မြန်မာတွေ နေတဲ့မြန်မာပြည်
မြန်မာတွေ နေတဲ့မြန်မာပြည်
သစ်ပင်ကမ္ဘာ၊ ရုက္ခရွာ၌ ၊
ရသာချိုမြ၊ သီကင်းလှသည့် ၊
ဗန္ဓရသရက်၊ ပင်ပျိုထက်ဝယ် ၊
တွယ်ဖက်တက်လျှောက်၊ နွယ်ယှက်ပေါက်သည့် ၊
ဂွေးတောက်ကပ်ပါး၊ ပူးဝင်ပွား၍ ၊
တူးခါးဖန်သက်၊ ရသာပျက်ကာ ၊
မျိုးဆက်သိမ်ဖျင်း၊ မျိုးပျက်ခြင်းကို ၊
ထင်လင်းရှု့ မြင်၊ ပမာတင်၍ ၊
ဆင်ခြင်သုံးသပ်ကြည့်ပါလေ ၊၊
လူတို့ ကမ္ဘာ၊ သတ္တရွာ၌ ၊
နေရာပိုင်းရှာ၊ စည်းရိုးတား၍ ၊
မြေသားပထ၀ီ၊ တိုင်းဌာနီဟု ၊
တည်ရာပိုင်နက်၊ နယ်မြေထက်ဝယ် ၊
ဆက်ဆံချုပ်ခြား၊ အုပ်စိုးလာလျှက် ၊
ရှည်ကြာမှီတင်း၊ နေထိုင်းရင်းမှ ၊
သက်ဆင်းပေါက်ပွား၊ နိုင်ငံသားတို့  ၊
မြေသားစဉ်ဆက်၊ ပေါင်းနွယ်ဖက်ကြ ၊
မျိုးဆက်တစ်ခု၊ ၀ံသာနုကို ၊
ပြုစုတည်တံ၊ သွေးသန့်သန့်ဖြင့် ၊
ခန်းငြားထည်ဝါခဲ့ကြသည် ၊၊
သို့သော် ခန့်ညား၊ စည်းဝိုင်းတားလျှက် ၊
နေငြားသော်လည်း၊ လူ့ရွာထဲဝယ် ၊
စည်းကွဲချိုးဖောက်၊ တိုးဝင်နှောက်ပြီး ၊
ဂွေးတောက်ပင်နှယ်၊ ကပ်ပါးနွယ်၍ ၊
နယ်ကျော်ကြိုးရှုပ်၊ အမျိုးဖြုတ်မည့် ၊
သွေးစုပ်ရန်ဆွယ်၊ အသွယ်သွယ်ကို ၊
တွယ်ကပ်မှီခွဲ၊ ရှိစမြဲတည့် ၊၊
ဇွဲလုံးလပွား၊ သတိထား၍ ၊
တရားသစ္စာ၊ ဖြောင့်မှန်စွာဖြင့် ၊
တာဝန်သယ်ပိုး၊ စောင့်ကြပ်မိုးလော ၊၊
မျိုးနွယ်ညံ့ဖျင်း၊ သီငုံကင်းကာ ၊
လူချင်းမျိုးဖုံ၊ မျိုးမတုံးရေး ၊
နှလုံးမြဲမြံ၊ သန်ဒိဌာန်ဖြင့် ၊
အားမာန်ဝင့်ကာ၊ ကြူရင့်ပါအံ့ ၊
ကမ္ဘာအရှည်၊ မြန်မာတည်၍ ၊
တည်သည့်ဒို့မြေ၊ မြန်မာနေမည် ၊
မိုးမြေသိမ့်သိမ့် တုန်စေသတည်း ၊၊ ၊၊
မြင့်ကြူနိုင် (မုံရွာ)
သစ်ပင်ကမ္ဘာ၊ ရုက္ခရွာ၌ ၊
ရသာချိုမြ၊ သီကင်းလှသည့် ၊
ဗန္ဓရသရက်၊ ပင်ပျိုထက်ဝယ် ၊
တွယ်ဖက်တက်လျှောက်၊ နွယ်ယှက်ပေါက်သည့် ၊
ဂွေးတောက်ကပ်ပါး၊ ပူးဝင်ပွား၍ ၊
တူးခါးဖန်သက်၊ ရသာပျက်ကာ ၊
မျိုးဆက်သိမ်ဖျင်း၊ မျိုးပျက်ခြင်းကို ၊
ထင်လင်းရှု့ မြင်၊ ပမာတင်၍ ၊
ဆင်ခြင်သုံးသပ်ကြည့်ပါလေ ၊၊
လူတို့ ကမ္ဘာ၊ သတ္တရွာ၌ ၊
နေရာပိုင်းရှာ၊ စည်းရိုးတား၍ ၊
မြေသားပထ၀ီ၊ တိုင်းဌာနီဟု ၊
တည်ရာပိုင်နက်၊ နယ်မြေထက်ဝယ် ၊
ဆက်ဆံချုပ်ခြား၊ အုပ်စိုးလာလျှက် ၊
ရှည်ကြာမှီတင်း၊ နေထိုင်းရင်းမှ ၊
သက်ဆင်းပေါက်ပွား၊ နိုင်ငံသားတို့  ၊
မြေသားစဉ်ဆက်၊ ပေါင်းနွယ်ဖက်ကြ ၊
မျိုးဆက်တစ်ခု၊ ၀ံသာနုကို ၊
ပြုစုတည်တံ၊ သွေးသန့်သန့်ဖြင့် ၊
ခန်းငြားထည်ဝါခဲ့ကြသည် ၊၊
သို့သော် ခန့်ညား၊ စည်းဝိုင်းတားလျှက် ၊
နေငြားသော်လည်း၊ လူ့ရွာထဲဝယ် ၊
စည်းကွဲချိုးဖောက်၊ တိုးဝင်နှောက်ပြီး ၊
ဂွေးတောက်ပင်နှယ်၊ ကပ်ပါးနွယ်၍ ၊
နယ်ကျော်ကြိုးရှုပ်၊ အမျိုးဖြုတ်မည့် ၊
သွေးစုပ်ရန်ဆွယ်၊ အသွယ်သွယ်ကို ၊
တွယ်ကပ်မှီခွဲ၊ ရှိစမြဲတည့် ၊၊
ဇွဲလုံးလပွား၊ သတိထား၍ ၊
တရားသစ္စာ၊ ဖြောင့်မှန်စွာဖြင့် ၊
တာဝန်သယ်ပိုး၊ စောင့်ကြပ်မိုးလော ၊၊
မျိုးနွယ်ညံ့ဖျင်း၊ သီငုံကင်းကာ ၊
လူချင်းမျိုးဖုံ၊ မျိုးမတုံးရေး ၊
နှလုံးမြဲမြံ၊ သန်ဒိဌာန်ဖြင့် ၊
အားမာန်ဝင့်ကာ၊ ကြူရင့်ပါအံ့ ၊
ကမ္ဘာအရှည်၊ မြန်မာတည်၍ ၊
တည်သည့်ဒို့မြေ၊ မြန်မာနေမည် ၊
မိုးမြေသိမ့်သိမ့် တုန်စေသတည်း ၊၊ ၊၊
မြင့်ကြူနိုင် (မုံရွာ)

0 comments:
Post a Comment