* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 23, 2010

မိဘဟူသည်(လွမ်းငွေ့ဝေေ၀)-အပိုင်း(5)

"ကိုလူအေး ..ရှင်ကျုပ်ကိုပဲ ပြုစုမနေပါနဲ့လား....ရှင့်အလုပ်တွေက ရှိသေးတယ်လေး...ကျုပ်အတွက်နဲ့ ရှင်အလုပ်တွေပျက်နေပါဦးမယ်ကျွန်မလည်းနေလို့ရပြီပဲ..."ဟုသားလေးအားတယုတယချီထားသော ကိုလူအေးအားမစန်းတင့်မှပြောလေသည်။ကိုလူအေးမှာ"အေးပါမိန်းမရာ...ငါလည်းဒီတရက်နှစ်ရက် အတွင်းအင်းထဲပြန်ဆင်းမှာပါ....ဒါပေမယ့်မင်းကိုတော့စိတ်မချသေးဘူး"ဟုနုနုနယ်နယ်လူမမယ်သားလေးအားတယုတယထွေးပွေ့၍ပြောလိုက်လေသည်။ကိုလူအေးသည်သားလေးအားအတော်ချစ်ရှာလေသည်။"ကျုပ်အတွက်ကတော့ရှင်...ဒီတယောက်ကတော့နောက်ဆုံးသားလေးပါပဲ...နောက်ထပ်လည်းမမွေးချင်တော့ပါဘူး...ကျုပ်ကမိန်းကလေးပဲလိုချင်တာ"ဟုပြောပြီးကလေးအနှီးတွေကိုခေါက်နေလေသည်။မစန်းတင့်မီးထွက်ပြီးသည်နှင့် တရက်နှစ်ရက်အကြာတွင် ကိုလူအေးသည် သူ၏မိန်းမနှင့်ကလေးကိုယောက္ခမနှင့်အတူတူထားခဲ့ပြီးအင်းထဲသို့ဆင်းလေတော့၏။ကိုလူအေးတို့မိသားစုမှာစီးပွားရေးအဆင်ပြေလာသည်နှင့်အမျှဆွေမျိုးညာတကာအပေါင်းအသင်းနှင့်အိမ်တွက်မပြတ်စည်းကားနေပေသည်။မစန်းတင့်သည် အဖေနှင့်မောင်လေးအား အိမ်တွင်ခေါ်ထား၍ အဖေအားပြုစုစောင့်လျှောက်၍ မောင်လေးမှာ သူနှင့်အတူ လုပ်ဖော်ကိုင်ဖက်ရလေသည်။


ကိုလူအေးသည် တပတ်တခါ မိသားစုနှင့်အတူအိမ်သို့ပြန်နေလေသည်။" မိန်းမ..အငယ်ဆုံးသားလေး ရဲ့နာမည်ကကောင်းတယ်နော်...မောင်မြတ်ဆိုတဲ့အတိုင်းပဲ....ဒီသားလေးကအရင်သားတွေလိုမဟုတ်ဘူးနော် အခုအိပ်နေတာတောင် ဘာသံမှ မထွက်ဘုး....အေးအေးဆေးဆေးနဲ့ ငိုလည်းမငိုဘူးနော်" ဟုကိုလူအေးမှညအိပ်ယာဝင်ခါနီးမိန်းမအားပြောလေသည်။"သြော်ဒါနဲ့ရှင်ပြောမှပဲကျုပ်သတိရတော့တယ်....မောင်စိုး(၃ယောက်မြောက်သား)ငယ်ငယ်တုန်းကဆိုရင်အရမ်းငိုတာနော်...ရှင်မသိလို့ အဲ့တုန်းကဆိုရင်ကလေးကလည်းအချိန်မတော်အခါမတော်ထငိုတာများချော့လို့ကလည်းမရမိုးတွေကလည်းရွာလို့ပေါ့ အိမ်ကလည်းအခုလိုမှမဟုတ်ပဲလေးအမိုးကမလုံတဲ့အပြင်မိုးကပက်သေး....ကျုပ်မှာကလေး(၃)ယောက်ကိုမိုးလုံတဲ့နေရာမှာထားစိုမယ့်အ၀တ်တွေကိုမိုးကာထဲထည့်ရတာကတဖက်ကလေးကငိုလို့ပြန်ပြန်ပြီးချော့နေရသေး...ကလေးကလည်းလသားအရွယ်ဆိုတော့ဘယ်လိုမှကိုအငိုမတိတ်နိုင်ဘူးအဲ့တုန်းကဆိုရင်ညလုံးပေါက်ကိုမအိပ်ရပါဘူးရှင်မိုးတွေတအားကြီးလို့လေတွေထန်လာပြီဆိုရင်ရှင့်ကိုပါစိတ်ပူရသေးတယ်ရှင်ကတော့ဘယ်သိမလဲလေးကျုပ်တို့စားဝတ်နေရေးအတွက်ငါးရှာနေရတာကိုး"ဟုမစန်းတင့်မှနှခေါင်းတရှုံရှုံနှင့်စိတ်မကောင်းစွာပြောပြနေလေသည်။ကိုလူအေးသည်မိန်းမစိတ်မကောင်းဖြစ်နေမှန်းသိ၍မိန်းမအားချော့မော့၍နေလေသည်။ကိုလူအေးချော့သောလည်းမစန်းတင့်ကာသူ့ရင်ထဲတွင်ရှိနေသောခံစားချက်များကိုထုတ်ဖော်ပြောနေလေသည်။"ကျုပ်တို့ဒုက္ခရောက်စဉ်တုန်းကဘယ်သူမှကူညီမယ့်သူမရှိဘူးနော်အခုကျတော့လည်းချွေမှရံတယ်ဆိုတာဒါမျိုးလားမသိဘူးရှင်..."ဟုဆက်ပြောလေးသည်။ကိုလူအေးသည်မိန်းမအားမနဲချော့မော့ကာအိပ်ခိုင်းရလေတော့သည်။


"အမွန့်...အမွန့်"ဟုဖိုးကျော်တယောက်ခေါင်းမှပတ်တီးနှင့်ကျောင်းမှပြေး၍ပြန်လာလေသည်။"သားဖိုးခွါးဘာဖြစ်လာတာလဲခေါင်းမှာလဲပတ်တီးတွေနဲ့ပြောစမ်းအမွန့်ကို"ဖိုးကျော်မှာရှိုက်ကြီးတငင်ငင်နှင်"သား...သားကိုဆရာမရိုက်လိုက်တာ"မစန်းတင့်မှာသားဆီကစကားကိုကြားကြားချင်းမိခင်စိတ်နှင့်ဘာကိုမှမမြင်တော့ မျက်လုံးများပြာ၍ မျက်ရည်များ ကျလာလေသည်။ ထမင်းစားကျောင်းဆင်းချိန်ဖြစ်၍ ကိုလူအေးမှာထမင်းစားပြီးအိပ်နေပေသည်။သား၏ငိုသံကိုကြားသောအခါကိုလူအေးမှာလန့်နိုးပြီးဖြစ်ကြောင်းစုံလင်ကိုသိသောအခါကိုလူအေးမှာဘာမပြောဘာမဆိုနှင့်အိမ်ခန်းထဲတွင်ရှိသောငှက်ကြီးတောင်ဓါးအားယူ၍ကျောင်းသို့လိုက်သွားလေတော့သည်။မစန်းတင့်ခမျာ တားပါသော်လည်းမရပေ။


ကိုလူအေးကျောင်းသို့ရောက်သည်နှင် ဒေါသူပုန်ထပါလေတော့သည်။ဆရာဦးကိုကို(ကျောင်းအုပ်ကြီး) အား "ကျုပ်သားကို ခေါင်းကွဲအောင် ရိုက်တဲ့ဆရာမ ဘယ်သူလဲ" ဟုလှမ်းမေးလိုက်လေသည်။ ဆရာဦးကိုကိုမှာကိုလူအေးနှင့်တရွာတည်းနေညီအကိုလိုဖြစ်နေသည်ကတကြောင်း၊ကိုလူအေးမှာရွာတွင်သာရေနာရေးကအစ၊ရပ်အကျိုးရွာအကျိုးတွင်ပါဝင်ကူညီတတ်သောရွာမှအားထားရသောသူဖြစ်သောကြောင့် ဆရာဦးကိုကိုမှာ ကိုလူအေးအားတောင်းပန်တိုးရှိုးလေ၏။ ကျောင်းတွင် ရှိသောဆရာ/မ များမှာ ကိုလူအေးနှင်ရင်းနှီးသူများ ဖြစ်သည်။ကိုလူအေးသားအားရိုက်လိုက်သောဆရာမမှာရောက်ခါစ ဆရာမအသစ်လေးဖြစ်နေလေသည်။ ဆရာမမှလည်းကိုလူအေးအား တမင်မရည်ရွယ်ကြောင်း၊ မောင်ဖိုးကျော်အားမတော်တဆထိမိသွားခြင်းဖြစ်ကြောင်းတောင်းပန်လေ၏။တဖက်လူတောင်းပန်လာသော်အခါ ကိုလူအေးမှာလည်း ကျေနပ်သော်လည်း သားသမီးစိတ်နှင့် “ကျွန်တော့်သားကို အောက်ပိုင်းရိုက်ရင်ဘာမှမပြောဘူးကြိုက်သလောက်ရိုက်ခင်ဗျားတို့အခုဟာကတရားလွန်လွန်းတယ်ခေါင်းကိုမရိုက်ရဘူးဆိုတာဆရာမဖြစ်ပြီးမသိကြဘူးလား”ဟုကိုလူအေးပြောနေချိန်တွင်မစန်းတင့်နှင့် ရွာလူကြီးများရောက်လာပြီး ကိုလူအေးအားဖြောင်းဖျ ၍ အိမ်သို့ခေါ်သွားလေသည်။


ညနေပိုင်းကိုလူအေးစိတ်ပြေလက်ပျောက်ရှိသည့်အချိန်တွင်ဆရာဦးကိုကိုနှင့်ကိုလူအေးသားအားရိုက်လိုက်သောဆရာမမှလာရောက်တောင်းပန်လေသည်။ကိုလူအေးမှာလူတဖက်သားအားအရမ်းအားနာတတ်သူဖြစ်လေသည်။စိတ်ပြေနေသည်ဖြစ်၍လာရောက်တောင်းပန်သောဆရာဦးကိုကိုအားပြန်၍တောင်းပန်လေသည်။ မိမိတွင် လည်းမှားသွားကြောင်း၊ သားသမီးစိတ်နှင့် ဘာကိုမှ မမြင်ပဲဆရာမားများကိုအပြောအဆိုမှားခဲ့မိသည်ကိုခွင့်လွှတ်ပါရန်တောင်းပန်လေသည်။ကိုလူအေးသည်လာရောက်တောင်းပန်သောကျောင်းအုပ်ဆရာနှင့်ဆရာမအားအင်းထဲတွင်ယူလာသောငါးခြောက်များကိုပင်လက်ဆောင်ပေးလိုက်လေသည်။


“သစ်ငုတ်မြင့်တုံ၊မြက်မြင့်တုံ”ဘယ်အရာမှတရားသေမရှိ၊ ပြောင်းလဲတတ်သော လောကဓံတရားကိုလူအေးတို့မိသားစုမသိခဲ့ရော့လေသလား။ လှံထမ်းလာသည်ကိုသာမြင်ရ ကံထမ်းလာသည် ကိုမမြင်ရ ဆိုသည့်အတိုင်း ကိုလူအေးတို့ မိသားစုအတွက် ဘ၀မုန်တိုင်းတဖန်ပြန်လည်လာလေသည်။ လုပ်သမျှအလုပ် အကုန်လူလိမ်ခံရ၊ လုပ်သမျှ အင်းတိုင်းလိုလိုမှာလည်း အရှုံးပေါ်၊ ချဲထီ(3 လုံး) မှာလည်းပေါ်ကာစ။ ကိုလူအေးတို့ ဘ၀ပျက်လေပြီ။အင်းမှထွက်သော်ကုန်များကိုရန်ကုန်သမိုင်းပွဲရုံသို့ကိုလူအေးကိုယ်တိုင်သွားတင်လေသည်။အိမ်သို့ပြန်လာသည့်အခါစားရင်းစာရွက်သာပါ၍ငွေမပါ။မိန်းမမှာလည်းတကျီကျီ။“ကိုလူအေးရှင် ဒီငွေတွေကိုဘာတွေလုပ်လိုက်လဲ”“အေးဟုတ်တယ်မိန်းမငါချဲထိုးပစ်လိုက်တယ်ငါလည်းရမယ်ထင်လို့လုပ်လိုက်တာပဲကွာ မရတာတော့ မတတ်နိုင်ဘူး ပူညံ့ပူညံ့ မလုပ်စမ်းပါနဲ့ကွာ ငါနားညီးတယ်” ကိုလူအေးတို့ မိသားစုမှာ အဆင်မပြေတော့။ ကြွေးတွေက ပတ်ပတ်လည်ဝိုင်း၊ နောက်ဆုံးကိုလူအေးတယောက်အိမ်တွက်ကပ်၍မရလောက်အောင်အခြေအနေသို့ရောက်သွားလေသည်။ ကြွေးသမားများမှာလည်း ကိုလူအေးတို့အိမ်ကိုချောင်းပေါက်မတတ်။ ကိုလူအေး သည်မြို့တွင် ရှိသောဆွေမျိုးများထံသွားရောက် ရှောင်ပုန်းနေရလေသည်။ ယောက်ျားတွေလုပ်သမျှ အိမ်တွင် ကျန်ခဲ့သောမိန်းမများမှာရင်စည်းခံရသည်မှာသွေးထွက်အောင်မှန်ပေသည်။“ကိုလူအေး…ကိုလူအေးရှိလား ” ဟုလေသံမာမာနှင့်ခေါ်သံကြားရလေသည်။ “ကိုလူအေးမရှိဘူး ရှင့် အိမ်ပေါ်ကိုကြွပါ”။ ဒီတခေါက်လာတောင်းသောကြွေးရှင်မှာရိုးရိုးတန်းတန်းလာတောင်းသည်မဟုတ်သက်ဆိုင်ရာရဲများကိုခေါ်၍ လာတောင်းခြင်းဖြစ်သည်။ မစန်းတင့်မှာ နို့စို့ကလေးနှင့် အရာရာကိုဖြေရှင်းနေရသည်။ ကြွေးရှင်မှာလည်း ခြိမ်းလာ ခြောက်လားလုပ်သေးသည်။ “ခင်ဗျားယောက်ျားပေးရမယ် အကြွေးက ခင်းဗျားနဲ့လည်း ဆိုင်တာပဲ မပေးဘူးဆိုရင်တော့ ခင်ဗျားကို ရဲစခန်းကို ခေါ်သွားမှာနော်” ဟုကြွေးရှင်မှပြောလေသည်။ မစန်းတင့်မှာ “ဖမ်းလည်းဖမ်းပေါ့ ရှင်တို့ဖမ်းတော့လည်းလိုက်ရမှာပေါ့ ကျွန်မတယောက်တည်းတော့ မလိုက်နိုင်ဘူး ကျွန်မခလေး ၄ ယောက်ပါ ပါမှ လိုက်မယ် ”ဟုပြောလေသည်။ကြွေးရှင်မှာ မည်သို့ပင်ခြောက်ခြောက်မရသောကြောင့် နောက်ဆုံးတွင် လက်လျှော့လိုက်ရတော့သည်။


မစန်းတင့်မှာကလေး(၄)ယောက်နှင့်လုံးလည်လိုက်နေလေသည်။အိမ်တွင်လည်းအခွံသာကျန်တော့သည်။ရှိသမျှပစ္စည်းကြွေးရှင်များကသိမ်းသွားကြလေသည်။အိမ်ရှေ့တွင်ရှိသောအိမ်ဆောက်ရန်အတွက်ဝယ်ထားသောအုတ်ချပ်များသာကျန်နေတော့သည်။ထိုအုတ်ချပ်များကိုလည်းမည်သည့်ကြွေးရှင်က လာရောက်သယ်ဆောင်ဦးမည်မသိ။မစန်းတင်၏မောင်လေး(မောင်ကောက်)မှာအားကိုးအားထားရလေသည်။မောင်ကောက်မှာအလိုက်သိသိပင်ရေထဲတွင်ငါးရှာထွက်၊ရသမျှပိုက်ဆံနှင့်အမအားတဖက်တလမ်းမှ စားဝတ်နေရေးအတွက် အထောက်အကူပြုလေသည်။ အိမ်ရဲ့စားဝတ်နေရေး အကြီးကောင် နဲ့ အလတ်ကောင်တို့ ရဲ့ကျောင်းစာရိတ်ကို မစန်းတင့်တယောက် ကြံ့ကြံ့ခံကာ လောကဓံကို အံတုနေပေသည်။ ကိုလူအေးမှာ အိမ်သို့ ပြန်မလာသည်မှာနှစ်နဲ့ချီနေလေပြီ။


“ဒေါက်ဒေါက်…မိန်းမ...မိန်းမ..့”မစန်းတင့်ခမျာကလေးသုံးယောက်မောင်ကောက်နှင့်အတူအဖေဖြစ်သူနှင့် ညစာထမင်းစားနေလေသည်။မစန်းတင့်မှာ တံခါးခေါက်သံနှင့်အတူ ခေါ်သံကြား၍ ကြည့်လိုက်သောအခါ ကိုလူအေးဖြစ်နေလေသည်။ ကိုလူအေးမှာ တကိုယ်လုံးစိုရွဲနေလေသည်။ တဖက်ကမ်းမှ ချောင်းကိုရေကူး၍ ပြန်လာရသောကြောင့်ဖြစ်သည်။ အကြီးကောင်မှာ မိခင်နောက်က လိုက်၍ အဖေကိုမြင်မြင်ချင်း အဖေ ဟုတ်ခေါ်ပြီးပြေးဖက်ပါလေတော့သည်။ “အဖေ သားတို့အတွက် မုန့်ဝယ်လာခဲ့သေးလား”ဟုမေးလေ၏။ကိုလူအေးမှာမြို့သို့တက်တိုင်းသားတွေစားဖို့အတွက်မုန့်အမြဲတမ်းဝယ်လာလေသည်။ ကိုလူအေးသည် ဒုက္ခရောက်နေသော်လည်း သားသမီးတွေ အတွက်မမေ့။ ကိုလူအေးသည် မြိုံ့မှ ရွာသို့ သဘောင်္မစီးပဲ ဖြတ်လမ်းတွင် လမ်းလျှေက်ပြန်၍ သင်္ဘောစီးမည့် ပိုက်ဆံကို သားသမီးတွေအတွက် မုန့်ဝယ်လာခဲ့လေသည်။ “အေး …သားကြီး အဖေ့အကျီနဲ့ထုတ်ထားတဲ့ ကျွတ်ကျွတ်အိပ်ထဲမှာ ပါတယ် သွားယူလိုက် ညီအကိုတွေမျှစားနော်” ဟုပြောပြီးမစန်းတင့်လှမ်းပေးသော ပုဆိုးကိုလဲ ၍ အိမ်ထဲသို့ဝင်လာလေသည်။ မင်းမင်းနှင့် မောင်စိုးတို့မှာအဖေကိုမြင်မြင်ချင်းလွမ်းသောကြောင့်ပြေးဖက်ကြလေသည်။အငယ်ဆုံးသားမောင်မြတ်မှာ လည်းမပီကလာပီကလာနှင့်အဖေအားခေါ်နေလေသည်။“သားလေးတောင်အတော်ကြီးလာပြီပဲ ” ဟုပြောပြီး သားလေးအားပွေ့ဖက်ကာ နမ်းရှိုက်နေလေသည်။ “ရှင်သွားတာ ပဲ ၁ နှစ်ကျော်နေပီ ” ဟုမစန်းတင့်မှာ ယောက်ျားအတွက် ထမင်းခူးပေးနေရင် လှမ်းပြောနေလေသည်။


ထမင်းစားပြီးသည်နှင့် မစန်းတင့်တို့ မိသားစု ရေနွေးကြမ်းအိုးချ၍ စကားပြောနေလေတော့သည်။ “အဖေကလည်းတခါမှပြန်မလာဘူးအိမ်ကိုရဲတွေလည်းလာတယ်…လူတွေလည်းခဏခဏလာတယ်….အမွန့်မှာလည်းခဏခဏငိုရတယ်”ဟုဖိုးကျော်မှာအဖေအားပြောပြလေသည်။ကိုလူအေးတယောက်စိတ်မကောင်းဖြစ်မိလေသည်။ သူစဉ်ချင်တုံတရား မရှိ၍ ဖြစ်ခဲ့သည်ကို ယူကြုံးမရ ဖြစ်နေလေသည်။ “ကိုလူအေးရှင်အမျိုးတွေဆီမှာနေရတာရောအဆင်ပြေရဲ့လား”ဟုတ်ယောက်ျားဖြစ်သူအားမေးလေသည်။ကိုလူအေးမှ “ အဆင်ပြေပါတယ်မိန်းမရာ” အရင်တုန်းက သူတို့ကိုလည်းကူညီခဲ့ဖူးတော့ ကောင်းကောင်းမွန်မွန်ပါပဲ။“ရှင့်အတွက်ကောင်းတယ်ဆိုတော့လည်းကျွန်မ၀မ်းသာပါတယ်…ကျုပ်ကတော့တော်တော်ရုန်းကန်နေရတယ်….ကျုပ်တို့ကိုဘယ်သူမှလည်းကူညီမယ့်သူမရှိဘူး…အရင်တုန်းကလိုမဟုတ်တော့လို့ပေါ့….မောင်ကောက်လေးကတဖက်တလမ်းက ကူညီပေလို့ပေါ့… ရှင့်သားအကြီးကောင်တောင် ၂ တန်းကို အဆင့်(1) နဲ့အောင်တယ်ရှင့် မင်းမင်း တောင် ၁ တန်းရောက်နေပီ”မောင်စိုးကတော့လာမယ့်နှစ်မှပဲကျောင်းထားရတော့မယ်၊ကျုပ်တို့ကပညာမတတ်လို့ဒီလိုပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲနဲ့နေရတာလေး…သူတို့ကိုတော့ပညာတတ်ဖြစ်စေချင်တယ်…”မဆန်းတင့်မှာကိုလူအေးအားမျက်ရည်များကိုသုတ်၍ပြောပြနေလေသည်။ “သြော်…ဒါနဲ့ကိုလူအေး ရှင်ဒီမှာကြာကြာနေလို့မရဘူးနော် ကြွေးရှင်တွေ က ရဲကိုတိုင်ထားတာ ရှင်အဖမ်းခံရလိမ့်မယ်…အိမ်မှာ တရက် နှစ်ရက်နေပြီးတာ နဲ့ ရှင်ခဏရှောင်နေလိုက်ဦး ကျုပ်တို့မိသားစုအတွက်နဲ့ ရှင်ဘာမှစိတ်မပူပါနဲ့ အဖေနဲ့မောင်ကောက်လည်းရှိနေသားပဲ” ဟု မျက်နှာသုတ်အ၀တ်ကို ကိုင်၍ကိုလူအေးအားသတိပေးလေသည်။(ဆက်ရန်…)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP