* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 17, 2010

စုပေါင်းကထိန်အလှူပွဲကျင်းပမည်

ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ကျောင်းအကျိုးဆောင်အဖွဲ့နှင့် ကျောင်းဒကာဒကာမများ အများပေါင်းစု၍ ကျင်းပပြုလုပ်မည့် စုပေါင်းကထိန်အလှူ ကုသိုလ်ပွဲတွင် ကိုရီးရောက် မြန်မာထေရ၀ါဒ ရဟန်းတော်များအား ကထိန်သင်္ကန်းနှင့် ဆွမ်းစသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြသော ဧည့်ပရိတ်သတ် အပေါင်းတို့အားလည်း စားသောက်ဖွယ်ရာ အဖြာဖြာတို့ဖြင့် ကျွေးမွေးဧည့်ခံကာ ဆရာတော်များ ဟောကြားချီးမြှင့် တရားဓမ္မကို အတူတကွ ကုသိုလ်ယူ နာကြားကြမည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ မြန်မာဒကာ၊ ဒကာမအပေါင်းတို့အား အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် လေးစားစွာဖြင့် အသိပေး ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၃၁-၁၀-၂၀၁၀ (တနင်္ဂနွေနေ့)
တရားနာချိန် = နေ့လယ် ၁ နာရီ
ဧည့်ခံကျွေးမွေးချိန် = မနက် ၉ နာရီမှ နေ့လယ် ၃ နာရီအထိ (အထူးစပါယ်ရှင် ဒံပေါက်ထမင်း)
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့

မှတ်ချက် ။ ။ ကထိန်သင်္ကန်း လှူဒါန်းလိုသူများသည် အလှူနေ့တွင် ဘုန်းတော်ကြီးကျောင်း အလှူခံဌာနတွင် သင်္ကန်းတစ်စုံလျှင် ၀မ် ၃၀၀၀၀ (သုံးသောင်း)ဖြင့် ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ်လှူဒါန်းနိုင်ပြီး ရဟန်းတော်များနှင့် အပ်စပ်သည့် အသုံးအဆောင် ပစ္စည်းများကို ပဒေသာပင်သီးကာ လှူဒါန်းလိုပါကလည်း ဘုန်းတော်ကြီးကျောင်းရှိ ဘုံပဒေသာပင်တွင် ကိုယ်တိုင်သီးပြီး လှူဒါန်းနိုင်ကြပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP