* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, March 6, 2011

ဖေဖော်ဝါရီ ၁၉၊ ၂၆-၂၇ ဓမ္မသင်တန်းနှင့် ဆွမ်းအလှူများ

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက် စနေနေ့၌ ဆရာတော် အရှင်စက္ကိန္ဒက ဓမ္မစကြာသင်တန်းကို အပြီးသတ် ပို့ချပေးပြီး၊ ဖေဖော်ဝါရီလ ၂၆ ရက် စနေနေ့တွင် အနတ္တလက္ခဏသုတ်တော်ကို ပို့ချပေး၏။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက် စနေနေ့ ဓမ္မသင်တန်း



၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက် စနေနေ့ ဓမ္မသင်တန်း



+++++

ဆွမ်းအလှူများအဖြစ် -

ဖေဖော်ဝါရီလ ၂၆ ရက် စနေနေ့ နေ့ဆွမ်းကို ဒေါက်တာဗစ်တာဝင်းအောင်၊ ဒေါ်ညိုညိုဝင်း မိသားစုနှင့် မိတ်ဆွေမိသားစုများ, မိတ်ဆွေများက ကွယ်လွန်သူ ‘Anthony’, ‘ဦးမြင့်ဇော်’, ‘ကိုဝေဖြိုးလွင်’, ‘ကိုပြည့်စုံ’, ‘ဦးတင်အောင်ခင်’တို့အား ရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်များအား ကပ်လှူ ပူဇော်ကြ၏။

လောကချမ်းသာဆရာတော်က ဆွမ်းအလှူ အနုမောဒနာတရား ဟောကြား၏။



ဖေဖော်ဝါရီလ ၂၇ ရက် တနင်္ဂနွေနေ့တွင် ကွယ်လွန်သူ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း ဥက္ကဌ ဦးဟန်ကြူ (၁၉၃၃-၂၀၀၇)၊ သိရီသုဓမ္မမဏိဇောတဓရ-မြန်မာနိုင်ငံ (၂၀၀၂)၊ ဂုဏ်ထူးဆောင်-အာရှနှင့် ပစ္စဖိတ်နွယ်ဖွား နယူးယောက်မြို့တော်သားများ (၂၀၀၃) ၏ ကျန်ရစ်သူ ဇနီး ဒေါ်ခင်ဝါကြူ၊ သားသမီးများဖြစ်ကြသော ဒေါ်ဌေးဌေးဝင်း၊ ဦးသိန်းဝင်း-ဒေါ်စန်းစန်းဌေးဝင်းမိသားစုတို့က ဦးဟန်ကြူကွယ်လွန်ခြင်း ၄-နှစ်ပြည့် ရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး၊ ဇနီးဖြစ်သူ ဒေါ်ခင်ဝါကြူက နယူးဂျာစီ၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာ၊ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီးအတွင်း ဘုရားခန်းမအတွက် အလှူတော်ငွေ ဒေါ်လာတစ်သိန်း လှူဒါန်းရာ၊ ပထမဦး အရစ်ကျ ဒေါ်လာတစ်သောင်းကို ရေစက်ချ လှူဒါန်းသွား၏။

လောကချမ်းသာဆရာတော်က ဆွမ်းအလှူ၊ ကျောင်းအလှူ အနုမောဒနာတရား ချီးမြှင့်၏။










သာဓု ... သာဓု ... သာဓု။
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP