* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 23, 2010

ရုရှားသမ္မတမက်ဒီဗက်ရဲ့ဓမ္မသ၀ဏ်လွှာ


ရုရှားနိုင်ငံသမ္မတကြီးကိုယ်တိုင်ပေးပို့ထားတဲ့ ဓမ္မသ၀ဏ်လွှာကောက်နှုတ်ချက်ပါ။ ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာသာ သံဃရာဇာရဲ့ ၁၅ နှစ်မြောက်သံဃရာဇာနန်းတက်ပွဲအခမ်းအနားမှာ ရုရှားနိုင်ငံသံဃရာဇာ ဒမ္ဗ အယုရှေ ယက်ဗ်ထံ သမ္မတကြီး ဒီမီထရီမက်ဒီဗက်ကိုယ်တိုင် ကြေးနန်းနဲ့ ဓမ္မသ၀ဏ်ပါးခဲ့ပါတယ်။

သမ္မတကြီးရဲ့ ဓမ္မသ၀ဏ်လွှာမှာ “ ဒီနှစ်များစွာအတွင်း အရှင့်အနေဖြင့် ကျွန်ုပ်တို့၏ တာဝန်ဖြစ်သော သာသနာပြုလုပ်ငန်းများကို ဖြည့်ဆည်းလျက် ဗုဒ္ဓဓမ္မ၏ ထာဝရတန်ဖိုးများကို အရှင်ဟောကြားခဲ့ပေသည်။ ရှေးဟောင်းဘာသာတရားကို ယုံကြည်ကိုးကွယ်ကြသည့် လူထု၏ ဘာသာရေးနှင့် စာရိတ္တအတွေး အခေါ်များခိုင်မာသန်စွမ်းစေရန် အရှင်အားထုတ်နေခြင်းဖြစ်ပါသည်။” လို့ ဖော်ပြခဲ့ပါတယ်။

ရုရှားနိုင်ငံအတွင်းမှာ ဘာသာရေးနဲ့ ပညာရေးဆိုင်ရာစင်တာတွေကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သံဃရာဇာရဲ့ အားထုတ်မှုကိုလည်း

“အရှင့်အနေဖြင့် ရုရှားနိုင်ငံတွင် ဗုဒ္ဓဓမ္မဆိုင်ရာ ဘာသာရေးနှင့် ပညာရေးစင်တာများ ထိန်းသိမ်းစောင့် ရှောက်နိုင်ရန် ကျောင်းတော်သစ်များကို တည်ဆောက် နေခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာရိုးရာ သံဃာ့အဖွဲ့သည် ကျွန်ုပ်တို့နိုင်ငံအတွင်းဝယ် အသိဉာဏ်ပညာနှင့် ဘာသာတရားများ အချင်းချင်း အပြန်အလှန် ဆက်ဆံမှု ဆိုင်ရာ ဒိုင်ယာလော့ခ်များ ထွန်းကားအောင် တက်ကြွစွာ ဆောင်ရွက်နေခြင်းဖြစ်သကဲ့သို့ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကို ထိန်းသိမ်းနေခြင်းလည်း ဖြစ်ပါသည်” လို့ ဆက်လက် ဖော်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ် သြဂုတ်လကလည်း သမ္မတကြီးမစ္စတာမက်ဒီဗက်ဟာ သံဃရာဇာကျောင်းတိုက်ကို သွားရောက် လည်ပတ်ခဲ့ပါသေးတယ်။ ဒါဟာ ရုရှားခေါင်းဆောင်တစ်ယောက်အနေနဲ့ ၁၆ နှစ်တာကာလအတွင်း ပထမဆုံး သွားရောက်လည်ပတ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်က သမ္မတကြီးဘောရစ်ယဲ့ဆင် သွားရောက် ခဲ့ဖူးပေမယ့် သမ္မတမစ္စတာ ပူတင်ကတော့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကို တစ်ခေါက်မှ သွားရောက် ခြင်းမရှိခဲ့ပါဘူး။

ရုရှားနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်ဦးရေ သန်းနဲ့ချီပြီးရှိပါတယ်။ ဆိုဗီယက်ယူနီယံခေတ်မှာ ဗုဒ္ဓဘာသာ ကျောင်းတော်များစွာဟာ အပိတ်ခံခဲ့ရပါတယ်။ ဆိုဗီယက်ယူနီယံကြီးပြိုကွဲပြီးတဲ့နောက်ပိုင်းမှာမှ ၁၉၉၁ ခုနှစ်က စပြီး အစိုးရရဲ့ အထောက်အပံ့ကို ပြန်လည်ရရှိခဲ့တာပါ။ ရုရှားအာဏာပိုင်တွေဟာ ဗုဒ္ဓဘာသာလားမား ရဟန်းတော်တွေကို ရုရှားတပ်မတော်မှာ ဘာသာရေးအရာရှိ(Chaplain)တွေအဖြစ် ခန့်အပ်တာဝန် ပေးဖို့အထိ စီစဉ်ခဲ့ကြပါတယ်။

ဆိုဗက်ယက်လွန်ရုရှားမှာ တိဘက်လားမားရဟန်းတော်တွေက ရုရှားဗုဒ္ဓဘာသာ ပြန်လည် ထွန်းကားရေး အတွက် အဓိကနေရာက ပါဝင်ခဲ့ကြပါတယ်။ ရုရှားမှာ ရှိတဲ့ဗုဒ္ဓဘာသာဝင်တွေက မွန်ဂိုနွယ်တွေဖြစ်ပါတယ်။ အဲဒီခရီးစဉ်မှာ သမ္မတကြီးမက်ဒီဗက်က ဗုဒ္ဓဘာသာကျောင်းတော်တွေဆောက်ဖို့ နိုင်ငံတော်က ထောက်ပံပေးမယ့် အကြောင်းနဲ့ ပြည်ပက အကူအညီတွေကို မျှော်လင့်စရာမလိုကြောင်း၊ သူလာရောက် လည်ပတ်ခြင်းဟာ နိုင်ငံတော်နဲ့ ရုရှားရိုးရာကိုးကွယ်မှုဘာသာတရားများကြား ဆက်နွှယ်မှုရှိတာကို သက် သေပြခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဓမ္မဂင်္ဂါ

(၂၃-၀၆-၂၀၁၀)

မူရင်းစာမျက်နှာ(၁)

မူရင်းစာမျက်နှာ(၂)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP