* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 3, 2010

၈၀,၀၀၀ ခန့်ထိ လက်ခံမည်ဟု လီရှန်လွန်းက ပြောကြား

စင်ကာပူ စီးပွားရေး အလျင်အမြန် ပြန်လည်ဦးမော့လာသောကြောင့် အိမ်ခြံမြေဈေးကွက် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ယခုအခါ ဈေးကွက်ကို ထိန်းချုပ်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် အလုပ်လုပ်ကိုင်သော လူဦးရေ၏ သုံးပုံနှစ်ပုံနီးပါးထိ ရှိလာသော နိုင်ငံခြားသား အလုပ်သမားများကိုလည်း ကန့်သတ်သွားမည် ဖြစ်ကြောင်း ၀န်ကြီးချုပ် လီရှန်လွန်းက သြဂုတ်လ ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံခြားသား အလုပ်သမား ၁၀၀,၀၀၀ လက်ခံမည်ဟု အစောပိုင်းက ခန့်မှန်းထားမှုကို ၈၀,၀၀၀ ခန့်ထိသာ လက်ခံမည်ဟု လီရှန်လွန်းက ပြောကြားခဲ့သည်။ ''ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ကျွန်တော်တို့ အလျင်အမြန်ပဲ ရှေ့ကို ရွေ့လျားနိုင်ပါတယ်။ ဒါပေမယ့် ဒီအရှိန်ကို လျော့ချပြီး ကျစ်လျစ်ခိုင်မာအောင် လုပ်ရမယ့် အချိန်လို့ ထင်ပါတယ်။ တစ်နှစ်လူဦးရေ ၁၀၀,၀၀၀၊ ၁၅၀,၀၀၀ လောက် တိုးနေတဲ့နှုန်းနဲ့ ဆက်သွားလို့ မရနိုင်ပါဘူး''ဟု လီရှန်လွန်းက ပြောကြားခဲ့သည်။

ဈေးနှုန်းများ မြင့်တက်လာပြီး လုပ်အားခ ဖိအား မြင့်တက်လာသော စင်ကာပူတွင် နိုင်ငံခြားသား အလုပ်သမားများ အရေးသည် မကျေနပ်မှုများအား ပိုမိုမြင့်တက်လာစေနေသည်။ နိုင်ငံခြားသား အလုပ်သမားများကို အခြေအနေအရ ထပ်မံ လက်ခံသွားမည် ဖြစ်သော်လည်း အရေအတွက်ကို ကန့်သတ်သွားမည် ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။ နိုင်ငံခြားသား ကာယအလုပ်သမားများကို ခန့်အပ်ပါက အလုပ်ရှင်များသည် အစိုးရကို လစဉ် အခွန် စင်ကာပူဒေါ်လာ ၃၀၀ (အမေရိကန် ဒေါ်လာ၂၂၂) ခန့်ထိ ပေးရမည်ဟုလည်း လီရှန်လွန်းက ပြောကြားခဲ့သည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP