* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 17, 2010

၁၂.၁၀.၂၀၁၀ အလွဴပြဲ။








၁၂.၁၀.၂၀၁၀ ရက်နေ့အလှူပွဲဖြစ်ပါတယ်။ အာရုဏ်ကြက်သားကြာဇံချက်ကပ်လှူခဲ့ပါတယ်။ အလှူရှင်တစ်ဦးမှဦးဇင်းထံသို့ဖုန်းဆက်သွယ်ပြီး လှူဒါန်းပေးရန်ဦးဇင်းထံသို့မေးပို့ထားပြီဖြစ်ကြောင်း။ လှူဒါန်းပေးပါရန်ဆက်သွယ်လာပါသည်။ သို့သော် ယနေ့အချိန်အထိဆက်သွယ်မှုမပြုလုပ်သေးပါ။ ဖုန်းနံပါတ်မှာလည်း unkown ဖြစ်နေပါသဖြင့် မည်သည့်နိုင်ငံမှဆိုတာ မသိရပါ။ နေ့ဆွမ်းအလှူရှင်ကတော့ ဦးဇော်လင်း၊ ကိုအောင်ချို၊ စီဇာတို့မွေးနေ့အလှူပွဲဖြစ်ပါတယ်။ ယနေ့တွင် ဆပ်ပြာမှုန့်အလှူရှင်ကတော့ မခင်ငြိမ်းချမ်းဦး (မလေးရှား)မှဖြစ်ပါတယ်။ ခေါင်းရိတ်ဓါးအလှူရှင်ကတော့ ကိုကျော်ဦး+မသီတာ မိသားစု (ဒိန်းမတ်) မှဖြစ်ပါတယ်။ ဗလာစာအုပ်အလှူရှင်ကတော့ မိဘများကိုအမှုထား၍ ဒေါ်တင်တင်လှိုင်မိသားစုမှဖြစ်ပါတယ်။ အလှူရှင်ဒေါ်တင်တင်လှိုင်ကိုယ်တိုင် မြန်မာပြည်ရောက်နေချိန်မှာ ကိုယ်တိုင်လာရောက်လောင်းလှူပါတယ်။ ဒေါ်တင်တင်လှိုင်မှ ချောကလက်များလည်းလှူဒါန်းပါတယ်။ ဒေါ်တင်တင်လှိုင်မှ အောင်မြေဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် ရေသန့်ရေအေးစက်တစ်လုံးလည်း လှူဒါန်းခဲ့ပါတယ်။ လှူဒါန်းမှုအစုစုအတွက် စစ်ကိုင်းမြစကြာပရိယတ္တိစာသင်တိုက်ဆရာတော် မှ အနုမောဒနာတရားချီးမြင့်၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပါတယ်။ ဒေါ်တင်တင်လှိုင်နှင့်အတူ အလှူရှစ်တစ်ဦးဖြစ်သော ဒေါ်နန်းအေးမွန်မိသားစု (ရှမ်းပြည်မြောက်ပိုင်း)မှလည်း ဘောပင်များလှူဒါန်းခဲ့ပါတယ်။


WWKM(အမှတ်တရလေးများ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP