* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, March 6, 2011

ရည်ရွယ်ချက် (၂) ခု



၁၅၊ ၂၊ ၂၀၁၁ နေ့ကမြန်မာပြည်ကို ခဏပြန်ဖြစ်တယ်။
ပြန်ရခြင်းရဲ့ နံပါတ် (၁) ရည်ရွယ်ချက်က
ရန်ကုန်မှာ တည်ထောင်နေတဲ့ တည်ဆောက်နေတဲ့
Dhamma Garden Centre
(ဓမ္မဥယျာဉ်ကျောင်း) အခြေအနေကို ကြည့်ဘို့ဖြစ်တယ်။


ကျောင်းကို တာဝန်ယူတည်ဆောက်နေတဲ့
အင်ဂျင်နီယာကြီး ဦးကျော်ရွှေနဲ့ ဦးဒေ၀ိန္ဒ (M.A)
(လက်ထောက်မော်ကွန်းထိန်းဟောင်း၊ မန်း သာသနာ့တက္ကသိုလ်) အဆိုအရ
မေလ လဆန်းပိုင်းလောက်မှာ ဆောက်လက်စ အဆောက်အဦတစ်ဆောင်ပြီးစီးမှာဖြစ်ပြီး
အဲ့ဒီအဆောင်ထဲမှာ စာသင်ခန်းတစ်ခန်းနဲ့ ကွန်ပြူတာသင်တန်းခန်းတစ်ခန်းပါဝင်မှာဖြစ်တဲ့အတွက်
ဝါဆိုပြီး ၀ါတွင်းကာလတွေမှာ သင်တန်းများစတင်ဖွင့်လှစ်နိုင်တော့မှာဖြစ်ကြောင်းပြောပါတယ်။

မကြာမီအတောအတွင်းမှာ လုပ်ငန်းတစ်ခုအောင်မြင်ဘို့အတွက်
Material Power ပြည့်စုံတော့မှာဖြစ်လို့
Man Power ဖြစ်တဲ့ သင်ကြားပေးဘို့ဆရာများ အဆင်သင့်ဖြစ်စေရန်
အချင်းချင်း ခေါင်းချင်းဆိုင် တိုင်ပင်ဖြစ်ပါတယ်။


ဒီအတွက် အခြေခံကွန်ပြူတာသင်တန်းနဲ့ အခြေခံအင်္ဂလိပ်စာသင်တန်းကို
ဆရာတော်ဦးဒေ၀ိန္ဒက တာဝန်ယူသင်ကြားပေးမှာဖြစ်ပြီး
အဆင့်မြင့်အင်္ဂလိပ်စာသင်တန်းကို
ဒေါက်တာနောဓိဥာဏ (Ph.D)
ကထိက၊ အပြည်ပြည်ဆိုင်ရာထေရ၀ါဒသာသနာပြုတက္ကသိုလ်၊ ရန်ကုန် က
တာဝန်ယူသင်ကြားပေးမယ်ဆိုတဲ့အဖြေတစ်ခုထွက်လာပါတယ်။
ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံက တရုတ်လူမျိုးတွေဖြစ်လို့လာပါပြီ၊
ဆိုလိုတာက လူလေးယောက်မှာ တစ်ယောက်က တရုတ်လူမျိုးဖြစ်လာပါပြီ။

ဆိုတော့
ဒီနေ့ခေတ်မှာ တရုတ်ဘာသာစကားကို မသင်လို့မဖြစ်တော့ပါဘူး။
ဒီအတွက် တရုတ်ဘာသာစကားသင်ပေးမဲ့
တရုတ်တန်းက တရုတ်ဆရာတစ်ယောက်ကို ဆက်သွယ်နေပါတယ်။

တရုတ်စကားပြောသင်တန်းကိုလဲ
Dhamma Garden Centre မှာ
ဝါတွင်းအမှီ ဖွင့်လစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မြန်မာပြည်ကို ခဏပြန်ရခြင်းနောက်ရည်ရွယ်ချက်တစ်ခုက
မန္တလေးမှာရှိတဲ့ ဆရာကြီးဦးမြင့်ဆွေ (မဟာဝိဇ္ဇာ၊ လန်ဒန်) နဲ့တွေ့ဘို့ပါ။
Read more...

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP