* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 17, 2010

သွေးစစ်ခြင်းဖြင့် ကင်ဆာရောဂါ ပျံ့နှံ့မှု ရှိ-မရှိ သိရှိစေမည်

မျိုးရိုးဗီဇကို အခြေခံသော သွေးစမ်းသပ်စစ်ဆေးမှု ပြုခြင်းက ဝေဒနာရှင်တွင် ကင်ဆာပျံ့နှံ့မှု ရှိ၊ မရှိ သို့မဟုတ် ပြန်လည်ဖြစ်ပေါ်မှု ရှိ၊ မရှိ သိနိုင်သည့် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်စေမည် ဖြစ်သည်ဟု အမေရိကန် သုတေသနပညာရှင်တို့က ပြောကြားခဲ့ကြောင်း သိရသည်။ သွေးစစ်ဆေးစမ်းသပ်မှုပြုခြင်းက အဖုအကျိတ်များကို စမ်းသပ်စစ်ဆေးမှု ပြုစေနိုင်မည် ဖြစ်ပြီး ဆရာဝန်တို့ကို ကင်ဆာရောဂါ ကုသရာတွင် အထောက်အကူပြုစေမည် ဖြစ်သကဲ့သို့ အချို့သော ကင်ဆာဝေဒနာရှင်တို့ကို ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် ဓာတုဗေဒ ဆေးဝါးများဖြင့် ကုသခြင်းတို့မှ ကင်းလွတ်စေလျက် ပိုမို ထက်မြက်သော ကုထုံးဖြင့် ကုသမှု ပေးနိုင်လိမ့်မည် ဖြစ်သည်ဟု ဆိုသည်။

မျိုးရိုးဗီဇကို အခြေခံသော သွေးစစ်ဆေးစမ်းသပ်မှုက နည်းပညာဆိုင်ရာ အလျင်အမြန် တိုးတတ်ခြင်းတည်းဟူသော အကျိုးကျေးဇူးကို ရရှိမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းက အလွန်ကုန်ကျစရိတ်များ၍ အချိန်ယူ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်တစ်ရပ်လည်း ဖြစ်သည်ဟု ဆိုသည်။

ဘဲလ်တီမိုးရှိ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ဒေါက်တာဘတ်ဗိုဂဲလ်စတိန်းကမူ ယင်းသည် လူနာတစ်ဦးစီအတွက် ဖန်တီးမှုပြုလုပ်ထားသည့် ကုသမှုတစ်မျိုးလည်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ သုတေသန ပညာရှင်တို့က သာမန်တစ်ရှူးနှင့် ကင်ဆာ ဖြစ်နေသော တစ်ရှူးခြောက်စုံကိုယူ၍ တစ်ခုစီ၏ မျိုးရိုးဗီဇဆိုင်ရာ သင်္ကေတတို့ကို အသေးစိတ် စစ်ဆေးစမ်းသပ်မှု ပြုလျက်ရှိကြောင်း သိရသည်။

Ref: The Flower News


အင်တာနက်မှ ကူးယူဖော်ပြသည်

မေတ္တာဖြင့် မော်လူး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP