* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 17, 2010

သိမ်ထပ်မင်္ဂလာ ဖိတ်ကြားလွာ

မိဘများကိုအမှူးထားပြီး။ဘုရားတပည့်တော်တပည့်တော်မတို့သည် သံသရာဝဋ် ဆင်းရဲမှလွတ် မြောက် လျှက်, မအိုမသေ အမြဲနေရာ ဖြစ်သော မြတ်နိဗ္ဗာန်ကို ရည်သန်တောင်းတလျှက်, ကုသိုလ်ပါရမီ အထောက် အပံ့ဖြစ်ပါစေရန် လည်းကောင်း၊ စင်္ကာပူနိုင်ငံ၌မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿယ အတိုင်းဝိဿနာ တရားတော် စည်ပင်ပြန့်ပွားရေးအတွက် တက်ကြွစွာသာသနာပြုလျှက်ရှိသော ဇယမင်္ဂ လာဗုဒ္ဓ၀ိဟာရ(စင်္ကာပူ)၊ ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ(မလေးရှား)၊ ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ (မြန်မာပြည်)တို့၏ နာယကချုပ်ဆရာတော်ဒေါက်တာအရှင်ဝိစိတ္တ(ဓမ္မာစရိယ၊B.A,M.A,M.A,Ph.D)စာပေပါရဂူ အားသာသနာ
တော် အကျိုး ဆထက်တ ပိုးသယ်ပိုးနိုင်ရန်လည်းကောင်း၊ ရည်သန်လျှက်တပည့်တော်တို့သည် စင်္ကာပူနိုင်ငံ၌သိက္ခာထပ်မင်္ဂလာပွဲကို ဆင်ယင်ကျင်းပကာ သံဃာတော်အရှင် သူမြတ်တို့အား လှူဒါန်းဖွယ်ရာ အဖြာဖြာတို့ဖြင့် လှူဒါန်းပူဇော်မည်ဖြစ်ပါသဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ ဗုဒ္ဓဘာသာဆွေတော် မျိုးတော်အပေါင်းတို့အား ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = = ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တန်းဆောင်မုန်းလဆန်း(၁၄)ရက်၊

(14 .10.2010, Sunday)။

အချိန် = = နံနက် (၁၀)နာရီ။

နေရာ = = Jayamangala Buddhist Vihara,

23A Jalan Mas Puteh, Along West Coast Road,

Singapore 128628




အလှူ့ဒါယိကာမများ

မခင်ဥမ္မာထွန်း၊မရတနာကျော်ဆန်းနှင့် ဓမ္မမိတ်ဆွေများ၊

စင်္ကာပူနိုင်ငံ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP