* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 17, 2010

*အသက်ရှည်ကြောင်း ကျင့်ဝတ်တရားများ*

Written by တောသားလေး 2 အကြံပြုပါသည်။ Posted in:

ဘုရားလောင်း ဓမ္မပါလ အမျိုးအနွယ်တို့ ကျင့်ကြံခဲ့သော ကျင့်ဝတ်တရားများဖြစ်ပါသည်။ ထိုကျင့်ဝတ်များသည် အနာရောဂါ ကင်းရှင်းပြီး အသက်ရှည်စေရန်အတွက် ကောင်းမြတ်သော အကျင့်သီလများပင် ဖြစ်ပါသည်။ ကျင့်ဝတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁) ကိုယ့်အသတ်သာ အသေခံမယ်၊ သူတစ်ပါးအသက်ကို မသတ်ခြင်း။
(၂) အခြားအိမ်ရာကို ပြစ်မှားဖို့ မဆိုထားနှင့်၊ ပြစ်မှားလိုသော စိတ်ဖြင့်ပင် မကြည့်ခြင်း။
(၃) ဘယ်သောအခါမှ လိမ်ညာမပြောခြင်း၊ ရယ်ရွင်လိုသောစိတ်ဖြင့်ပင် မုသားမပြောခြင်း။
(၄) ဘယ်သောအခါမှ သူများပစ္စည်းကို မခိုးခြင်း၊ မယူခြင်း။
(၅) သူယုတ်ကိုသာ စွန့်ပယ်၊ သူတော်ကောင်းကို မစွန့်ပယ်ခြင်း၊ လူမိုက်တို့နှင့် အလာပ သလာပ မပြောခြင်း၊ ထို့သို့ပြောရန်လည်း မနှစ်သက်ခြင်း။ (ကာယကံ၊ ၀စီကံ၊ မနောကံ မကောင်းတဲ့သူဟာ လူမိုက်ဖြစ်ပါတယ်)
(၆) ဒါနပြုခါနီးမှာ နှစ်သက်ရွှင်လန်းမှုတွေဖြစ်ခြင်း၊ ပြုပြီး ပြုဆဲမှာလည်း ဖြစ်ခြင်း။ (သူတော်ကောင်း သမဏ၊ ဗြဟ္မဏ၊ သူတောင်းစား၊ ဝေရာဝစ္စ အလှူခံတွေကို လှူဒါန်းခြင်း)
(၇) လင်ကလည်း အခြားအမျိုးသမီးအပေါ် လွန်ကျူးခြင်းမရှိ၊ မိန်းမကလည်း အခြားအမျိုးသားအပေါ် လွန်ကူးခြင်းမရှိ။
(၈) သေရည်သေရက် သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။
(၉) သုစရိုက် (၁၀)ပါးလုံးကို အိမ်သားအားလုံး ကျင့်ကြံပွားများကြခြင်း။
(ဓမ္မပါလဇာတ်တော်)

အားလုံးသော ဓမ္မမိတ်ဆွေများ အသက်ရှည် အဆင်းလှပြီး အနာကင်းမဲ့ကြပါစေ။
တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP