* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 23, 2010

*မှတ်သားဖွယ်ရာအမေးအဖြေများ(၅)*

ဥပုသ်နဲ့ (Chatting)ချက်တင်ဝင်လို့ရပါသလား
အမေး။ ။
အရှင်ဘုရား မနက်ဖြန် လပြည့်နေ့မှာ တပည့်တော် သတင်းသီလ စောင့်တည်လိုပါတယ်ဘုရား။ သတင်း သီလ စောင့်တည်ပြီး လုပ်ငန်းခွင်ကို ရောက်တဲ့အခါ အင်တာနက်သုံးတာ ချက်တင်ဝင်တာ (Chatting) အပြစ်ရှိနိုင်ပါသလားအရှင်ဘုရား။ကရုဏရှေ့ထားပြီး ဖြေကြားပေးတော်မူပါအရှင်မြတ်ဘုရား ။
မနှင်းလွင်လွင်ကျော်
မကွေး
အဖြေ။ ။
ဥပုသ်သီလနဲ့ အင်တာနက်သုံးတာ ချက်တင်ဝင်တာ အပြစ်ရှိတယ်လို့ တစ်ထစ်ချကြီး ပြောလို့မရပါဘူး။ ယခုအခါ အင်တာနက်စာမျက်နှာများဟာ ဘာသာရေးသီးသန့်လဲ အများကြီးရှိသလို ဘာသာရေးမဟုတ်တဲ့ တစ်ခြားလူမှုရေးဆိုက်တွေ၊ စီးပွားရေးဆိုက်တွေလဲ အများကြီးပါ။ ထိုစာမျက်နှာများအနက် လူမှုရေးနဲ့စီး ပွားရေး အိမ်ထောင်ရေးစတဲ့ဆိုက်များကို ၀င်မယ်ဆိုရင်တော့ သီလကျိုးပေါက်ဖို့များပါတယ်။ ဘာသာရေး သက်သက်ရေးထားတဲ့ ၀က်ဘ်ဆိုက်တွေကို ၀င်ဖတ်တယ်ဆိုရင်ကုသိုလ်တောင်ရပါသေးတယ်။
နောက်တစ်ခုက (Chatting )ချက်တင်ဝင်တာနဲ့ပတ်သက်ပြီး ချက်တင်ဝင်တယ်ဆိုတာ အင်တာနက်ကနေ တစ်ဦးနဲ့တစ်ဦး စကားစမြည် ပြောကြတာပါ။ စကားပြောတဲ့နေရာမှာ တရားဆွေးနွေးရင်တော့ ကုသိုလ်ရ တာပေါ့။ဒါပေမဲ့ ဟိုအကြောင်းဒီအကြောင်းတွေ ပြော နေရင်တော့ အဆင်မပြေဘူး။ တကယ်တော့ ဥပုသ် သီလစောင့်ပြီး ချက်တင်မ၀င်တာ အကောင်းဆုံးပါလို့ အကြံပေးပါရစေ….။
ဆရာတော်ဦးကောဝိဒ(မြိတ်)
ဆရာတော် ဦးကောဝိဒ(မြိတ်) ရေးသားသော ဆိုဒ်မှာ တစ်ဆင့်ပြန်လည်ကူးယူပြီး စာဖတ်သူ ဓမ္မမိတ်ဆွေ များကို မျှဝေလိုက်ခြင်း ဖြစ်ပါသည်။
စာဖတ်သူဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP