* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 23, 2010

ဆောရီးပဲ ဒွန္နယာ

E-mail Print PDF
ဆောရီးပဲ ဒွန္နယာ
အရှင်ဥာဏာဓိပတိ(မြစ်ဖျားဧရာ)

၁။

လောက၏အလှသည်ကား သစ္စာတရား။ အလှတရားများယိုယွင်းလာသော ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးထဲတွင် မိမိကိုယ်ကိုပြန်မေးမိသော ပုစ္ဆာများအထပ် ထပ်။ အဖြေရှိသော်လည်း မညှိခဲ့သောအတ္တ။

မိမိကော လောကကိုလှပအောင် အဆင်းတန်ဆာ ဘယ်လောက်ခင်းကျင်းပြီး ပြီလဲ။ ထပ်တိုးလာသော သက်တမ်းရင့်ကျက်မှု ဖော်ဆောင်နိုင်ခွင့်၊ ဖွင့်လှစ်ပြခွင့် တိုင်းဆမရသော စိတ်ဓါတ် အဆင့်အတန်း Power ဘယ်လောက် တိုးတက်နိုင်ခဲ့ပြီလဲ။

“လူတစ်ယောက်ရဲ့ စိတ်ဓါတ်အဆင့်အတန်းဆိုတာ အဲဒီလူက မိမိထက် နိမ့်ကျသူကို ဘယ်လိုဆက်ဆံသလဲဆိုတာနဲ့ ပိုင်းဖြတ်တယ်တဲ့” မှတ်သားလိုက်နာ ဖွယ်ကောင်းပေမယ့် ဘယ်လောက်ထိ ကျင့်သုံးနိုင်ခဲ့ပြီလဲ။

၂။

အရောင်တွေနဲ့ဖွဲစည်းထားတဲ့ လူမှုနယ်ပယ်အာလုံး အရောင်များစွာ ဖုံးလွမ်း နေကြတယ်။ လှပသောအရောင်မဟုတ်ပဲ မည်းညစ်သောအရောင်တွေများသာဖြစ် တယ်။

“လောကကို အရောင်ဆိုးသူများ” ဆိုတဲ့ စကားက ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နောက်ကို ခြေလှမ်းများစွာ နောက်ကျစေခဲ့တယ်။ မာနနဲ့အတ္တဟာ မှန်တစ်ချပ်သာ ခြားတယ်ဆိုတာ Equal မဖြစ်တဲ့နေ့ရက်တွေလျော့နည်းမှာ အမှန်ပါပဲ။

“အောင်မြင်မှုရချင်တယ်ဆိုရင် ကိုယ့်အတ္တကို မွေးမြူနိုင်ရမယ်”ဆိုတာ သူသူ ကိုယ်ကိုယ် ဘာသာပြန်လွဲနေကြတယ်။

မှန်တာပြောရဲပြီး ကိုယ့်အလှည့်ခံရဲပြီး သတ္တိရှိဖို့လိုပါတယ်။ “၀ဋ်ဆိုတာလည် တတ်တဲ့သဘောရှိတယ်” ဆိုတာ ရင်ထဲမှာကိန်းနေရင် မိမိအပေါ်ဖြူစင်တဲ့ အရောင်တွေ လွှမ်းနေမှာပါ။

တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးတွင် ဟန်ဆောင်အရောင်မထည့်ပဲ ဆက်ဆံနေရင် နယူတန်နိယာမက ပိုသက်ဝင် လှပမှာပါ။

“သူ့အတွက်လို့ပြောပေမယ့် ကိုယ့်အတွက် ပါမပါ” မဆန်းစစ်မိတဲ့ နေ့ရက်များနေခဲ့တယ်။ လူအများစုပြောနေကြတဲ့ “မင်းတို့အကျိုးအတွက် ပြောနေတာပါ ငါ့အတွက်ဘာမှမပါဘူး” ဆိုတဲ့စကား နောက်ကွယ်မှာ အရောင်တွေ အများအပြား ပါဝင်နေတယ်။

တဖက်သားကို လက်ညှိုးတစ်ချောင်းထိုးလိုက်လို့။ မိမိအပေါ် လက်သုံးချောင်း ထိုးပြီးသားကို မမြင်ကွယ်ရောင်ပြုခဲ့တာ အကြိမ်ပေါင်းမနည်းတော့ပါဘူး။

ဗုဒ္ဓဘာသာဝင်တချို့“လောဘ၊ ဒေါသ၊ မောဟ” အကြောင်းတွေကို ရင်းနှီးကျွမ်းဝင်နေသော်လည်း ပိုမိုများပြားနေတာ ၀မ်းနည်းစရာပါ။ မိမိတို့ မြန်မာလူမျိုးအများစုဟာ ဣဿာ၊ မစ္ဆရိယများကို စေတနာကို အယောင်ပြပြီး ခြေပုန်းခုတ်နေကြတယ်။

အချင်းအချင်း ခြေထိုးတဲ့အကျင့်က လူမျိုးနဲ့တိုင်းပြည်ကို နောက်ပြန်လှည့်နေ စေတယ်။ မိမိအောင်မြင်မှုအတွက် သူတပါးကို ခုတုံးလုပ် ရယူတတ်တဲ့ ပုဂ္ဂိုလ်များရဲ့ ကျဆုံးခန်းဟာ သံဝေဂထိတ်လန့်ဖွယ်ရာ အများအပြားကို စာရေးသူ မျက်မြင်တွေ့ခဲ့ဖူးတယ်။

ဒီနေ့ခေတ်မှာ ဆရာကတပည့်မွေးတာထက်။ မွေးထားတဲ့တပည့်က ဆရာကိုပြန်မွေးပြီး ထင်တိုင်းကြဲနေတာ ပိုမိုကြောက်စရာကောင်းနေတယ်။ ဘ၀ကိုရိုးရှင်းစွာ မလျှောက်ဘဲ ကွေ့ပတ်လျှောက်လို့ ချောက်ကမ်းပါးထဲ ဘယ်လောက်ပြုတ်ကျခဲ့ပြီးပြီလဲ။

မိမိအပါဝင် တဖက်သားကို အမှန်တရားခေါင်းစဉ်တပ်ပြီး မြိန်ယှက်စွာ ပြောခဲ့စဉ် ကိုယ့်အလှည့်မှာလည်း မြိန်ယှက်စွာ ခံစားတတ်မှုမဲ့နေတာ ကိုယ်ကမကောင်းတာလား။ လောကကြီးက မကောင်းတာလား။

၃။

မိမိပြုထားတဲ့ အတိတ်ကံ၊ ပစ္စုပ္ပန်ကံကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေကို ဘာမှအပြစ်မရှိတဲ့လူတွေ အကျိုးအတွက် သဘာဝတရားတွေ ဖန်တီးပေးထာတဲ့ လောကကြီးကို အပြစ်တင်တတ်တဲ့ အလေ့အထဟာ ကွယ်ပသင့်ပါပြီ။

ကုသိုလ်၊ အကုသိုလ်ကို ကွဲပြားစွာမသိလို့ မိုက်မဲသူတွေထက်သိလို့ မပြင်ဆင်မိုက်မဲနေဆဲ မိမိတို့က ပုထုဇဉ်ဆိုတဲ့ စကားလုံးကို ထပ်တလဲလဲသုံးပြီး ကိုယ့်အတွက် ကာကွယ်နေခဲ့ကြတယ်။

ဟိန္ဒူနဲ့အာရပ် လူမျိုးတွေက လူတွေအကျိုးအတွက် သဘာဝတရားတွေ ဖန်ဆင်းပေးတယ်လို့ ယုံကြည်ပြီး ကျေးဇူးအမြဲတမ်း တမ်းတနေတဲ့လောကဆိုတဲ့ သဘာဝကြီးကို “ဒွန္နယာ” ဆိုတဲ့ လှပတဲ့စကားလုံးနဲ့ တန်ဖိုးထားနေတာပါ။

ဆိုလိုချင်တာက လောကကို အပြစ်မြင်စိတ်ထက် မိမိကိုယ်ကို ဝေဖန်ဆန်းစစ်တဲ့ အလေ့အထကို မိမိတို့ပြင်ဆင်ကြရမှာပါ။

ရရှိလာတဲ့ဘ၀တိုတိုအတွင်းမှာ ကိုယ့်ရဲ့စိတ်ဓါတ် အဖြူနဲ့အမည်း ဘယ်လောက်ပါဝင်သလဲဆိုတာ ကိုယ့်ကိုယ်ကို ဓမ္မဓိဌာန်ကျကျ မေးခွန်းထုတ်ရင် အဖြေထွက်မှာပါ။

စာရေးဆရာမကြီးခင်နှင်းယုရဲ့ “မွှေး” ၀တ္ထုထဲက စကားကိုအငှါးသုံးပြီး ပြောပါရစေ။ “လူရယ်လို့ဖြစ်လာရင် အများအကျိုးအတွက် ဘာတစ်ခုမှ မလုပ်ဘူးဆိုရင် အခြားသတ္တ၀ါနဲ့ ဘာထူးမှာလဲ” ဆိုတဲ့စကားလေးနဲ့ မိမိတို့ရဲ့ ရှေ့ဆက်အနာဂတ် ချမ်းမြေ့စွာ ဆက်လျှောက်ကြရင်း။ အဆင်မပြေမှုတွေတွေ့တိုင်း လောကကြီးကို အပြစ်တင်နေကြတာ အားလုံးရဲ့ကိုယ်စား တောင်းပန်ပါရစေ ‘ဒွန္နယာ’။ ဆောရီုးပါပဲ ဒွန္နယာ…။

အရှင်ဉာဏာဓိပတိ

(မြစ်ဖျားဧရာ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP