* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, March 6, 2011

မေတ္တာရှင်(ရွှေပြည်သာ) အရှင်ဇ၀န မွေးနေ့အလှူ


၁၈.၂.၂၀၁၁ သောကြာနေ့မေတ္တာရှင်ဆရာတော် အရှင်ဇ၀န မွေးနေ့အလှူပွဲ အရုဏ်ကြက်သားကြာဇံချက်ဆွမ်းကိုမောင်ဇော်မင်း(USA) မှ ကပ်လှူခဲ့ပြီး ကော်ဖီမစ်အလှူရှင်မှာဒါယိကာမကြီးပေါက်စီ(မန္တလေးမှဖြစ်ပါသည်။ ဆွမ်လောင်းလှူခြင်းဝက်သားဟင်း၊ မျှစ်+ချဉ်ပေါင်ကြော် ၊သရက်ချဉ်သုတ်၊ ပါလချောင်ကြော်ထမင်းနှဲစသည့်ဟင်းလျှာများအား မေတ္တာရှင်ဆရာတော်မှ လှူဒါန်းပြီးသံဃာအပါး၅၀၀ ကျော်တို့အား ဗလာမပါ သင်္ကန်း၊ထီး၊ဖိနပ်၊ယပ်တောင်စသော အသုံးအဆောင်ပစ္စည်းများနှင့် ဗလာမပါ စာရေးတံမဲများလှူဒါန်းပေးခဲ့ပါသည်။ သီလရှင်အပါး ၁၀၀ တို့အားလည်း အရုဏ်ဆွမ်းအလှူရှင်မှ အရုဏ်ကြက်သားကြာဇံချက်ဆွမ်း
ကပ်လှူခဲ့ပြီး ဆရာတော်မှ တပါးလျှင်န၀ကမ္မ တစ်ထောင်ကျပ်စီ လှူဒါန်းပေးခဲ့ပါသည်။ ၁၇.၂.၂၀၁၁ ရက်နေ့တွင်လည်း ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာရှိ သုခမေတ္တာမိဘမဲ့ကျောင်း ၊ဒိုးပင်ပရဟိတကျောင်း၊မျက်မမြင်ကျောင်း၊အာရှအလင်းရောင် အမျိုးသမီး မိဘမဲ့ ကျောင်းများသို့ ပစ္စည်းနှင့်ငွေသား သိန်း၄၀ ကျော်ဖိုးခန့်လှူဒါန်းပေးခဲ့ပါသည်။၁၈.၂.၂၀၁၁ ရက်နေ့ညနေပိုင်းတွင် စစ်ကိုင်းမြို့ မြရတနာရပ်ကွက်ရှိ ကလေးများအားကြာဇံဟင်း တိုက်ကျွေးခြင်း ကုသိုလ်ပြုခဲ့ပါသည်။























စစ်ကိုင်းမြို့၊ မြရတနာရပ်ကွက်တွင်ကလေးများအား ညနေပိုင်းအဟာရအဖြစ် ကြက်သားကြာဇံချက် တိုက်ကျွေးကုသိုလ်ပြုခြင်း
အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP