တက္ကသိုလ်စာမေးပွဲ
ဒီပလိုမာ ကျောင်းသားများ စာဖြေနေစဉ်
ဒီပလိုမာ ကျောင်းသားများ စာဖြေနေစဉ်
Advanced Level ကျောင်းသားများနှင့် အမှတ်တရ
အတန်းသုံးတန်းလုံးကျောင်းသားများနှင့် ဆရာများ အမှတ်တရ
ဘူဘေး ဆွမ်းကပ်နေစဉ်
စာဖြေကျောင်းသားများ ဆွမ်းဘုန်းပေး
သီတဂူ(ရန်ကုန်) ဝေယျာဝေစ္စအဖွဲ့က ဘူးဘေးဆွမ်းများ ပြင်ဆင်ပေးစဉ်
ဒီကနေ့ နောက်ဆုံးနေ့ စာမေးပွဲဖြစ်သည်။ ရန်ကုန် မန္တလေး စစ်ကိုင်းမြို့များရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်စာမေးပွဲများကို 1,2,3,4,5-3-2011 ငါးရက်တိုင်တိုင် တပြိုင်တည်း တချိန်တည်း ကျင်းပသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
ရန်ကုန်မြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ဒီနှစ် ဒီပလိုမာကျောင်းသား အပါး ၁၀၀ ကျော် ၀င်ရောက် ဖြေဆိုကြသည်။ ၅ ရက်တိုင်တိုင် ကုသိုလ်ရှင် အသီးသီးတို့က ဘူဘေးစနစ်ဖြင့် နေ့ဆွမ်းဖြင့် ဆက်ကပ်ကြသည်၊ အလှူရှင်များက ကျောင်းသားရဟန်းတော်များအား လမ်းစရိတ်များကိုလည်း လှူဒါန်းကြသည်။
၂၀၁၀-၂၀၁၁ ခုနှစ်ပညာသင်နှစ်အတွက် နောက်ဆုံးစာမေးပွဲဖြစ်၍ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် လာမည့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် ဘီအေ B.A. တန်းကို စတင်ဖွင့်လှစ်မည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၃-၂၀၁၁

0 comments:
Post a Comment