* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 23, 2010

နားထား

ဘ၀ဆိုတဲ့ တံခါးတစ်ချပ်
ဖွင့်တက်ခဲ့တယ်ဆိုရုံနဲ့
လူလို့သတ်မှတ်ရမှာလား
လူ့ လူ လူးတဲ့
ဒီသုံးဦးစားရင်းထဲမှာ
ဘယ်အရာဟာ သင့်အတွက်အထိုက်တန်ဆုံးလဲ
ကဲ မေးကြည့်လိုက်
(၀န်းကျင်ကို)

အမှားတွေ ကျူးလွန်လေတိုင်း
အော် သူက ဒီလိုပါလားဆိုတဲ့
နားလည်မှု ငဲ့ငြာမှုတွေကြားမှာ
ရိုးဖြောင့်မှုနဲ့ အမှန်တရားဟာလဲ
ယစ်ပူဇော်ခံရပေါ့
သူ့ထိုက်နဲ့သူ့ကံဆိုတဲ့
စာနာသံတွေနဲ့တင်
သူ့လုပ်ရပ်တွေကို အမှန်လို့ ထင်ပြန်ရော

နားလည်တက်တဲ့လူတွေရှိသမျှတော့
သူ့ဘ၀လဲ ရှင်သန်နေမှာပဲ
သိကြားမင်းလဲ မတက်နိုင်လောက်ဘူး
အရူးတစ်ပိုင်းနဲ့ မိုက်ဇာတ်ခင်းမှုတွေ
စာနာပေးလေ ပိုကဲလေဖြစ်မှာပဲ
ကဲ
သူတို့အတွက် တရားစီရင်ချက်အသစ် ထုတ်ကြစို့

အလိုရမက်ကြောင့်
ဘ၀ကိုရေစုံမျောတာလား
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အတွေးနဲ့
သမိုင်းကိုရေးထိုးရဲ့တဲ့ သတ္တိရူးကိုတော့
သြချလောက်ပါရဲ့
သူလုပ်သလောက် တစ်ဖက်က ခွင့်မပြုလောက်ဘူးဆိုတာ
ထည့်မတွက်ခဲ့တာတော့ ညံ့သေးတယ်

ဒီလိုနဲ့လေ
သူ့နယ်ပယ်လဲ ကျဉ်းကျဉ်းလာလိုက်တာ
မျက်နှာပြောင်တိုက်ပီး
ဟိုလူကိုလိုက် ဒီလူကိုဖားနဲ့
အင်း
သနားဖို့တောင်မှ မသင့်တဲ့လူစားမျိုး
နောင်များတော့
ဟိုးထား စားရင်းထဲမှာပဲ
သူ့ကိုထားပစ်ခဲ့ပြီး
ဒီလိုလူမျိုးများ
နောင်များ ရှောင်ရှားမယ်
ကဲ အေးရော


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP