၁၉ ကြိမ်မြောက်အလှူတော်အတွက် နှိုးဆော်ခြင်း
အားလုံးသော သာသနာ့ရောင်ခြည် အဖွဲ့ဝင် အပေါင်းတို့
လာမည့် မေလ ၂ ရက် (တနင်္လာနေ့တွင်) သာသာနာ့ရောင်ခြည်အဖွဲ့၏ ၁၉ ကြိမ်မြောက် အလှူတော်အား ကျင်းပပြုလုပ်နေကြဖြစ်သည့် Clementi ဘုန်းတော်ကြီးကျောင်းတွင် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ နေ့ဆွမ်းဆက်ကပ်ပြီး သာဓုအနုမောဓနာ ခေါ်ဆိုကြမည် ဖြစ်ပါသည်။
ထို ၁၉ ကြိမ်မြောက်နှင့်အတူ သာသနာ့ရောင်ခြည်အဖွဲ့ဝင်များ စုပေါင်းတိုင်ပင်ပြီး မြွေဆိပ်ဖြေဆေး အလှူတော်အတွက် စုပေါင်းလှူဒါန်းကြရန်လဲ တိုင်ပင်ထားရှိပါသည်။
အားလုံးသော သာသနာ့ရောင်ခြည်အဖွဲ့ဝင်များ စုံစုံညီညီတက်ရောက်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ တရားဘာဝနာ နာယူကြည်ညို သာဓုခေါ်ဆိုနိုင်ပါရန် ကြိုတင်အသိပေး နှိုးဆော်လိုက်ရပါသည်။
အားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ။
သာနာ့ရောင်ခြည်အဖွဲ့

0 comments:
Post a Comment