* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 17, 2010

သုံး၍မကုန်သော ရတနာတုံး ရတနာခဲများ(၂)

ရဟန်းသညာ မပျောက်စေနဲ့

စစ်ကိုင်းရောက်တော့ စစ်ကိုင်းက ဆရာသမားများကို ကန်တော့ရပြန်သည်။ ပထမဦးစွာ ဇေယျာဝံသ ကျောင်းဆရာတော်ကို ကန်တော့သည်။ ဆရာတော်သည် စာရေးသူနှင့် ညီအစ်ကို တော်စပ်ပြီး စာရေးသူအား ငယ်စဉ်ဘ၀မှစ၍ အစစအရာရာ ပြုပြင်ထိန်းကျောင်းပေးတော်မူခဲ့သည်။ ဆရာတော်က သြ၀ါဒပေး တော်မူသည်မှာ-


'' တို့များ ဆရာတော်ဘုရားကြီးက ပြည်ပပညာတော်သင် သွားတာကို သိပ်ပြီးတော့ သဘော တွေ့တာမဟုတ်ဘူး။ ဖွဲဝင်ဆန်ထွက်ဖြစ်မှာစိုးရိမ် လို့တဲ့။ မင်းက ခေတ်အလိုက် ဟိုကို သွားရမှာ ဆိုတော့ ဟိုမှာ နေတဲ့အခါ ရဟန်းသညာ မပျောက်ဘို့ လိုတယ်။ ငါ ရဟန်းပါလားဆိုတဲ့ အသိစိတ် ရှိနေဘို့လိုတယ်။ ငါကတော့ ပိုက်ဆံမရှိလို့ ဘာမှ မပေးလိုက်နိုင်ဘူး။ ဒါပေမင့် မင်းပြန်လာရင် အမေရိက သွားနိုင်အောင် အမေရိက က ငါ့ဒကာ ဒကာမတွေနဲ့ ဆက်သွယ် ပေးမယ်။ ဒါတော့ ငါလုပ်ပေးနိုင်ပါလိမ့်မယ် ''


စာရေးသူ မျက်ရည်ဝဲရပြန်ပြီ။ ဆရာသမားတို့၏ စေတနာ မေတ္တာသည် နှိုင်းဆ၍ မရနိုင်အောင် ကြီးမားလှပါတကား။ တို့များ ဆရာတော်ကြီးဆိုသည်မှာ စာရေးသူ၏ အဘိုး တော်စပ်သူ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု စစ်ကိုင်း ပထမဂန္ဓာရုံဆရာတော်ကြီးကို ဆိုခြင်းဖြစ်သည်။ ဆရာတော်ကြီးသည် ၀ိနည်းတရား အလွန်လေးစားတော်မူပြီး ရှားမှရှားသော ရဟန်းကောင်း တစ်ပါးအဖြစ်ဖြင့် ဘ၀တစ်ခုကို ကျော်ဖြတ်သွားတော်မူခဲ့သည်။ မှတ်မိပါသေးသည်။ ငယ်စဉ်က ဆရာတော်ဘုရားကြီး ထံစာတက်စဉ်-


'' ငါက မင်းတို့ကို ငါ့ထက် တော်တတ်သူတွေဖြစ်စေချင်တာ။ နိုင်ငံတကာကို လှည့်လည်ပြီး သာသနာပြုနိုင်တဲ့ အခြေအနေအထိ ဖြစ်စေချင်တာ ''


-ဟု မကြာခဏ မိန့်ကြားတော်မူလေ့ရှိသည်ကို သတိရနေမိပါသေးသည်။ ယခု ပညာတော် သင် ခရီးသည် ဆရာတော်ဘုရားကြီးဖြစ်စေချင်သော ပြည်ပ သာသနာပြု လုပ်ငန်း၏ အစခရီးဖြစ်သည်ဟု ဆိုက မှားမည်မဟုတ်ပါ။ တပည့်၏ ပညာတော်သင်ခရီး ပြီးစီး အောင်မြင်အောင် မစချီးမြှောက်တော်မူပါ ဘုရား။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP