* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 23, 2010

မပြစ်မှားသင့်သော ခင်ပွန်းကြီး (၁၀) ပါး

မှတ်မိနေသေးသည် ရဟန်းဖြစ်ခါစ ပြည်တွင်းတွင် ပရိယတ္တိစာပေများကိုသင်ယူနေစဉ် တစ်ခုသော ညမှာ စာရေးသူနေထိုင်ရာဖြစ်တဲ့ ကျောင်းတိုက်အနီးတရားပွဲမှာ တရားဟောဓမ္မကထိကဆရာတော် (ပျံလွန်တော်မူသွားသော ကျေးဇူးတော်ရှင် ဖြူးဆရာတော်) က ခင်ပွန်းကြီး (၁၀) ပါးကို အကျယ်တစ်ဝင့် ဟောကြားသွားခဲ့သည်။

မြတ်ဗုဒ္ဓရဲ့အဆုံးအမကို ခံယူပြီး မြတ်ဗုဒ္ဓဟောကြားသော ကံ၊ ကံ၏အကျိုးကို ယုံကြည်သော သူများသည် လောက၌ မဖြစ်မှားသင့်သော ပုဂိုလ် (၁၀) ယောက်ရှိသည်။ ထိုပုဂိုလ်များသည် အလွန်ကျေးဇူးများသောကြောင့် ပြစ်မှားခြင်းငှါ မသင့်တော်ပါ။
ထိုပုဂိုလ်တို့မှာ (၁) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သမ္မာသမ္ဗုဒ္ဓဘုရားရှင်။ (၂) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်မြတ်။ (၃) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂသာဝက၊ မဟာသာဝကရဟန္တာအရှင်မြတ်။ (၄) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်။ (၅) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်။ (၆) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်။ (၇) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းဆုံးမပေးသော ဆရာ။ (၈) သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂိုလ်၊ ရဟန်းပုဂိုလ်၊ အရိယာပုဂိုလ်။ (၉) ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပေးတက်သော ဆရာ။ (၁၀) ထမင်းတစ်လုပ်၊ ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်ထောက်ပံ့ဘူးသော ကျေးဇူးရှင် များဖြစ်ကြသည်။ ဤပုဂိုလ် (၁၀)ယောက်ကို ခင်ပွန်းကြီး (၁၀)ပါးဟုခေါ်သည်။
ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မားမိသော သူတို့သည် ပစ္စုပ္ပန်၊ တမလွန် ဆိုးကျိုးများကိုရရှိနိုင်ပါသည်။ ခင်ပွန်းကြီးဆယ်ပါးရဲ့ကျေးဇူးကို သိရှိနားလည်၍ ပူဇော်သောသူတို့သည် ပစ္စုပ္ပန်၊ တမလွန် ကောင်းကျိုးချမ်းသာများကို ရရှိနိုင်ပါသည်။ ကျေးဇူးကြီးမားသော ခင်ပွန်းကြီးဆယ်ပါးအား ပြစ်မားမိသောသူတို့သည် “သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ နူနာကုဋ္ဌ၊ ရူးကြဖောက်ပြန်၊ မင်းဒဏ်သင့်ခဏ်း၊ ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊ ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊ ဒုက္ခကောင်သည်၊ လူ့ဘောင်ဒိဋ္ဌ၊ တွေ့ကြုံရ၍၊ သောကငရဲ၊ ကမ္ဘာစွဲ၏။” ထို့အပြင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကိုလည်း တားဆီးနိုင်၏။
ထို့အပြင် ခင်ပွန်းကြီးဆယ်ပါးကို ပူဇော်သောသူတို့သည်၊ (၁) အရပ်တစ်ပါးသွားလည်း အစားအစာမရှားပါးခြင်း။ (၂) ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း။ (၃) ရန်သူမျိုးငါးပါးမနှိပ်စက်ခြင်း။ (၄) ချစ်ခင်သူပေါများခြင်း။ (၅) မည်သည့်ပရိသတ်အလယ်၌မဆို တင့်တယ်စွာနေနိုင်ခြင်း။ (၆) ကောင်းသောဂုဏ်သတင်းကျော်စောခြင်း။ (၇) အခြံအရံမပြတ်ရှိခြင်း။ (၈) မွေးမြူသော တိရိစ္ဆာန် စိုက်ပျိုးသောသီးနှံ ဖြစ်ထွန်းခြင်း။ (၉) ဘေးဒုက္ခရောက်ခဲ့သော် အကူအညီ အမှီအတွယ်ရရှိခြင်း။ (၁၀) သား သမီးနှင့် စီးပွါးဥစ္စာ ကောင်းမွန်စွာ ဖြစ်ထွန်းခြင်းစသည့် အကျိုးတရားတို့ကို ရရှိပါသည်။ ထို့ကြောင့် စာရေးသူရဲ့ ချစ်စွာသော စာဖတ်ပရိသတ်များလည်း ခင်ပွန်းကြီးဆယ်ပါးရဲ့ ကျေးဇူးတရားများကိုနားလည်သိရှိကြ၍ ကျေးဇူးဆပ်ကာ အထက်ဖေါ်ပြပါ ကောင်းကျိုးချမ်းသာများကို ရရှိနိုင်ကြပါစေ…….


မေတ္တာဖြင့်
အရှင်ဣန္ဒောဘာသ (သန္တာမြေမှကြယ်တစ်ပွင့်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP