ဆွမ်းအလှူဓာတ်ပုံ
၂၀.၁၂.၂၀၁၀..နေ့က သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမ မြန်မာကျောင်းတိုက်ကြီးမှာ အလင်းစက်တို့သူငယ်များစုပေါင်းပြီး နေ့ဆွမ်းဆက် ကပ်ကြတဲ့ ဓာတ်ပုံမှတ်တမ်း မြင်ကွင်းလေးများကိုကြည့်ပြီး၊ "အလင်း စက်"စာဖတ်သူများ ပီတိဖြစ်စေဖို့ တင်ပြပေးလိုက်ပါတယ်၊၊ နိုင်ငံခြားစာသင် သံဃာတွေဆိုတော့ ဈေးကို ကိုယ်တိုင်သွား၊ ကိုယ်တိုင်လှီးဖြတ်၊ ချက်ပြုပ်ရတာ ပျော်စရာပါ၊ သူငယ်ချင်းများအားလုံးရဲ့ စေတနာကို "အလင်း စက်"က မှတ်တမ်းတင်သည့်အနေဖြင့် ဓာတ်ပုံမှတ်တမ်းများကို တင်ပြလိုက်တာ ဖြစ်ပါတယ်၊၊
ဆက်ကပ်တဲ့ ဟင်းလျာများကိုလည်း တင်ပြလိုက်ပါတယ်ဗျာ--
(၁) ၀တ်သားဟင်း
(၂) ပင်လယ်ငါးခေါင်းချည်ရည်
(၃) ငါးချောက်ကျော်
(၄) ဆီပြန်ပဲနှပ်
(၅) ဆလတ်ရွက်တို့စရာ
(၆) အစိမ်းကျော်
(၇) ရေခဲမုန့်စတဲ့ အချိုပွဲစသည်တို့ ဖြစ်ပါတယ်၊၊
ကြွရောက်ပြီး ဆွမ်း ဘုန်းပေးကြတဲ့ သီရိလင်္ကာနိုင်ငံ တက္ကသိုလ်အသီးသီးတွင် ပညာသင်ယူနေကြတဲ့ (၂၀၀)ခန့် သံဃာတော်များကိုလည်း အထူးလေးစား ကြည်ညိုမိပါတယ်၊၊ ဒီထက်ပို၍ ပို၍အဆင့်မြင့်တဲ့ ပညာရပ်များကိုလည်း ချမ်းချမ်းသာသာ သင်ယူနိုင်စေကြောင်း "အလင်း စက်"မှ ဆွမ်းအလှူရှင် သူငယ်ချင်းများရဲ့ကိုယ်စား ဆုတောင်းပေးပါတယ်၊၊

0 comments:
Post a Comment