* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 23, 2010

၂၀၁၀နဲ့ ပုံရိပ်ဟောင်းများ (၄)

မင်းကွန်းတိပိဋက ဆရာတော်ကြီး၏ ဂုဏ်ကျေးဇူးကို အောက်မေ့၍တည်ထားသည့် မင်းကွန်းတိပိဋကလွမ်းစေတီ
မြသိမ်းတန်စေတီတော်ပေါ်မှ လှမ်းမြော်ဖူးမြင်ရသည့် မင်းကွန်းပုထိုးတော်ကြီး

မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ မော်တော်နဲ့ ၁ နာရီခန့်သွားလိုက်ရင် ပရိယတ္တိ သာသနာ့အာဇာနည် သူရဲကောင်းများ စုဝေးရာ မင်းကွန်းရွာကို ရောက်သွားပါတယ်၊ ဖုန်တထောင်းထောင်းနဲ့ တမာရနံ့သင်းနေတဲ့ ဒီနေရာလေးဟာ ဘကြီးတော်မင်းတရားတို့ တည်ထားခဲ့တဲ့ ပုထိုးတော်ကြီးနဲ့ မင်းကွန်းခေါင်းလောင်းတွေ တည်ရှိပါတယ်။ တမာရနံ့တသင်းသင်းနဲ့ ဖုန်တထောင်းထောင်းထ နေတဲ့ ဒီနေရာလေးမှာ သူတော်စဉ်ကြီးတွေ ပျော်မွေ့နှစ်ခြိုက်စွာ သီတင်းသုံးတော်မူနေကြတယ်။

သူတော်စဉ်ဆိုတာ ဒီလိုနေရာလေးတွေကို ရွေးချယ်နေထိုင်ကြပါတယ်။ မင်းကွန်းဆရာတော်ကြီးလောင်းလျာကို ဒီနေရာလေးပို့တဲ့နေ့က..ကိုရင်ဝိစိတ္တ.ဒီလောက်ခေါင်တဲ့နေရာ ရောက်လာတာ မပျင်းဘူးလားလို့ ဆရာဖြစ်သူက မေးတော့.. မှန်ပါ့ဘုရား.ဘုရားတပည့်တော်ကို နတ်များက ဒီနေရာကို ပို့လိုက်တယ်လို့ ထင်ပါတယ်ဘုရား..တဲ့။ သူတော်ကောင်းဓာတ်ခံ ပြည့်ဝတော်မူတဲ့ ဆရာတော်ကြီးရဲ့ နှလုံးသွင်းပါတကား။
မင်းဖြူမှန်မှန်ပြောရဲ့ေ၇ှ့မှာ မှန်မှန်ကန်ကန် တိပိဋကစာမေးပွဲဝင် သူငယ်ချင်းများနှင့်အတူ
ပုထိုးတော်ကြီးပေါ်မှ ဖူးမြင်ရသည့် မြသိန်းတန်စေတီတော်။

တိပိဋက စာမေးပွဲဝင်ရောက်ဖြေဆိုနေတဲ့ သူငယ်ချင်းတွေနဲ့ မင်းကွန်းတ၀ိုက် လှည့်လည်ခဲ့တယ်။ အရင်ကတော့ နွားလည်းလေးပေါ်တက်ပြီး လှည့်လည်ခဲ့ရတဲ့ မင်းကွန်းမှာ အခုတော့ သုံးဘီးတပ် မော်တော်ဆိုင်ကယ်တွေနဲ့ လှည့်လည်နေကြပါပြီ။ ဗုဒ္ဓကတော့ တောင်ဝှန်းအရပ် မြေမညီညာတဲ့ အ၇ပ်ဖြစ်ဖြစ်၊ တောအရပ်ဖြစ်ဖြစ် သူတော်စဉ်တို့နေတဲ့နေရာဟာ ပျော်စရာ မြေမြတ်ဖြစ်တယ်လို့ မိန့်တော်မူပါတယ်။ ဟုတ်ပါတယ်..လူတို့ရဲ့ အတွင်းဓာတ်ခံက ဓာတ်ကောင်းတွေဟာ အနီးနားပတ်ဝန်းကျင်ရော တကမ္ဘာလုံးပါ ငြိမ်းချမ်းမှုဖြစ်စေခဲ့တယ်ဆိုတာ မင်းကွန်းတိပိဋကဆရာတော်ကြီးလို သူတော်စဉ်များက သက်သေပြခဲ့ပြီ မဟုတ်လား။

မင်းကွန်းမှာ တနေကုန်နေပြီး ပြန်လာခဲ့တယ်.အပြန်လမ်းမှာတော့ သူငယ်ချင်းတစ်ပါးပြောတဲ့..လယ်တီိဆရာတော်ကြီးက သက်တော်(၃၀)ကျော်မှာ တောထွက်ခဲ့တယ်၊ မြေဇင်းဆရာတော်ကြီးလဲ ဒီလိုပဲ (၃၀)ကျော်မှာ တောထွက်ခဲ့တယ်၊ မင်းတို့ ငါတို့ အခုဆိုရင် (၃၀)ကျော်လို့ ၂ နှစ် ၃ နှစ်စွန်းနေကြပြီတဲ့၊ တွေးစရာ လက်ခံနိုင်စရာ အနာဂတ်အိပ်မက်များပါပေ။ သက်ရှိ သက်မဲ့ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေက လူသားတို့ရဲ့ အတွင်းစိတ်ကို ကောင်းကောင်းကြီး ပြောင်းလဲပစ်နိုင်တယ်ဆိုတာ အငြင်း
ပွားစရာမရှိပါဘူး။ ပတ်ဝန်ကျင်ကောင်းကို စိတ်ကောင်းနှလုံးကောင်းနဲ့ ရှာဖွေရင်း အဓိက သာမညခွဲနိုင်အောင် ကြိုးစားရမှာကတော့........

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP