*ဘာအရာပဲ ကြုံတွေ့ကာနေ ဘာဝနာပဲ ထုံမွေ့ကာနေ*
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ရေးသားသည့် “ထူးမှထူး” စာအုပ်မှ ကောက်နုတ်ပြီး စာဖတ်သူ ဓမ္မမိတ်ဆွေများကို ပြန်လည်ကူးယူ ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ ဆရာတော် စာလေးကတော့ ဒီလိုပါခင်ဗျာ…
ဘာအရာပဲ ကြုံတွေ့ကာနေ ဘာဝနာပဲ ထုံမွေ့ကာနေ
ဒါကြောင့် အရှင်ပိယဉ္ဖဟမထေရ်အလောင်း ရုက္ခစိုးနတ်ကြီး သဲသောင်ပြင်ကိုကြည့်ပြီး ဂုဏ်တော်ပွားများတာကို နမူနာယူပြီးတော့ မိမိတို့လည်း ဘယ်အာရုံပဲတွေ့တွေ့၊ ဘယ်သက်မဲ့အာရုံ၊ ဘယ်သက်ရှိအာရုံကိုပဲတွေ့တွေ့ ဘာဝနာဖြစ်အောင် နှလုံးသွင်းမယ်၊ ဘာဝနာဖြစ်အောင် ပွားမယ်ဆိုပြီးတော့ ပွားရမယ်။ သီးခြားတရားထိုင်ပြီးတော့ ပွားနိုင်ရင်လည်းပွား၊ မပွားနိုင်ရင်လည်း မပွားန့။ဲ အရေးကြီးဆုံးကတော့ ဘယ်အာရုံပဲတွေ့တွေ့၊ တွေ့သမျှအာရုံနဲ့ လိုက်ဖက်တဲ့ ဘာဝနာတစ်ခုခုပွားဖြစ်ဖို့ပါပဲ။

0 comments:
Post a Comment