ရွှေတောင်ကျောင်း၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ ပဲခူးမြို့အလှူတော်
ရွှေတောင်ကျောင်း၊ ဇိုင်းဂနိုင်း မြောက်ပိုင်း၊ ပဲခူးမြို့ သို့ စစ်တက္ကသိုလ် အမှတ်စဉ်(၄၉) သင်တန်းဆင်းအရာရှိများ၏ အလှူတော်အား ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်းမှ အကျိုးဆောင်အဖွဲ့နှင့် တဆတ ကျောင်းဝန်းရှိ (သိမ်းကုန်းကျောင်း)မှ ဦးပဉ္စင်း ဦးဝိစာရတို့သည် (၂၃-၄-၂၀၁၁) ရက်နေ့တွင် ကျောင်းအုပ် ဆရာတော်ဦးဝိလာသအား န၀ကမ္မ၀တ္ထုငွေ ၃၄၄၀၀၀/ိ-ကျပ် လှူ ဒါန်းဆက်ကပ်ခဲ့ပြီး ခရီးအသုံးစရိတ် အဖြစ် လေးထောင်ကျပ် အသုံးပြုခဲ့သည်။ အလှူနေ့တွင် ကျောင်း၌ “စတုတ္ထအကြိမ်” ယဉ်ကျေးလိမ္မာသင်တန်း ဆောင်ရွက် လျက်ရှိရာ ကလေးများကို “ဖန်ဆင်းရှင်သုံးဦးကဗျာ”ကို ကိုထွန်းထွန်းလှိုင်မှ သင်ကြားပို့ချပေးခဲ့သည်။
လှူဒါန်းမှုမှတ်တမ်း အစုစုတို့ကို သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် အတွက် အသင်းသားအားလုံး၊ အလှူရှင်တွေ အားလုံးနှင့် ဓမ္မမိတ်ဆွေ အပေါင်းတို့အား ဖော်ပြပေးလိုက်ပါတယ်။ ကုသိုလ်ကောင်းမှု အစုစုတို့အား ၀မ်းမြောက်ဝမ်းသာ သာဓုခေါ် ဆိုနိုင်ကြပါစေ။ ဓမ္မမိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ညီညွတ် ချမ်းသာကြပြီး သာသနာတော်အား အစဉ်ထောက်ပံ့နိုင်ကြပါစေ။

0 comments:
Post a Comment