှူကြရင် အကျိုးကျေးဇူးများစွာ ပေးပါတယ်။ ရှိပြီးသားသူတွေကလည်း တိုး၍ လှူခြင်းဖြင့် နိဗ္ဗာန်လမ်းကို မတက်လမ်းနိုင်သရွေ့ ကောင်းကျိုးချမ်းသာတွေကို ခံစားရပြီး နောက်ဆုံးတွင် မဂ်ဖိုလ်နိဗ္ဗာန်သို့ မျက်မှောက်ပြုသွားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို လှူမှလည်း သေရင်ကိုယ်နောက်ကို အထုတ်ကလေး သယ်သွားနိုင်မှာဖြစ်ပါတယ်။ စကားတွေအစချီနေတာနဲ့ လိုရင်းကို ရောက်ချင်တော့ဘူး :)
တစ်နေ့ အွန်လိုင်းတွင် စကားစပ်မိရင်းနဲ့ အစ်မ တစ်ယောက်ကလည်း မသန်မစွမ်း ကလေးတွေကို အလှူပြုချင်ပါတယ်။ အဲဒီမှာ ကျွန်တော်လည်း ရန်ကုန်က အန်တီကို ပြောပြတော့ အန်တီကလည်း သူတို့မိသားစုလည်း လှူချင်ပါတယ် စိတ်ဝင်စားတယ်ဆိုတာနဲ့ အန်တီတင့် မိသားစု၏ အကူအညီဖြင့် မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ ပြည်ထောင်စု မြန်မာနိုင်ငံတော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ၀န်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန မသန်မစွမ်း ကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာ (DISABLED CARE CENTER) ကိုသွားရောက်ပြီး မုန့်အမျိုးမျိုး၊ အအေးဗူး၊ ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်၊ ဆေးအမျိုးမျိုး တို့ကို လှူဒါန်းခဲ့ပါတယ်။ အဲဒီကျောင်းလေးတွင် ကလေး (၄၂) ယောက်နှင့် ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးသာ ဆရာမ (၁၇) ရှိပါတယ်။ ကျားမ သီးသန့် ထားပြီး ကလေးတွေက အလှူရှင်တွေလာတော့ ၀မ်းသာပြီး ငါတို့ မုန့်တွေစားရတော့မယ်ဆိုပြီး ပြောကြတယ်ဆိုတာကို သွားရောက်လှူဒါန်းခဲ့သော အန်တီက ပြန်လည်ပြောပြလို့ သိရပါတယ်။ အစ်မ မွန်၏ ဆန္ဒအရ လက်ဆောင်ထုတ်လေးတွေကိုလည်း Happy glorious birthday of Lord Buddha ဆိုတဲ့ စာတမ်းလေးတွေနှင့်ဖြစ်အောင် အန်တီတို့ မိသားစုက ပြုလုပ်ပေးခဲ့ပါတယ်။ အလှူရှင်များကတော့-
မမွန် (နော်ဝေ) = ကျပ် ၆၀၀၀၀
ဦးထွန်းမြိုင်+ဒေါ်ကျင်စိန် မိသားစု = ကျပ် ၁၅၀၀၀
အန်တီမြ = ကျပ် ၂၂၀၀၀
အန်တီတင့် = ကျပ် ၂၅၀၀၀
ဒေါ်နီနီသော် = ကျပ် ၈၀၀၀
စုစုပေါင်း = ကျပ် ၁၃၀,၀၀၀ (ကျပ်တစ်သိန်းသုံးသောင်း)
အန်တီတင့်တို့ မိသားစု အကူအညီဖြင့် ဓါတ်ပုံမှတ်တမ်းလေးတွေလည်း ရခဲ့ပါတယ်။ အားလုံးသော ဓမ္မမိတ်ဆွေ သူငယ်ချင်းများကိုလည်း သာဓု ခေါ်ဆိုနိုင်ရန်အတွက် ဓါတ်ပုံလေးတွေကို ပြန်လည် မျှဝေလိုက်ပါတယ်ခင်ဗျာ။

အခုလို အဖက်ဖက်မှ ဖြစ်မြောက်အောင်မြင်အောင် ကူညီဆောင်ရွက်ပေးသော အန်တီတင့် မိသားစုကိုလည်း အထူးကျေးတင်ရှိပါတယ်ခင်ဗျာ။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP