* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 23, 2010

ကိုဟန်လင်းအောင်+မကြည်စင်သန့် (စင်ကာပူ)တို့၏ မကြည်စင်သန့် မွေးနေ့အလှူပွဲ

သာသနာသက္ကရာဇ် ၂၅၄ ခု ပထမ၀ါဆိုလဆန်း (၁၂ )ရက် ဗုဒ္ဓဟူးနေ့။ ၂၃.၆.၂၀၁၀။
ကိုဟန်လင်းအောင်+မကြည်စင်သန့် (စင်ကာပူ)တို့၏ မကြည်စင်သန့် မွေးနေ့အလှူပွဲ
















အရုဏ် ကြက်သားကြာဇံချက် ကပ်လှူခဲ့ပြီး

နေ့ဆွမ်းအတွက်

ဆွမ်း၊ ၀က်သား+အာလူးဟင်း၊ ပဲ၊ သရက်ချဉ်သုတ်၊ ငါးပိ+ငရုတ်သီး ဘာလချောင်ကြော်တို့ ချက်ပြုတ်ပြီး ဆွမ်းဟင်းခွက်အလှူရှင်များမှ လှူဒါန်းသော ဆွမ်းဟင်းခွက်များဖြင့်ထည့်၍ လောင်းလှူခဲ့ပါသည်။

သံဃာတော်များအား ကျောင်းအတွင်းသို့အပါး ၉၀ စီပင့်၍ အရုဏ် ကြက်သားကြာဆံဆွမ်းကပ်လှူပြီး အမှတ်စဉ်အလိုက် ဆွမ်းလောင်းပြီး စာရေးတံမဲများ ဖောက်ပေးခဲ့ပါသည်။

နော်ဝေနိုင်ငံမှ ဒါယိကာမကြီးတစ်ဦးမှ သံဃာတော်များအား ကိုယ်တိုက်ဆပ်ပြာတစ်ခဲစီနှင့် သင်္ကန်းလျှော်ဖွတ်ရန်နှင့် သပိတ်များ ဆေးကြောရာတွင်အဆင်ပြေစေရန် ဆပ်ပြာမှုန့်တစ်ထုပ်စီ လှူဒါန်းခဲ့ပါတယ်။

ဝေယျာဝစ္စကုသိုလ်အဖြစ် အောင်မြေဦးကျောင်းဆရာတော် နှင့် ဦးဥာဏဒီပ (ဓမ္မရတနာ) တို့မှ သံဃာတော်များကြီးကြပ်ရေးအတွက်ဆောင်ရွက်ပေးခဲ့ကြပြီး သီလရှင်ဆရာကြီးဒေါ်စန္ဒာသိင်္ဂီနှင့် အောင်မြေမင်္ဂလာကျောင်းမှ ဆရာလေး ၅ ပါးတို့မှ ဝေယျာဝစ္စကုသိုလ်ယူကြပါတယ်။

မောင်ဇော်မျိုး+မအိုမီ ၊ ဒေါ်ကြည်ဌေး၊ ငြိမ်းအိထွေး၊ မပွေး၊ ဒေါ်အေးခိုင်မိုး၊ မောင်စိုးလင်းအောင်နှင့် ဒါယကာတစ်ဦးတို့မှ ချက်ပြုတ်ရေးတာဝန်ယူဆောင်ရွက်ပေးကြပါတယ်။

ဦးဥာဏဒီပ မှ စာရေးတံမဲအတွက် (သရီးရိုင်ဖယ်) သင်္ကန်းတစ်စုံထည့်ဝင်လှူဒါန်းခဲ့ပါတယ်။

ဆွမ်းဟင်းခွက်အလှူရှင်များ

၁။ Dr.Nyan +ဒေါ်ဝါ၀ါခိုင်မင်း (ဂျပန်)မှ သံဃာတော် (၃၈)ပါး အတွက် ကော်ဆွမ်းခွက် (၄လုံးစီ)+စတီးဆွမ်းခွက်(၁လုံးစီ) ၃၄၂၀၀ ကျပ်

၂။ ဦးလှအောင်+မထားထားမြင့် (ငွေသဇင်မိသားစု-မကွေး)(ဂျပန်)မှ သံဃာတော်(၁၀)ပါး အတွက် စတီးဆွမ်းခွက် (၅၀)(၂၅၀၀၀ ကျပ်)

၃။ Zephyr (စင်္ကာပူ)မှ သံဃာတော်(၈၀)ပါး အတွက် ကော်ဆွမ်းခွက်(၄လုံးစီ)+စတီးဆွမ်းခွက် (၁လုံးစီ) အလှူငွေစင်္ကာပူဒေါ်လာ၁၀၀

၎။ မဥမ္မာဌေး(မြန်မာပြည်)မှ သံဃာတော်(၁၀)ပါး အတွက် စတီးဆွမ်းခွက် (၅၀)(၂၅၀၀၀ ကျပ်)

၅။ ရီနိုမာန်(စင်္ကာပူ)မှ သံဃာတော်(၁၀)ပါး အတွက် ကော်ဆွမ်းခွက် (၅၀)(၅၀၀၀ ကျပ်)

၆။ မကေသီလွင် (စင်္ကာပူ)မှ သံဃာတော်(၂၀)ပါး အတွက် စတီးဆွမ်းခွက် (၁၀၀) (၅၀၀၀၀ ကျပ်)

၇။ မငုဇာခိုင် (စင်္ကာပူ) မှ သံဃာတော်(၁၀)ပါး အတွက် စတီးဆွမ်းခွက် (၅၀) (၂၅၀၀၀ ကျပ်)

၈။ အလှူရှင်မောင်နှမများ(ဂျပန်)မှ သံဃာတော်(၄၀)ပါး အတွက် ကော်ဆွမ်းခွက် (၂၀၀) ၂၀၀၀၀ ကျပ်

၉။ မခင်ငြိမ်းချမ်းဦး (မလေးရှား) သံဃာတော်(၂၀)ပါး အတွက် စတီးဆွမ်းခွက် (၁၀၀) (၅၀၀၀၀ ကျပ်)

၁၀။ ကိုကျော်နိုင်ဦး+မဆွေဆွေတင့် ( သထုံမြို့၊မွန်ပြည်နယ်)မှ သံဃာတော်(၃၄)ပါး အတွက် ကော်ဆွမ်းခွက် (၅)လုံးစီ + စတီးဆွမ်းခွက် (၁ )လုံးစီ(စုစုပေါင်း ဆွမ်းခွက်-၂၀၄ လုံး) (၃၄၀၀၀ ကျပ်)

၁၁။ Mr. Koyanagi+ မသင်းသင်းနိုင် မိသားစု (ဂျပန်) မှ သံဃာတော်(၁၀)ပါး အတွက် စတီးဆွမ်းခွက် (၅၀)(၂၅၀၀၀ ကျပ်)

၁၂။ မ၀င်းဝင်းဌေး မှ သံဃာတော် (၂)ပါး အတွက် စတီးဆွမ်းခွက်(၁၀)လုံး (၅၀၀၀ ကျပ်)

၁၃။ ဦးဆန်းလင်းဦး+ဒေါ်စောယုလှိုင် ၊သမီးလင်းဝတီဦး နဲ့ ခိုင်ယမင်းဦး မိသားစု(ဂျပန်)မှ သံဃာတော် (၅)ပါး အတွက် စတီးဆွမ်းခွက်(၂၅)လုံး (၁၂၅၀၀ကျပ်)

၁၄။ ကိုခင်မောင်အေး+မတင်ညိုလင်း(စင်္ကာပူ)မှ သံဃာတော်(၁၂)ပါး အတွက် စတီးဆွမ်းခွက်(၂၀)လုံး+ကော်ဆွမ်းခွက်( ၄၀)လုံး ( ၁၄၀၀၀ ကျပ်)

၁၅။ ကိုပြည်စိုးသော်+ပူတေး(စင်္ကာာပူ)မှ သံဃာတော် ( ၅)ပါး အတွက် စတီးဆွမ်းခွက် ( ၂၅ )လုံး (၁၂၅၀၀ ကျပ်)

၁၆။ မိဘများဖြစ်သူ ဦးစိန်ထိုက်+ဒေါ်အေးအေးသန်းတို့ကို ဦးထိပ်ပန်ဆင်၍ သမီး သန်းသန်းမြင့် (စင်္ကာပူ)မှ သံဃာတော်(၂၀)ပါး အတွက် စတီးဆွမ်းခွက်(၁၀၀)လုံး ( ၅၀၀၀၀ ကျပ်) (Ohmar)

၁၇။ ရီနိုမာန် ၊ရေတမာ ၊ shan shan ၊နွေးနွေးသဲမွန်၊တောင်ပေါ်သား၊ဏီကင်း၊ဝေလေး၊ကြည်ဖြူပိုင်အလှူရှင်တစ်ဦး ၊ ထောပတ်သီး(ဘလော့ဂါမောင်နှမများ ၊စင်္ကာပူ)မှ သံဃာတော်(၇၀)ပါး အတွက် ပလပ်စတစ်ဆွမ်းခွက် ( ၃၅၀)လုံး (၃၅၀၀၀ ကျပ်)

၁၈။ ဦးအုန်းခင်+ ဒေါ်စန်းမြင်. နှင်. သမီး ဖြိုးဖြိုးနွယ်(စင်္ကာပူ)မှ သံဃာတော်(၄)ပါး အတွက် စတီးဆွမ်းခွက်(၂၀)လုံး (၁၀၀၀၀ ကျပ်)

၁၉။ မီးငယ် မှ သံဃာတော်(၄)ပါး အတွက် စတီးဆွမ်းခွက်(၂၀)လုံး (၁၀၀၀၀ ကျပ်)

၂၀။ ကိုစိုင်းအောင်ထွန်း +မမြသန္တာအောင်(မလေးရှား)မှ သံဃာတော်(၁၀)ပါး အတွက် စတီးဆွမ်းခွက် (၅၀)(၂၅၀၀၀ ကျပ်)

ဖြစ်ကြပါတယ်။

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP