* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 30, 2011

တောင်ကိုရီးယားနိုင်ငံမှ ဗုဒ္ဓဘာသာမေးခွန်းများ အမှတ်စဉ် (၃၉)

Ma Yin Yin Aye (Department of Korean Studies)

Ewha Womans University,

မေးခွန်း ။ဘုရားလောင်းဟာ သူအို သူနာ သူသေ ရဟန်းကို တွေပြီး တောထွက်ခဲ့တယ် ဆိုတာကို ငယ် ငယ်ကလေးထဲက ဗုဒ္ဓဘာသာသင်တန်းကျောင်းမှာ သင်ထားခဲ့လို့ထိုအကြောင်းအရာနှင့်ပတ် သက်ပြီး သံသယ မဝင်ခဲ့ပါဘုရား။ ဘုရားလောင်းအသက် ၂၉နှစ်တိုင်အောင် ဘုရားလောင်း ဖခမည်း တော်က တိုင်းပြည်မှာရှိတဲ့ အိုသူ နာသူ သေသူ ရဟန်းစသော သူများကို တိုင်းပြည်၏ အပြင်ကို ထုတ်ပြီး ဘုရားလောင်းနဲ့ မတွေ့အောင် လုပ်ထားတယ်လို့လဲ ကြားဖူးပါတယ်ဘုရား။ ဒါပေမယ့် ဘုရားလောင်း ဖခမည်းတော်ကရော အသက်မကြီးတော့ဘူးလားဘုရား။ ဘုရားလောင်းအသက် ၂၉နှစ်ဆို ဖခမည်း တော်လည်း အိုနေလောက်ပြီ မဟုတ်ဘူးလားဘုရား။ နောက်တစ်ခုက ဘုရားလောင်း မယ်တော်က မွေးပြီး (၇) အကြာမှာ သေသွားတယ်ဆိုတာကိုလဲ ထည့်တွက်ရမယ် ထင်ပါတယ်။ ပြီးတော့ ဘုရား လောင်းနဲ့ အတူတူ ပျော်ပါးနေတဲ့ သူတွေထဲမှာရော ပြေးရင်း လွားရင်း၊ ကစားရင်း တစ်ခုခုရော မဖြစ်နိုင်တော့ဘူးလားဘုရား။ ဒီအကြောင်းအရာနဲ့ ပါတ်သက်ပြီးတော့လဲ ဖြေကြားပေး တော်မူပါဦးဘုရား။

ဖြေ။ သူအို၊ သူနာ၊ သူသေ၊ ရဟန်းအားဖြင့် နိမိတ်ကြီးလေးပါးမြင်ပြီး တောထွက်သည့် အချိန်တွင် သက်တော်(၂၉) ရှိပြီဖြစ်သဖြင့် ထိုနှစ်မတိုင်မီက ဤနိမိတ်ကြီးလေးပါးနှင့် အလားတူ သူအို၊သူနာ၊ သူသေ၊ ရဟန်းတို့ကို မြင်နိုင်ခဲ့ပေသည်ဟု မေးခွန်းရှင်က ယူဆပေသည်။ လေးမျိုးနိမိတ် နတ်ပြ ဟိတ်ကြောင့် ရွှေစိတ်ငြင်ငြို သံဝေပို၍၊ ၀ါဆိုလပြည့် ကျားမင်းနေ့ဝယ် ဟုလယ်တီ ဆရာတော်ကြီး စာစပ်ဆိုထားသည်ကို ကြည့်ပါက (၂၉) နှစ်အ၇ွယ် မတိုင်မှီက သူအို၊ သူနာ၊ သူသေ၊ ရဟန်းတို့ကို လုံးဝ မမြင်ဘူးခဲ့ပါဟု စာပေတွင်မလာပါ။ စာပေတွင်ပါသည်က နတ်များက ပြသသော ဤနိမိတ်ကြီး လေးပါးကိုသာ သံဝေဂဖြစ်ဖွယ်၊ ထိတ်လန့်တုန်လှုပ်လောက်သည့် နိမိတ်မျိုးများ ဖြစ်ပါသည်။

အရင်က မြင်ဖူးခဲ့သည်ဆိုပါလျှင်လည်း ဤမျှလောက် သတိပြုမိလောက်အောင် အို၊ နာ၊ သေ၊ ရဟန်း အသွင်မျိုး မရှိခဲ့ဟု မှတ်သားရပါမည်။ အဘယ့်ကြောင့်ဆိုပါလျှင် စိတ်ထိခိုက် လောက်အောင် ပုံသဏ္ဍာန်မျိုးများ မရှိအောင်လည်း ဖခင်ဘုရင်ကြီးက ကြိုတင်တားဆီး ထားခဲ့ပါသည်။ဤနေရာတွင် ဒီဃနိကာယ်အဋ္ဌကထာ၊ မဟာဝဂ္ဂ၊ ဇိဏ္ဏပုရိသအဖွင့် စာမျက်နှာ ၄၈ တွင် ရထားထိန်းကိုမေးရာတွင် ငါသည် ဒီလို ဆံပင်မျိုးးနှင့် ဒီပုံစံခန္ဓာကိုယ်မျိုးလို ရှိတဲ့လူအို ဖြစ်ရဦးမှာလားဟု မေးမြန်းခဲ့ပါသည်။ ဒီလောက် ထိတ်လန့်ဖွယ် မကောင်းသော သူအို၊ သူနာစသည်ကို မြင်ဖူးခဲ့မည်မှာ သေချာပါသည်။ သုဒ္ဓါဝါသဘုံမှ ရဟန္တာဗြဟ္မာကြီးများက လူ့ပြည်သို့သက်ဆင်းပြီး ဘုရားအလောင်းတော်သည် ရွှံ့ညွှန်နစ်နေသော ဆင်ကောင်ကဲ့သို့ ကာမဂုဏ်တရားတွေ၌ ငြိတွယ်နေသည်ဟု မြင်သဖြင့် အထူး ပြသရသော သူအိုမျိုး ဖြစ်ပါသည်။ ဤနိမိတ်ကြီးလေးပါးကို တစ်ခြားပွင့်တော်မူပြီးသော ဘုရား အလောင်းတော်များသည်လည်း မြင်ခဲ့ကြပါသည်။ ထူးခြားချက်မှာ ဂေါတမဘုရား အလောင်းတော်က တစ်ရက်တည်းဖြင့်ပင် လေးမျိုး စလုံးကို မြင်သည်ဟု ဖွင့်ပြပါသည်။ ဗုဒ္ဓ၀ံသအဋ္ဌကထာအဖွင့် စာမျက်နှာ (၃၂၆) တွင်မူ ယခုမြင်နေရတဲ့ သူအိုရဲ့ ဆံပင်ဟာ တစ်ခြားလူများရဲ့ ဆံပင်များနဲ့လဲ မတူပါလား ဟု ရထားထိန်းကို မေးမြန်းခဲ့ပါသည်။ ဤနေရာတွင် နိမိတ်ကြီးလေးပါးကို လေးလ လျှင်တစ်ကြိမ်ကျ မြင်သည်ဟု ဆိုရုံမျှမဟုတ် ဒီဃဘာဏက တို့ကမူ တစ်နေ့တည်း နိမိတ်ကြီး လေးပါးလုံး အကုန်မြင်သည်ဟု ဆိုထားကြောင်းကိုပါ ၀ါဒကွဲကို ဖွင့်ပြပါသည်။ လေးလတစ်ကြိမ် နှင့် တစ်ရက်တည်း အကုန်မြင်ဟူသော ၀ါဒကွဲကို တွေ့ရပါသည်။ ဒီဃဘာဏက အဆိုကို စာရေးသူက သဘောကျပါသည်။ ထိုဆရာတော်များသည် သက်ဆိုင်ရာဘာသာတွင် အထူးပြု သူများဖြစ် သောကြောင့်ပါတည်း။ နောက်တစ်ခုမှာ သုဒ္ဓါဝါသ ဗြာဟ္မာကြီးများ၏ စိတ်အစဉ်တွင် လည်း တစ်ခါတည်းပင် ဖြစ်ပေါ်နိုင်ပေသည်။ ခဏခဏ နိမိတ်တွေကိုပြနေမည်ဟု မထင်ပါချေ။ အဘယ့် ကြောင့် ပါနည်း သူတို့၏ ဗြဟ္မာသက်ကို လူသားများ၏ အသက်နှင့် တွက်ချက်သော် စက္ကန့်မျှပင် ရှိချေမည်။

အိန္ဒိယမှ တရားရေးဝန်ကြီးဟောင်း အမ်(မ်)ဘေဒကာကမူ နိမိတ်ကြီးလေးပါးကြောင့် ဘုရား အလောင်း တောထွက်ခဲ့သည်မဟုတ်။ စစ်မှုထမ်းရမည်ကို ကြောက်သောကြောင့်ဟုပင် ရေးသားထား ပါသည်။ သူသည်လည်း ကမ္ဘာကျော် စာပေပညာရှင်၊ နိုင်ငံရေးခေါင်းဆောင်၊ ဗုဒ္ဓဘာသာဝင်တစ်ဦးလည်း ဖြစ်ပါသည်။ ဘုရားအလောင်းက နိမိတ်များကို မြင်သောအခါ ဘာလဲစသဖြင့် မေးခွန်းသည် သိပြီးသားကို ထိတ်လန့်စိတ်ဖြင့် မေးသောမေးခွန်းမျိုး ဖြစ်ပါသည်။ ယခုခေတ်တွင်လည်း အကြီး အကဲများက သိပြီးသားကို ထပ်မံသေချာအောင် လက်အောက်ငယ်သားများကို မေးသည်ဟု အဆိုရှိ ပါသည်။

သူငယ်စဉ်က ရသေ့အိုကြီး၏ ဦးခေါင်းပေါ်သို့ပင် တက်ခဲ့သည်ဟုဆိုပေရာ သူအိုလည်းဖြစ်၊ ရဟန်းလည်းဖြစ်သော သူကို မြင်ဖူးပြီးသားဖြစ်ပေသည်။ ရသေ့သည် သူ့ဖခင်ထက်ပင် အသက် ကြီးခဲ့ပြီး ရသေ့၏ အသွင်သည် ရဟန်းအသွင်နှင့် သိပ်ပြီးမကွာခဲ့ပေ။ မကွာသည့် အကြောင်းကို ဗိမ္ဗိသာရမင်းက တောထွက်ခါစ ဘုရားအလောင်းတော်ကို ပြောခဲ့သော ယခုအခါ တင့်တယ် သပ္ပါယ်သော ရသေ့ရဟန်းကို တွေ့ရခဲသည်ဟူသောစကားဖြင့် မှတ်သားရပါမည်။။ မင်းသားငယ် ငယ်လေးဟု မအောက်မေ့သင့်ပေ။ ထိုအချိန်က သူ၏ ရွှေစိတ်တော်သည် မငြင်ငြိုခဲ့သေးပေ။ သို့အတွက် သံဝေဂလည်း မပိုခဲ့သေး၊ အချိန်လိုနေသေးခဲ့ပါသည်။ ယခုအခါမူ (၂၉) နှစ်အ၇ွယ်မို့ သံဝေစိတ်လည်းယိုဖိတ်၊ေ၇ွှစိတ်တော်ကလည်း ရင့်ခဲ့ပေပြီ။ သို့အတွက် နိမိတ်လေးပါးကိုမြင်သော် အိပ်ရာမှ လန့်နိုးသူ တစ်ဦးပမာ မေးခဲ့ခြင်းဖြစ်ပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP