* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 23, 2010

နှလုံးသားအဖြူနဲ့ ရင်ဘတ်တွေကို ဖွင့်ထားတယ်

E-mail Print PDF


နှလုံးသားအဖြူနဲ့ ရင်ဘတ်တွေကိုဖွင့်ထားတယ်….

မြူမင်းလွင် (ကောလင်း)

နွေအခါမှ မသိချင်သလို

သေခါမှ မသိချင်လို့

အခုကတည်းက ဥ ထားတယ်။


ငါတို့လူငယ်တွေ ဒီလောက်မညံဘူး….

ငွေပေးပြီး ၀ယ်လို့မရတဲ့အရာ

ဒါန သီလ ဘာဝနာ

မင်း..ဘာကိုရှာဖွေနေတာလဲ…

နှလုံးသားအဖြူနဲ့

ရင်ဘတ်တွေကို ဖွင့်ထားတယ်…။

အာဃာတ..အမုန်းတရားတွေချန်ထား

မနာလိုဝန်တိုမှုတွေ မေ့ပစ်…

နှလုံးသားချင်း ဂျပ်ပင်ထိုးလို့

အဖြူသက်သက် ချစ်ဖို့လိုမယ်….။

ကံ…ကံရဲ့ အကျိုးကို ယုံကြည်ပြီးတော့မှ

ပန်းလေးတစ်ခက် နှစ်ခက်လောက်

ဘုရားကပ်ပြီး…

အလိုရှိတိုင်းပြည့်စုံပါစေလို့….

ဆုမတောင်းချင်ဘူ….။

ကိုယ်..ဘယ်အတိုင်းအတာထိ

လုပ်နေသလဲ…..

ဘယ်အတိုင်းအတာထိ လုပ်ခဲ့သလဲ…..

ဘယ်အတိုင်းအတာထိ လုပ်မလဲ…..

သေချာတာတစ်ခုက

ရတနာသုံးပါးဆိုတဲ့ အမှန်တရားက

နှလုံးသားရဲ့ ဓားတစ်စင်း……

အကုသိုလ်တွေ ရှင်းဘို့…..

နှလုံးသားအဖြူနဲ့

ရင်ဘတ်တွေကို ဖွင့်ထားတယ်…….။

မမျှော်လင့်ပေမယ့်

မျှော်လင့်မိတာက

စိုက်ထားတဲ့ မျိုးစေ့ကလေး

ရှင်သန်ကြီးထွားလာဖို့….

နှလုံးသားအဖြူနဲ့…….

ရင်ဘတ်တွေကို ဖွင့်ထားတယ်…….။

ရင်ဘတ်တွေကို ဖွင့်ထားသင့်တယ်…….။

မြူမင်းလွင် (ကောလင်း)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP