* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 17, 2010

*တောင်ခြစ် မြောက်ခြစ် မှတ်စုများ-၁ ဆရာတော် ဥူးသုမင်္ဂလ တရားတော်များမှ*


ဒုက္ခခြောက်ပါး တရားတော်

၁။ ဒုက္ခသိမှုသည် နံပါတ်တစ် (ဆင်းရဲတာ=ဒုက္ခ)

လောကကြီးပျက်နေပြီတဲ့.. ရမ်းမပြောနဲ့၊ ကိုယ့်ကိုယ်ကို ပြန်ကြည့်ဦး..
(စိတ္တေန နိယတေ လောကော)

သိတဲ့အတိုင်းလည်း ကျင့်ရမယ်၊ ကျင့်တဲ့အတိုင်းလည်း သိရမယ်။

သိကြံတတ်သော သဘောအစု ဖြစ်ပျက်မှု = ၀ိညာဏက္ခန္ဓာ
ဒွါရ = အာရုံဝင်ရာ တံခါးပေါက်

၂။ ဒုက္ခဖြစ်ကြောင်း သိမှု နှစ်နံပါတ်

ဒုက္ခ ဘယ်သူ့ကြောင့် ဖြစ်တာလဲ..? (သမုဒယကြောင့်..၊ တဏှာကြောင့်)

၃။ ဒုက္ခ၏ ထူးခြားပုံ (ဒုက္ခခြောက်ပါး)

နှေးနှေးဒုက္ခ၊ မြန်မြန်ဒုက္ခ
ကြီးကြီးဒုက္ခ၊ သေးသေးဒုက္ခ
ဆေးကုလို့ မရတဲ့ဒုက္ခ၊ ဆေးကုချိန် မရတဲ့ဒုက္ခ

နှေးနှေးဒုက္ခ = တရားထိုင်ရင်း နာလာတာ၊ ကျင်လာတာ။ နောက်တစ်မျိုး တဖြည်းဖြည်း အတိုးတက်လာတာ။
မြန်မြန်ဒုက္ခ = စက်ဘီးနဲ့ ကားနဲ့ တိုက်သလိုမျိုး
ကြီးကြီးဒုက္ခ = နာဂစ်မုန်တိုင်းကဲ့သို့
သေးသေးဒုက္ခ = နှာစေး ဖျားနာ
ဆေးကုလို့ မရတဲ့ဒုက္ခ = ရုပ်ကဲ့သို့သောအရာ.. အမြဲဖောက်ပြန်နေတာ
ဆေးကုချိန် မရတဲ့ဒုက္ခ = (မမှတ်လိုက်မိပါ)
(ဒီဒုက္ခတွေ သိအောင် လုပ်ရမှာ)

------------------------------------------------
ပျက်ဖို့အတူတူ မဖြစ်နဲ့တော့ဟ..။

ဂင်္ဂါသဲမျှ၊ ပွင့်မှုများသား၊
ဗုဒ္ဓဝေနေ၊ များသင်္ချေတို့၊
သင်္ချေတန်ခိုး၊ ဘုန်းတော်မိုးလျက်၊
စိုးမိုးအာဏာ၊ စီမံပါလည်း၊
ဘယ်ခါမနိုင်၊ ခွင့်မပိုင်ဘူး..။

ဖြစ်ပြီးတော့ပျက်၊ ကြည့်လိုက်တော့မရှိ၊ ဘာမရှိတာလဲ..? ကြည့်တဲ့ဟာ မရှိတာ..။

********************************************

သန့်စင်ရေး တရားတော်

ကဲ.. သရေကန်မလား.. တစ်ခါတည်း အနိုင်ကန်မလား..
(တရားနဲ့ယှဉ်ပြီး စဉ်းစားပါ..)

မရှိလို့ မမြင်တာလား.. မကြည့်လို့ မမြင်တာလား..

ခွေးနှစ်ကောင် ကိုက်လို့ရိုက်.. ခွေးသုံးကောင် ဖြစ်သွားမယ်..
------------------------------

၁။ အကြမ်းစား ကိလေသာကို သီလနဲ့ ပယ်
၂။ အလတ်စား ကိလေသာကို သမာဓိနဲ့ပယ်
၃။ အနုစား ကိလေသာကို ပညာနဲ့ပယ်..

သတိဆိုတာ မြန်မာလို အောက်မေ့တာ..၊ ဘယ်လို အောက်မေ့မလဲ..? တရားနဲ့လျော်စွာ အောက်မေ့တာ..။

ဖြောင့်တော့ဖြောင့်.. ကန့်လန့်ကြီးတော့ ခံမထားနဲ့..

****************************************************

ချမ်းသာရေး တရားတော်

သူများအားကိုး၊ ခါးချိုး နလံမထူ..။

ကိုယ်လုပ်ရင် လုပ်သလောက်ပဲ ရမယ်.. (တရားက)

ဣဿာ၊ မစ္ဆရိယကြောင့် ဆင်းရဲနေကြတာ..

မနာလိုကင်း၊ ၀န်တိုရှင်း၊ လက်ငင်းချမ်းသာမည်။ (မဟာစည် ဆရာတော်ဘုရား)

ဘယ်တရားကိုပဲ ဆင်ခြင် ဆင်ခြင်၊ ဘယ်အရာကိုပဲ သုံးသပ် သုံးသပ်၊ အကြောင်းရှာတဲ့နည်းနဲ့ သုံးသပ် ဆင်ခြင်ပါ။

***************************************************

စောင့်ရှောက်တတ်သူ တရားတော်

No sorry, no thank you

အသုံးချမှ အသုံးကျတယ်၊ အသုံးကျမှလည်း တန်ဖိုးရှိတယ်..

ကိုယ်ကိုယ်တိုင် စွမ်းအားမရှိဘဲနဲ့ သူများအကျိုး ဆောင်ချင်လို့ကတော့..

မကောင်းတာလုပ်ပြီး ကောင်းကျိုးပေးတယ်လို့ ဘယ်သောအခါမှ မရှိ..။

ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ မလုပ်နဲ့လေ..
မကောင်းကောင်းအောင် လုပ်ရမှာ..။

***********************************************

မှာတမ်းတော် တရား

အမောင့်မေ့ပြစ် အမောင်သာဆိုင်တယ်.. အမောင်ပဲ ခံရမယ်..။

သေဖို့အိပ်လိုက်.. သေဖို့ စားလိုက်နဲ့တော့ အချိန်မကုန်စေနဲ့..။

အပြင်ကရန်သူက ကာလို့ရတယ်.. ပူးသတ်နေတာက ကြောက်ဖို့ကောင်းတယ်..။

မကောင်းတဲ့ကြားက ရုန်းထွက်ရတာမှ တန်ဖိုးရှိတာ..။

ဝေဒနာနဲ့ ငါနဲ့ မရောစေနဲ့..။

--------------------------------------------

သံယောဇဉ် = တဏှာ၊ ဥပါဒါန်နဲ့ အ၀ိဇ္ဇာ (ကိလေသာ သုံးပါး) (အကျိုး)
သံယောဇနိယ = သားအာရုံ၊ သမီးအာရုံ (သံယောဇဉ် တွယ်စရာ) (အကြောင်း)
ပဋိစ္စသမုပ္ပါဒ်နဲ့ ပြောရင် ဝေဒနာနဲ့ တဏှာမှာ ဝေဒနာက သံယောဇနိယ

----------------------------------------------------

နွားနှစ်ကောင်ကို ကြိုးတစ်ချောင်းတည်းနဲ့ ချည်တော့ ဘယ်ကောင်ရုန်းရုန်း နာပြီလေ..
ကြိုးဆိုတာ = ဥပါဒါန်လေးပါး (သံယောဇဉ်ထဲမှာပါ)

သာသနာတော်ကြီးကို ကောင်းမှန်းသိလို့ အကျိုးဆောင်တာ.. တွယ်စရာ မလိုဘူး..။

---------------------------------------------------------

သံယောဇဉ်နေရာကို ဉာဏ်သွင်း..။

ဉာဏ်ဓါးနဲ့ ဖြတ်တယ်ဆိုပြီး ဓါးတုံးကြီးနဲ့လည်း လိုက်လှီးမနေနဲ့ဦးနော်..။

**********************************************************

လေးစားရိုသေစွာဖြင့်
ဖိုးသား

10/16/2010, SAT:, 1:26:19 AM သီတင်းကျွတ်လဆန်း ၈-ရက် (ဥပုသ်နေ့)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP