* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 23, 2010

The Buddha open here! (မြတ်ဗုဒ္ဓက ဒီမှာဖွင့်တော်မူတာလေ)

အိန္ဒိယနိုင်ငံသို့ ကမ္ဘာအရပ်ရပ်က ဘုရားဖူးများလာရောက်လည်ပတ်လေ့ရှိကြသည်။ အကြောင်းသော်ကား မြတ် ဗုဒ္ဓသည် အိန္ဒိယနိုင်ငံတွင် ပွင့်ထွန်းပေါ်ပေါက်မူတော်မူခဲ့သောကြောင့် ဖြစ်ပေသည်။ အိန္ဒိယသည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က မဟာလူသားတစ်ယောက်ပေါ်ပေါက်ခဲ့သော နေရာဖြစ်ပေသည်။ ထိုမျှမက ထိုမဟာလူသား မြတ်ဗုဒ္ဓသည် ထိုမြေပေါ်မှာတွင် ဓမ္မစင်္ကြာတရားတော်ကို ဟောကြားတော်မူခဲ့သည်။ ထိုမြေ ပေါ်မှာပင် ပရိနိဗ္ဗာန်စံတော်မူခဲ့လေသည်။ ထိုမြေပေါ်မှာပင် မွေးဖွားတော်မူခဲ့လေသည်။သို့သော် ယခုအခါ မွေးဖွား တော်မူခဲ့သော နေရာသည်ကား နီပေါနိုင်ငံပိုင်ဖြစ်သွားလေပြီး။ ထိုလေးပါးကို သံဝေဇနိယလေးဌာန ဟုခေါ်ဆို ပါသည်။
အထူးအားဖြင့် မြန်မာပြည်မှ ဘုရားဖူးများသည် ထိုလေးဌာနနှင့် အခြားသော မြတ်ဗုဒ္ဓသီတင်းသုံးတော်မူခဲ့ဖူး သော မြတ်ဗုဒ္ဓဒေသစာရီကြွချီတော်မူခဲ့ဖူးသော မြင့်မြတ်သော နေရာများကိုလည်း လှည့်လည်ဖူးမျှော်လေ့ရှိကြ သည်။ တစ်နှစ် ဒီဇင်ဘာလလောက်တွင် မြန်မာပြည်မှ ရုပ်ရှင်မင်းသမီးမိုးမိုးမြင့်အောင်၏ အမဖြစ်သူ ဒေါ်သဇင် မြင့်အောင်ဦးဆောင်သော ဘုရားဖူးအဖွဲ့သည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ရောက်ရှိလာလေသည်။
ထိုအဖွဲ့နှင့်အတူ သံဃာတော်ငါးပါးလည်း ပါလာလေသည်။ ထိုသံဃာငါးပါးတွင် ခပ်ငယ်ငယ် ကိုယ်တော်လေး တစ်ပါးလည်းပါလာသည်။ အင်္ဂလိပ်စကားအနည်းငယ်ပြောတတ်လေသည်။ သူသည် အင်္ဂလိပ်စကားပြောတတ် ကြောင်းကို သူနှင့်အတူပါလာသော ဘုရားဖူးအဖွဲ့များ သိစေရန်အလို့ဌာ လူရှုပ်ရှုပ်ရှိမှ ပြောလေ့ရှိ သည်။
တစ်နေ့သော ညနေခင်းတွင် မဟာဗောဓိရင်ပြင်တော်ပေါ်ဝယ် မြန်မာဘုရားဖူးခရီးသည်များဖြင့် ပြည့်နေချိန် တွင် သူသည် နိုင်ငံခြားသားတစ်ယောက်ကို သွားရောက်နှုတ်ဆက်လေသည်။ သူတို့သည် မိတ်ဆွေဖြစ်သွားကြ လေပြီ။ အနည်းငယ် အလ္လာပသလ္လာပ စကားပြောကြားပြီးနောက် ထိုကိုယ်တော်လေးသည် မဟာဗောဓိညောင် ပင်ကြီးကို လက်ညှိုးညွှန်ကာ
“The Buddha open here”ဟု ဘေးမှ ဘုရားဖူးများကြားသိစေရန်အလို့ဌာ ကြာလောင်စွာပင်လျှင် ပြောကြား လိုက်လေသည်။ ဘုရားဖူးအချို့တွင် အင်္ဂလိပ်စကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောတတ်သော ဒါယကာ ဒါယိကာမများကတော့ ကိုယ်တော်လေးပြောသည်ကို လှောင်ပြုံးပြုံးကြသည်။ အချို့သော တောနယ် တောမြို့ လေးမှ ဒါယကာ ဒါယိကာမများသည်ကား အထင်ကြီးသော အကြည့်ဖြင့် ကိုယ်တော်လေးကို ၀ိုင်းဝန်း ကြည့်နေ ကြလေသည်။
“အော်မြန်မာ့အတွေး မြန်မာ့ဟန်နဲ့တော့ မှန်ကောင်းမှန်ပေမည်။ “The Buddha open here. (မြတ်စွာဘုရားက ဒီမှာဖွင့်တာလေ)” ပညာရှင်များကြားရင်တော့ ဟားတိုက်ရယ်ကောင်း ရယ်နိုင်ပါပေသည်တကား။ အမှန်ဝါကျ ဖြစ်သင့်သည်ကား “The Buddha attained Enlightenment here. မြတ်စွာဘုရားက ဒီမှာပွင့်တော်မူတာ”
အင်္ဂလိပ်စကားပြောနှင့် ဆက်စပ်လာသဖြင့် အခြားအဖြစ်အပျက်တစ်ခုကို တင်ပြပေအံ့။
တစ်ခါက ကိုယ်တော်လေးတစ်ပါးသည်။ ပြည်ပတွင်စာသင်နေလေသည်။ တက္ကသိုလ်ပိတ်ချိန်တွင် သူသည် ဗဟု သုတရရန်အလို့ငှာ အခြားနိုင်ငံများသို့လည်း သွားရောက်လေ့လာလေသည်။ သို့ဖြစ်သဖြင့် သူသည် နိုင်ငံအ တော်များများကို ရောက်ဖူးပြီးဖြစ်လေသည်။ သူသည် မြန်မာပြည်တွင် သူ၏ မိဘဆွေမျိုးများရှိရာ ဇာတိရွာ သို့ရောက်သောအခါ သူ၏ နိုင်ငံခြားအတွေ့အကြုံများကို ရွာသူရွာသားများကို စီကာပတ်ကုံး ပြောပြလေတော့ သည်။ ရွာသူရွာသားများလည်း သူတို့မရောက်ဖူးသော နိုင်ငံခြားအကြောင်းပြောပြသဖြင့် အပ်ကျသံမျှပင်ကြားရ ပေလိမ့်မည်။ တိတ်တဆိတ် စိတ်ဝင်းတစား နားထောင်းနေကြလေသည်။ သူ၏ နိုင်ငံခြားအတွေ့အကြုံကို ပြော ကြား၍ ခဏရပ်နားနေစဉ် စပ်စုတတ်သော ဒါယိကာမကြီးတစ်ယောက်က
“အရှင်ဘုရား အဲဒီလို ကမ္ဘာပတ်နေတော့ အခက်အခဲတွေ ဘာတွေများ မကြုံရဘူးလားဘုရား”ဟု မေးလေ သည်။ ထိုအခါ ကိုယ်တော်လေးက
“အွန်းကျုပ်အတွက်တော့ အခက်အခဲဘာမှ မဖြစ်ပါဘူး၊ ကျုပ်နဲ့တွေ့တဲ့ နိုင်ငံခြားသားတွေတော့ အခက်အခဲတွေ များစွာ တွေ့တာပေါ့ ဒကာမကြီးရာ”ဟု ဖြေကြားတော်မူလိုက်လေသတည်း။“အော်ဒါလဲပဲ မှတ်သားဖွယ်ရာပါပေ တကား”

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP