* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 30, 2011

သံယောဇဉ်မျက်နှာထောက်ပြီးတော့

သံယောဇဉ် သံယောဇဉ်နဲ့ လူသားတို့ အသိုင်းအ၀ိုင်းကြားမှာ အသုံးများတဲ့

ပါဠိစကားလုံးတစ်ခုပါ။ တစ်နေ့က လ္ဘက်ရည်ဆိုင်က ဖွင့်နေတာလေး ကြားမိတယ်။
သံယောဇဉ် သံယောဇဉ် လူကို အရူးတစ်ပိုင်းဖြစ်စေတယ် .....တဲ့။ လူသားများကို
သံသရာစက်ဝန်းကြီးထဲက ထွက်မသွားနိုင်အောင် ဆွဲထားတဲ့ကြိုးတွေရှိပါတယ်။
ထိုကြိုးတွေသည် သံယောဇဉ်ကြိုးများပါင်။ သံယောဇဉ်ဘယ်လောက်များအား
ကြီးလိုက်သလဲဆိုရင် အရိယာထဲမှာ တတိယမြောက် အဆင့်ဖြစ်တဲ့ အနာဂါမ်
အထိရှိနေပါတယ်။ ထိုသို့ အနာဂါမ်အရိယာထိ ရစ်ပတ်နိုင်သော သံယောဇဉ်
သည်ကား ပုထုဇဉ်များကို အရူးတစ်ပိုင်းမက အရူးလုံးလုံးကို ဖြစ်စေနိုင်ပါတယ်။
သံယောဇဉ် ကြိုး ၁၀ ချောင်းရှိပါတယ်။ တစ်ချို့က ပြောကြတယ်။
သံယောဇဉ် ဖြတ်ကြရအောင်ဆိုပြီး အဆက်အသွယ်မလုပ်နေမယ်တဲ့။ အော်
အဆက်အသွယ်မလုပ်ဘဲ နေရုံနဲ့ သံယောဇဉ်ပြတ်ပလားဆိုတော့ အဆက်
အသွယ်ပြတ်တာပဲရှိမယ်။ သံယောဇဉ်တော့ မပြတ်ပါ။ မြင်ချင်တဲ့ စိတ်ကလေး
ကရှိနေ၊ ကြားချင်တဲ့ စိတ်ကလေးက ရှိနေသေးတယ်ကိုး။ သံယောဇဉ်ဘာ
ကြောင့်ဖြစ်သလဲ လို့မေးကြည့်တော့ မြင်ရလို့ သံယောဇဉ်ဖြစ်တာလား ?
မြင်ချင်လို့ သံယောဇဉ်ဖြစ်တာလား ? မြင်ရလို့သံယောဇဉ်ဖြစ်သည်
ဆိုလျှင်ကား တစ်နေ့ တစ်နေ့ မြင်နေရတာ အများကြီးရယ်ပါ။ မြင်ချင်လို့
သံယောဇဉ်ဖြစ်ရတာပါ။
အာရုံ ငါးပါးသည်ကား ကိုယ်နှင့်ကြုံသည်ဖြစ်စေ၊ မကြုံသည်
ဖြစ်စေသူ့အလိုလိုရှိနေမှာပါ။ ထိုအာရုံပေါ်တွင် ကပ်ငြိ၊ တွယ်တာခြင်းသာ
မိမိ၏ သံယောဇဉ်ဖြစ်၏။ ထိုကပ်ငြိတွယ်တာတတ်သော သဘောကိုသာ
ဖြတ်ရမှာပါ။ အာရုံကို ဖြတ်ရန်မလိုပါ။ တစ်သံသရာလုံး ချည်နှောင်လာတဲ့
သံယောဇဉ်ကြိုးများကို ဓားတုံးတုံးနဲ့တော့ ဖြတ်ရန်မလွယ်။ အာရုံအပေါ်
ကြိုက်နှစ်သက်ခြင်းသည်သာ သံယောဇဉ်လားဆိုတော့ သူ့ရုပ်ကို မမြင်ချင်
သူ့အသံကို မကြားချင်တာသည်လည်း သံယောဇဉ်ပါပဲ။ ဘယ်သူ့အပေါ်မှ
သံယောဇဉ်မရှိပါဘူး ချစ်လည်းမချစ်၊ မုန်းလည်းမမုန်း ကိုယ့်လုပ်စာ ကိုယ်စား
ဘယ်သူ့မှ ဂရုမစိုက်တာလည်း မာန သံယောဇဉ်ကြောင့်ပါပဲ။ အော်သံယော
ဇဉ် သံယောဇဉ် လူကို အရူးတပိုင်းဖြစ်စေတာ မဟုတ်ပါဘူး။ အရူးကြီးလုံးလုံး
ဖြစ်စေတာပါလို့သာ ပြောလိုက်ချင်တော့တယ် ကွယ်တို့ရယ်..............။။
မောင်ပညာ ( ကေတုမတီ ) ပြည့်ပြည့်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP